နည်းပညာ

ကွန်ပျူတာ နည်းပညာများ, နည်းပညာ software နှင့် နည်းပညာ blog

လက်ရွေးစင် သင်ခန်းစာများ ကြည့်ရန်။

နည်းပညာ website များ | The best of Myanmar IT website

နည်းပညာ website များ များစွာရှိတဲ့အထဲကမှ အမှန်တကယ် အသုံးဝင်တဲ့ Myanmar Website တစ်ချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

1. Mystery Zillion

Mystery (မသိခြင်းများ) Zillion (မြောက်များစွာ) ဆိုတဲ့အတိုင်း မသိတာမှန်သမျှ အကုန်မေးလို့ရတယ်၊ အဲဒီဆိုက်မှာလဲ သူများတွေ မေးထားကြတာ တစ်ကယ့် Zillion ပါပဲ၊ တစ်ခုတော့ရှိတယ် သူများဖိုရမ်ဝင်တော့မယ်ဆို သူ့စည်းကမ်းတော့ အရင်ဖတ်။ သူလည်း update တော့ သိပ်မဖြစ်ပေမယ့် သူများမေးထားတာတွေနဲ့တင် ခင်ဗျားလေ့လာလို့ မကုန်ဘူး။

2. Myanmar IT နည်းပညာ

ဒီဆိုက်ကတော့ အခု ခင်ဗျားဝင်ဖတ်နေတဲ့ website ပါပဲ၊ အချိန်ရရင် ရသလို သင်ခန်းစာတွေကို တင်ပေးထားတာ၊ အခုဆိုရင် Web Design Tutorials တွေရော၊ Web Development Tutorials ရော SEO Tutorials တွေရော များစွာ ရှိနေပါပြီ၊ နောက်ပိုင်းမှာ အချိန်တွေရဦးမယ်ဆိုရင် Graphics Design Tutorials တွေကော တင်ပေးသွားဖို့ ရှိပါတယ်။

3. Myanmar Web Development (website မရှိတော့ပါ)

Myanmar Web Development ဆိုတဲ့အတိုင်း web development တွေကို အမြဲတမ်း ရေးသားပေးနေတဲ့ website တစ်ခုဖြစ်ပါတယ်၊ အခုပေးလိုက်တဲ့ဆိုက်တွေထဲမှာ update အဖြစ်ဆုံး website တစ်ခုပါ။

4. Myanmar Tutorials

Tutorials ဆိုတာကတော့ အကြောင်းအရာတစ်ခုကို ကိုယ်တိုင် ပြန်လေ့လာနိုင်ဖို့အတွက် ရှင်းပြခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဒီဆိုက်မှာတော့ ခင်ဗျားကို ကိုယ်တိုင် ပြန်လုပ်ရမယ့် လက်ချာတွေကို အဆင့်တွေ အဆင့်တွေနဲ့ ရှင်းပြထားပါတယ်။ လုပ်ရင် လုပ်သလောက် ခင်ဗျားအတွက် အကျိုးရှိပါတယ်။ တစ်ချိန်ကတော့ ဒီဆိုက်က အုန်းအုန်းကြွက်ကြွက် ရှိတဲ့ ဆိုက်ပါ။ ခုနောက်ပိုင်းတော့ ဆိုက်ပိုင်ရှင်က သိပ်မအားတော့လို့ထင်တယ်၊ သိပ်ပြီးတော့ ထပ်မတင်ဖြစ်သေးပါဘူး။ ဒါပေမယ့် ခင်ဗျားလေ့လာမယ်ဆိုရင်တောင် အရင်က တင်ထားတဲ့ tutorial အဟောင်းတွေကိုတောင် မနည်းကုန်အောင်လေ့လာရမှာမို့လို့ ခင်ဗျားအတွက် အကျိုးရှိပါတယ်။

5. Myanmar IT Pro (website မရှိတော့ပါ)

ဒီဆိုက်နာမည်ကတော့ Myanmar IT Professional ပါ၊ မြန်မာနိုင်ငံမှာရှိတဲ့ IT လောကသားတွေ စုပေါင်းအသုံးကြတဲ့ social network ပေါ့၊ ဒါကြောင့် ဒီ ဝဘ်ဆိုက်မှာ member ဝင်ထားခြင်းအားဖြင့် တစ်ကယ့်လုပ်ငန်းခွင်ဝင်နေကြတဲ့ အိုင်တီသမားတွေ ဘာအခက်အခဲတွေ တွေ့နေကြလဲ၊ ဘယ်လိုတွေ ဖြေရှင်းကြလဲ၊ လဲ လဲ လဲ .. (အဲ ဆောရီး..) အဲဒါတွေ သိနိုင်တဲ့အပြင်၊ မြန်မာက အိုင်တီသမား အားလုံးကို ချည်တုပ်ပြီး တစ်နေရာတည်း စုထားတဲ့အတွက် ခင်ဗျားအတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။ အဲ … တစ်ခုတော့ ရှိတယ် အဲ့ဆိုက်မှာ မန်ဘာမဝင်ခင် ဆိုက်ရဲ့ စည်းကမ်းလေးတွေကိုတော့ သေချာဖတ်ပေါ့၊ မဟုတ်ရင် လူကြီးတွေဆိုတော့ ခင်ဗျားကို ဝိုင်းဆူကြလိမ့်မယ် .. 🙂

အခုတော့ ဒီလောက်ပါပဲ၊ နောက်မှ တွေ့တာလေးတွေရှိရင် ဒီ post မှာပဲ လာဖြည့်ပေးပါမယ်။ အသုံးဝင်တဲ့ website တွေတွေ့ရင်လည်း comment ရေးခဲ့ပါ၊ တစ်ကယ်အသုံးဝင်တဲ့ website ဆိုရင် comment ကို ဖော်ပြပေးပါမယ်၊ ပြီးတော့ website ကိုလည်း အပေါ်က list ထဲ ထည့်ပေးပါမယ်။

29 thoughts on “နည်းပညာ website များ | The best of Myanmar IT website

  1. ကျေးဇူးတင်ပါတယ် ကို lukaar.. အခုလို knowledge sharing လုပ်ပေးတဲ့အတွက်…ကျွန်တော်တို့လို လေ့လာစ သမားတွေအတွက် အများကြီး အကျိုးရှိပါတယ်ဗျာ…

  2. အစ်ကိုရေ ကျွန်တော်က အခုမှစလေ့လာမှာ။ ကူညီပါဦးနော်။ အစ်ကိုပြောနေသလိုမျိုးတွေလောက်တောင်ကျွန်တော်က မလုပ်နေမိတာ အစ်ကိုရေ။ ကျွန်တော်တို့နယ်မှာက အင်တာနက်ဆိုင်ဆိုတာတောင်လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှပေါ်တာ လိုင်းကလဲမကောင်း တစ်နာရီကို ၈၀၀ လောက်ပေးရတော့ ဘယ်လိုသုံးနိုင်မလဲအစ်ကိုရယ်။ စာကလိုရင်းကိုမရောက်တော့ဘူး ။ဒီလိုအစ်ကိုရေ ။ ကျွန်တော် အစ်ကိုရေးထားတာကိုဖတ်ပြီးတော့ လေ့လာမယ်ဆိုပြီးအဲ့ဒီဆိုဒ်တွေဆီသွားတယ်အစ်ကိုရေ ပြီးတော့ ကျွန်တော်က ကကြီးရေက ကရမှာလေ။နောက်ဆုံးတင်ထားတဲ့ဟာတွေကကျွန်တော့်အတွက်အဆင့်မြင့်လွန်းနေတယ်လေ အဲ့ဒါကြောင့်ရှေ့ဆုံးကပို့စ်တွေကစပြီးလေ့လာမယ်ဆိုတော့မှ ပြသနာကစတာအစ်ကိုရေ စာတွေက ဖတ်လို့မရဘူးဖြစ်နေတယ် ကျွန်တော်တောင်းချင်တဲ့အကူအညီက စာတွေကိုဖတ်လို့ရအောင်ဘယ်လိုလုပ်ရမလဲလို့ပါ စာရှည်သွားလို့ အချိန်ဖြုန်းသလိုဖြစ်သွားရင်တောင်းပန်ပါတယ် ကူညီပေးပါဥိး

    1. စာတွေ ဖတ်လို့မရဘူးဆိုတာ ဘယ်စာတွေကိုပြောတာလဲဗျ၊ စာတွေမမှန်တာဆိုရင်တော့ အရင်တုန်းက http://www.mmwebsharing.blogspot.com မှာ ဝင်ဖတ်လိုက်ပါ၊ blogger ကနေ wordpress ကို data တွေ transfer လုပ်တော့ တစ်ချို့စာတွေက ပျက်သွားတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း အကုန်လိုက်မစစ်မိလိုက်ပါဘူး။

  3. အကို အဲ (သို့မဟုတ်) Admin ပေါ့နော်။ ကျွန်တော်မသိတာလေးမေးချင်လို့ပါ။ အကို Site ကနေပြီးတော့ တွေ့လို့ best website တွေကို သွားကြည့်ပါတယ်။ myanmar tutorials ကနေ ကျွန်တော်လိုချင်တဲ့ အကြောင်းအရာတွေသိရတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၅ ရက်လောက်ကနေပြီးတော့ error တက်လာတယ်။ error 524 ဆိုပြီးတော့ပါ။ ပြီးတော့ ပုံမှာလည်း Host error ဆိုပြီးတော့ ပြောပါတယ်။ အဲဒါဘာဖြစ်လိုပါလဲ။ ဆက်သွယ်ရေးကလဲ ဆက်ကြောင်းပြတ်တယ်လို့ပြောတယ်။ အဲဒါကြောင့်ပါလား။ အဲဒီ site မရရင် တခြားနားလည်လွယ်အောင် WEB DEVELOPMENT အကြောင်းလေ့လာလို့ရမယ့် site တွေအကြောင်းပြောပြပေးပါဦး။ ကျွန်တော်မှ ရနိုင်တာဆိုလို့ ရုံးတက်ချိန် ကွန်အလကားသုံးရတာလေးပဲရှိတာပါ။ ခိုးပြီးတော့ပေါ့။

  4. အကိုရေ အကြံပြုချက်တွေ မှန်မယ်လို့တော့ ကျွန်တော်ယူဆတယ်၊ ကျွန်တော်လည်း လိုက်နာပါ့မယ်။ ကျွန်တော်ကတော့ အခု ဒေါင်းသမာသက်သက်လိုဖြစ်နေတယ်၊ ကျွန်တော့်ပြသနာက ၀င်းဒိုးဆဲဗင်း Active မဖြစ်တဲ့ပြသနာကနေ စပြီး ကျွန်တော့်အတွက်အသုံးဝင်မဲ့ Software တွေစဒေါင်းတော့တာပဲ၊ ကျွန်တော် ဖြစ်ချင်တာတော့ A+ သမားတစ်ယောက်ဖြစ်ချင်ပါတယ်၊ ဘယ်ကနေစလုပ်ရမလဲ မသိပါ အကိုဆရာလို လေးစားပါတယ်။ လမ်းညွှန်ပေးပါ။

  5.ေ​က်း​ဇူးြ​ပု​၍​ကူညီြ​က​ပါ​ဦး NetBean 8.0 ရဲ့font foloder ထဲ​မှာzawgyifont ထ​ည့်​ထား​တ​ယ် body မှာ​လဲ font-face လုပ်ထား​တ​ယ် ဒါေ​ပ​မဲ့ online မှာsite ကို​တင်လိုက်တာ broswer မှာ​လဲzawgyifontြ​ဖု​တ်ြ​ပီး run တာ​စာေ​တွ​အတု​န်း​တု​န်းေ​တွြ​ဖ​စ်ေ​န​တ​ယ် ကူညီ​ပါ​ဦး pls

    1. ဘယ် site လဲဗျ၊ သေချာကြည့်ပြီးမှ ပြောလို့ရပါမယ်။ ထည့်တာမမှန်လို့ မပေါ်တာဖြစ်မှာပါ။ ဒီ blog လည်း font embed လုပ်ထားတာပါ။

  6. Networking
    နဲ့ပတ်သက်တဲ့
    web site တွေသိချင်ပါတယ်

  7. ကျွန်တော့ကွန်ပြူတာဝင်းဒိုး တင်မရဖြစ်နေ တယ် ဒရိုင်ဗာတောင်း နေတယ်
    toshiba i7
    PORTEGE R930
    PART NO. PT331L-07703L
    SERIAL NO. ZC122088H
    အရင်ဝင်းဒိုးလည်ဖျက်လိုက်ပြီ
    နောက်ဝင်းဒိုးလည်တင်မရနဲ့တိုင်ပတ်နေပြီ
    ကူညီပါအုံး

  8. ကျေးဇူးပါအစ်ကို
    အခုလို website ကနေကူညီပေးလို့

  9. အကိုရေ ကျေ်ကွန်ပျူတာမှာ ADB ဆော့ခ်ဝဲဖျက်ပီပြန် ပီတင်တော့ဝင်ဒိုးCပိုင်မှာADBပြန်မပေါ်လို့ဗျ ကူညီပါအုံးဗျးးးးးးး

  10. hello, bro ! my laptop doesn’t work wifi wareless but i can see wifi has already appeared in toolbar and my laptop has worked before i joined with Internet Cable during using with the cable, i tried to connect with wifi but it showed {NO PREFERRED WIFI} and i tried many and i have also set up a windows again but it also doesn’t appear until now.
    Please, Help to solve the matter to me…..

  11. ကျွန်တော် ကွန်ပျူတာက Activate တောင်းနေတယ်ဗျ
    Windows 7 Profressional 32 bit SP1 တင်ထားတာ ခင်ဗျ
    Product Key ရှိရင်ပေးပါဦး ခင်ဗျ

    1. ကျနော်တို့ website က crack တွေ serials တွေ share တဲ့ဆိုက်မဟုတ်ပါဘူး။ ကျေးဇူးတင်ပါတယ်။

  12. ကျတော်က Dell 14R, Inspiron 5421 windows 8 သုံးပြီး တနာရီလောက်ကြာတိုင်း Waringin မရှိပဲ ပိတ်ချလိုက်တယ်။ အကြံပြုပါဦ။
    Thank you

    1. အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေအများဆုံးကတော့ CPU heat တက်တာဖြစ်ဖို့များပါတယ်။ တိကျတဲ့အဖြေရဖို့ဆိုရင်တော့ သေချာစစ်ဆေးကြည့်မှရပါမယ်။

  13. kenbo hero k3 အတွက်
    ဘယ်​ root tools နဲ့ ​ဖောက်​လို့ ရမလဲခင်​ဗျာ…coc mm font အတွက်​ root ​တောင်း​နေလို့ပါ ..အဆင်​​ပြေမယ်​ဆိုရင်​ ကူညီ​ပေးပါလား ခင်​ဗျ

  14. မင်္ဂလာပါခင်ဗျာ ကျွန်တော့ Facebook account က ဖွင့်လိုက်တိုင်း Logout လို့ပဲပေါ်ပေါ်လာတယ် အဲဒါဘယ်လိုဆက်လုပ်ရမလဲခင်ဗျာ။ (4)ရက်လောက်တော့ရှိပြီခင်ဗျ။

  15. အစ်ကိုတို.ရေ Computer Software Download ဆွဲ ချင်တာ ဘယ် ထဲဝင်ဆွဲရမလဲဗျ ပြောပြပေးပါလားဗျ

  16. windowအခွေထည်းပြီးလည်းတင်တယ် usb နည်းလည်းတင်ကြည့်တယ် starting window အထိပဲတက်တယ်ပိုမတက်တော့ဘူးအဲ့တာဘာerros လည်းအကို

  17. ဖုန်းနဲ့websiteရှာတဲ့အခါ
    update မတက်ဘူးဖြစ်နေတယ်။၂၀၁၄။၂၀၁၃တို့ကစာတွေဘဲပေါ်လာတယ်။ဘာကြောင့်ပါလဲခင်ဗျ

  18. ကျွန်တော်စက်မှာ DVD drive ပျောက်ပျောက်နေတယ် Show BiZ တင်ပြီးတာနဲ့ DvD drve ပျောက်တော့တာပဲ အဲဒါလေး မသိသေးလို့ အဆင်ပြေရင် ပြန်မျှပါလို့ ကျေးဇူးအထူး တင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *