နည်းပညာ

ကွန်ပျူတာ နည်းပညာများ, နည်းပညာ software နှင့် နည်းပညာ blog

လက်ရွေးစင် သင်ခန်းစာများ ကြည့်ရန်။

လစဉ် စုစည်းမှု: April 2013

လုပ်မယ်ဆိုရင် အခုလုပ်

ဒီ post လေးက ၂၀၁၀ ခုနှစ်၊ ကျွန်တော် ဘာမှ အဖြစ်ရှိရှိ မတတ်သေးခင်တုန်းက Myanmar IT Pro မှာ ရေးခဲ့တဲ့ post လေးပါ။ အခုအချိန်ထိလဲ ဒီ post ထဲကလိုမျိုးလူတွေ ရှိဦးမယ်လို့ ထင်ပါတယ်။ Myanmar IT Pro မှာ တင်ခဲ့တုန်းကလည်း comment ဝေဝေဆာဆာနဲ့ လူကြိုက်များခဲ့ပါတယ်။ ဒါကြောင့် အားလုံးဖတ်ရအောင် ကျွန်တော့် blog မှာ ပြန်တင်ပေးလိုက်ပါတယ်။ အရင်တုန်းက အရေးအသား အပြောအဆိုနဲ့ အခု အရေးအသား အပြောအဆိုကတော့ နည်းနည်းကွာပါတယ်။ ဒါပေမယ့် အရင်ကအတိုင်း ဖတ်စေချင်လို့ ဘာမှမပြင်ပဲ ပြန်တင်ပေးလိုက်ပါတယ်။ အတွေ့အကြုံနုသေးတဲ့ အချိန်က ရေးထားတဲ့စာဖြစ်နေတော့ နည်းနည်း ပြောင်ချော်ချော်ဖြစ်နေရင် သည်းခံပြီး ဖတ်ကြပါ။

**********************************************************************

အပြည့်အစုံ ဖတ်ရန် »

jQuery form သင်ခန်းစာ – jQuery form validation tutorial

မင်္ဂလာပါ …
အရင်ဆုံး အရင်သင်ခန်းစာ နှစ်ခုအပါအဝင် ဒီနေ့ သင်ခန်းစာ ပြီးရင် ရရှိမယ့်ပုံကို ပြပေးချင်ပါတယ်။ Demo မှာဝင်ကြည့်လိုက်ပါ။ ကွက်လပ်တွေမှာ ဘာမှမဖြည့်ပဲ ကလစ်နှိပ်ကြည့်ပါ။ Form ထဲမှာ မဖြည့်ထားကြောင်း သတိပေးစာ ပေါ်လာပါမယ်။ ဒီနေ့ သင်ခန်းစာပြီးရင် အဲဒါတွေ လုပ်တတ်မှာဖြစ်ပါတယ်။ အရင်သင်ခန်းစာ နှစ်ခုကို ဖတ်ချင်တယ်ဆိုရင်တော့

1. Login form tutorial (HTML,CSS, jQuery) part I

2. Login form tutorial (HTML,CSS, jQuery) part II

ဒီနေ့ သင်ခန်းစာကတော့ ကျွန်တော်တို့ login form (html, css, jQuery) သင်ခန်းစာ series တစ်ခုရဲ့ နောက်ဆုံးအပိုင်းဖြစ်ပါတယ်။ နောက်ဆုံးအပိုင်းဖြစ်သလို အခက်ဆုံးလည်း ဖြစ်ပါတယ်။ သင်ခန်းစာ သုံးခုလုံးကို လိုက်လုပ်ကြည့်ရင်တော့ လွယ်မှာပါ။ ဒီနေ့ကတော့ JavaScript or jQuery အပိုင်းဖြစ်ပါတယ်။ ဒီနေ့မှာ html အပိုင်းမှာ ပြင်စရာရှိပါတယ်။ အရင်က ကျွန်တော်တို့ ရေးထားဖူးတဲ့ html ဖိုင်ကို ဖွင့်လိုက်ပါ။

အပြည့်အစုံ ဖတ်ရန် »

Login form tutorial (HTML,CSS, jQuery) part II

မင်္ဂလာပါ …

ဒီသင်ခန်းစာ မဖတ်ခင် ကျွန်တော် အရင်တစ်ခေါက်က ရေးခဲ့တဲ့ Login form tutorial (HTML, CSS, jQuery) Part I ကို ဖတ်ဖူးရပါမယ်။ ဒီသင်ခန်းစာကတော့ အဲဒီ သင်ခန်းစာရဲ့ အဆက် အပိုင်း ၂ ပါ။ CSS ရေးနည်း သင်ပေးမယ့် သင်ခန်းစာဆိုလည်း မမှားဘူးပေါ့။

CSS ဆိုတာ Cascading Style Sheet ရဲ့ အတိုကောက် ဖြစ်ပါတယ်။ CSS ရေးနည်း သုံးနည်းရှိပါတယ်။

– tag တွေထဲမှာ attribute အနေနဲ့ ဝင်ရေးတဲ့ inline CSS ရေးနည်း။ (ဥပမာ။ ။ <html style=””>)
ဒီ ဥပမာမှာ <html> ဆိုတာက tag ဖြစ်ပါတယ်။ အရင်သင်ခန်းစာမှာလည်း ဖော်ပြခဲ့ပါတယ်။ style=”” ဆိုတာကတော့ attribute လို့ ခေါ်ပါတယ်။

– <head> tag ထဲမှာ ဝင်ရေးတဲ့ embeded CSS ရေးနည်း။ (ဥပမာ။ ။<head>…………</head>)
ဒီ ဥပမာမှာ …………….. တွေနေရာမှာ CSS code တွေ ရေးရမှာဖြစ်ပါတယ်။

အပြည့်အစုံ ဖတ်ရန် »

Login form tutorial (HTML,CSS, jQuery) part I

မင်္ဂလာပါ..

ဒီတစ်ခေါက်တော့ form သင်ခန်းစာလေးတွေ series အလိုက် သင်ပေးသွားမယ်လို့ စိတ်ကူးထားပါတယ်။ ဒီသင်ခန်းစာက web design နဲ့ ဆိုင်တဲ့ သင်ခန်းစာဖြစ်ပါတယ်။ တစ်ကယ်လို့ ခင်ဗျားဟာ web design ကို စိတ်မဝင်စားဘူး။ Website တစ်ခု ဘယ်လိုလုပ်လဲ မသိချင်ဘူးဆိုရင်တော့ ဒီသင်ခန်းစာက ခင်ဗျားနဲ့ မဆိုင်ပါဘူး။ ကျော်သွားပါ။ အဲလိုမှမဟုတ်ဘူး website တွေ ဘယ်လိုရေးရလဲဆိုတာ စိတ်ဝင်စားတယ်၊ web design ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီသင်ခန်းစာက professional web designer တစ်ယောက်ဖြစ်ဖို့အတွက် လုံးဝ အစပါပဲ။ အခုထိ ဖတ်မိနေပြီဆိုတော့ ခင်ဗျားစိတ်ဝင်စားတယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် သင်ခန်းစာ ဆက်လေ့လာကြတာပေါ့။

သာမာန် web designer တစ်ယောက်ဖြစ်ဖို့ html နဲ့ css ကို သိရပါတယ်။ အခု ဒီသင်ခန်းစာမှာ form နဲ့ ပတ်သတ်တဲ့ html ကို သင်ပေးမှာဖြစ်ပါတယ်။ နောက်တစ်ခေါက်မှာတော့ css ကို သင်ပေးပါမယ်။ html မသင်ခင် tag ဆိုတာကို သိရပါမယ်။ tag ဆိုတာက ထောင့်ကွင်းအဖွင့် “<” နဲ့ ထောင့်ကွင်းအပိတ် “>” ထဲ ထည့်ရေးထားတာမှန်သမျှကို tag လို့ ခေါ်ပါတယ်။ tag တွေတိုင်းမှာ အဖွင့်နဲ့ အပိတ်ရှိပါတယ်။ အပိတ် tag မှာ slash လို့ခေါ်တဲ့ မျဉ်းစောင်း “/” လေးပါ ပါတယ်။ ဥပမာ <html> ဆိုတာက အဖွင့် tag ဖြစ်ပြီးတော့ </html> က အပိတ် tag ဖြစ်ပါတယ်။ ကဲဒါဆို notepad++ ကိုဖွင့်လိုက်ပါ။ html စရေးဖို့ အရင်ဆုံး ရေးရမယ့် tag တွေက

အပြည့်အစုံ ဖတ်ရန် »

jQuery slideshow ပြုလုပ်နည်း – How to make a simple slideshow with jQuery

မင်္ဂလာပါ …

ဒီတစ်ခေါက်တော့ seo service website (www.seo.sg) မှာ လုပ်ထားတဲ့ slide show လိုမျိုး ပုံတွေ တစ်ပုံပြီးတစ်ပုံ မှိန်ပြီး ပျောက်ပျောက်သွားအောင် လုပ်တဲ့ သင်ခန်းစာကို သင်ပါမယ်။ ဒီသင်ခန်းစာကို မဖတ်ခင် အောက်ကလင့်ခ်တွေက post တွေကို ဖတ်ပြီး၊ လိုက်လုပ်ကြည့်ဖူးမှ၊ ဒီသင်ခန်းစာကို နားလည်ပါမယ်။

1. What is jQuery? Explained detail.

2. jQuery .hide() function

3. jQuery .slideToggle() tutorials

4. jQuery if else applicable tutorial

ဒါကြောင့် အရင်ဆုံးလုပ်ရမယ့် အလုပ်က desktop ပေါ်မှာ slideshow ဆိုတဲ့ နာမည်နဲ့ folder တစ်ခုဆောက်လိုက်ပါ။ ပြီးရင် အဲဒီ folder ထဲမှာ images ဆိုတဲ့ folder ကို ထပ်ဆောက်လိုက်ပါ။ သေချာအောင် အောက်က ပုံကိုကြည့်ပါ။

အပြည့်အစုံ ဖတ်ရန် »