Android Device တွေမှာ boot animation ကို ပြောင်းကြည့်မယ်

 

ice cream sandwich bootanimation

 

Android Device တွေမှာ boot animation ကိုပြောင်းဖို့အတွက်
၁ ။ သင့်ဖုန်းက root ဖောက်ပြီးသားဖြစ်ရပါမယ်
၂ ။ root explore ဆော့ဝဲလ်လိုအပ်ပါတယ်
၃ ။ custom boot file လိုအပ်ပါမယ်

ကဲအဲ့ဒါတွေ အကုန်စုံပြီဆိုရင်တော့ boot animation ကို ကိုယ်ကြိုက်တဲ့ animation ပြောင်းလို့ရပါပြီ
boot animation တွေကို Google မှာ ရှာလို့ရပါတယ်…

ကဲကဲ စလိုက်ရအောင်..။


အရင်ဦးဆုံး download ရလာတဲ့ bootanimation.zip ကို root explorer ဆော့ဝဲသုံးပြီး /system/media ဖိုလ်ဒါထဲကိုရွှေ့လိုက်ပါ.။

ရွှေ့ပြီးသွားပြီဆိုရင် bootanimation.zip ကို permission ပေးပါမယ်..။
bootanimation.zip ကို ခပ်ကြာကြာ(၃ စက္ကန့်လောက်)ဖိထားပြီး  permissions ကိုရွေးရမှာပါ..။အိုကေနော် 🙂
permission ကို rw-r-r ပုံစံရွေးပေးလိုက်ပါ..။
မရှင်းမှာစိုးလို့ rw-r-r ဆိုတာ ကို ပုံမှာကြည့်ပါ

how to change boot animation of android device0

ပြီးရင် ok ပေးလိုက်ပါ…။နောက်တစ်ဆင့်ကတော့ phone ကို restart လုပ်လိုက်ပါ ။ပြီးပါပြီ
သင့်ဖုန်းမှာ နဂို boot animation အစား သင်ပြောင်းထားတဲ့ animation လေးပေါ်ထွက်လာပါလိမ့်မယ်..။

ပီတိစား၍အားရှိနေသော

ထင်လင်းအောင်(နည်းပညာ)

3 thoughts on “Android Device တွေမှာ boot animation ကို ပြောင်းကြည့်မယ်

  1. တော်ဝင်မင်းသားလေး

    မင်းသားလေး ဒီပို့စ်ကလေးကို မသွားပြီနော်…

Leave a Reply

Your email address will not be published. Required fields are marked *