Gmail password ပေါက်ကြားတာနဲ့ ပတ်သတ်လို့ ဘာဆက်လုပ်သင့်လဲ

gmail

ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ Gmail အကောင့် ငါးသန်းနီးပါးရဲ့ password တွေ russia website တစ်ခုမှာ ပထမဦးဆုံး Gmail accounts တွေနဲ့အတူ password တွေပါတဲ့ .txt file တစ်ခုတက်လာပါတယ်။ အခုတော့ password တွေကို ဖျက်လိုက်ပါပြီး Google accounts တွေကတော့ ဆက်လက် ပျံနှံနေတုန်းပါပဲ။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ပထမဦးဆုံး လုပ်ရမယ့်အလုပ်ကတော့ leak ဖြစ်တဲ့အထဲမှာ ကိုယ့်အကောင့် ပါ/မပါ စစ်ဆေးဖို့ပါတယ်။ အဲဒီလို စစ်ဆေးဖို့အတွက် https://isleaked.com/en ကိုသွားပြီးတော့ ကိုယ့်ရဲ့ gmail အကောင့်ကို ရိုက်ထည့်ပြီး စစ်ဆေးနိုင်ပါတယ်။ ဒီလိုအချိန်မှာ အခွင့်ကောင်းယူပြီးတော့ email တွေ စုဆောင်းတဲ့သူတွေလည်း ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် အခုပေးလိုက်တဲ့ website ကတော့ email အပြည့်အစုံမထည့်ရင်လည်း စစ်ဆေးနိုင်ပါတယ်။ ကိုယ့် gmail အကောင့်ထဲက အက္ခရာသုံးလုံးကို ခရေပွင့်လေးတွေနဲ့ အစားထိုးပြီး စစ်နိုင်ပါတယ်။ ဥပမာ [email protected] ကို စစ်မယ်ဆိုပါစို့ [email protected] လို့ အပြည့်အစုံ မရိုက်ထည့်ဘဲ mgm***@gmail.com လို့ ရိုက်ထည့်ပြီးတော့လည်း စစ်နိုင်ပါတယ်။

အပြည့်အစုံမရိုက်ထဲ့ဘဲ အရင်စစ်ကြည့်လိုက်ပါ။ ကိုယ့်အကောင့် ပါတယ်လို့ပြောရင် အပြည့်အစုံ ရိုက်ထည့်ပြီး စစ်ကြည့်လိုက်ပါ။ အပြည့်အစုံရိုက်ထည့်ပြီး စစ်ရင် ကိုယ့်အကောင့် password ရဲ့ ထိပ်ဆုံး နှစ်လုံးကို ပြပေးပါတယ်။

gmail password leak

ကိုယ်တိုင် download လုပ်ပြီး စစ်ချင်တယ်ဆိုရင်တော့ ဒီမှာနှိပ်ပြီး download လုပ်ပါ။ ဖိုင်အရွယ်အစားကတော့ 36MB ရှိပါတယ်။

————————————————————————————

အဲဒီစာရင်းထဲမှာ ကိုယ့်အကောင့်ပါခဲ့ရင် စိတ်မပူပါနဲ့၊ စိတ်မပူရမယ့် အချက်နှစ်ချက်ရှိပါတယ်။

တစ်အချက်က သူတို့ ပြထားတဲ့ Password တွေက လွန်ခဲ့တဲ့ သုံးနှစ်ကျော်က အဟောင်းတွေတောင် ပါပါတယ်။ ကျွန်တော့်အကောင့် အဲဒီစာရင်းထဲ ပါပါတယ်၊ ဒါပေမယ့် password ကတော့ ကျွန်တော်တောင် မမှတ်မိတော့တဲ့ ဘယ်နှစ်ခုနှစ်က password မှန်း မသိပါဘူး။ (သုံးနှစ်လောက်ကြာတဲ့အထိအောင် password မပြောင်းဖူးတဲ့သူဆိုရင်တော့ နည်းနည်းစိုးရိမ်ရပါတယ်၊ password ပြောင်းလိုက်ပါ)

စိတ်မပူရမယ့် နောက် အကြောင်းရင်းတစ်ခုက အခုလို အင်တာနက်ပေါ် ဖောက်ချလိုက်တယ်ဆိုတာကတည်းက သူတို့ စိတ်ကျေနပ်လောက်တဲ့အထိ ကြည့်ပြီးနေလောက်ပါပြီ၊ အခုမှ အသည်းအသန် လိုက်ပြောင်းနေလည်း သိပ်မထူးပါဘူး။ ဖြည်းဖြည်းမှ ပြောင်းလည်းရပါတယ် 🙂

ဒါဆို password ပြောင်းတာနဲ့ ရပြီလားလို့ မေးစရာရှိပါတယ်။ Password ပြောင်းလိုက်ရင်တော့ ခဏတော့ လုံခြုံသွားတာပေါ့။ အရေးကြီးတာက နောက် ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာပါ။ ကိုယ့်အကောင့်က တစ်ကယ်လည်းအရေးကြီးတယ်၊ ရုံးကိစ္စ၊ အလုပ်ကိစ္စတွေအတွက်လည်း အသုံးပြုတယ်၊ ကိုယ်ပိုင် computer မှာပဲ အသုံးပြုတယ်၊ ကိုယ့်ဆီမှာလည်း ဖုန်းနံပါတ်တစ်ခု ရှိတယ်ဆိုရင် အကောင်းဆုံးကတော့ Google two-step verification ပြုလုပ်ထားခြင်းပါပဲ။

မြန်မာလိုဆိုရင်တော့ နှစ်ဆင့် စစ်ဆေးခြင်းပေါ့။ အင်္ဂလိပ်လို အသေးစိတ်ဖတ်ချင်တယ်ဆိုရင်တော့ ပေးထားတဲ့ လင့်မှာ သွားဖတ်နိုင်ပါတယ်။ မြန်မာလိုဆိုရင်တော့ ကျွန်တော်ရှင်းပြပေးပါမယ်။

နှစ်ဆင့် စစ်ဆေးခြင်း ဆိုတာ

နှစ်ဆင့် စစ်ဆေးခြင်း ဆိုတဲ့ စကားလုံးကတော့ 2-step verification ကို ကျွန်တော့်ဘာသာ မြန်မာမှု ပြုထားတာဖြစ်ပါတယ်။ သူ့ရဲ့ တစ်ကယ့် လုပ်ဆောင်ချက်ကတော့ ကိုယ့်ရဲ့ gmail အကောင့်ကို password မှန်ခဲ့ရင်တောင် verfication code ထပ်ထည့်ခိုင်းတာပါ။ verification code ဆိုလို့ မကြောက်ပါနဲ့ Google က မြန်မာနိုင်ငံကဖုန်းတွေကို ဖုန်းခေါ်ပြီး verification code ကို ပြောပေးပါတယ်။ အဲဒီတော့ ကိုယ့်အကောင့်ကို တစ်ခြား password သိတဲ့သူတစ်ယောက်က ဝင်ဖို့ကြိုးစားရင်တောင် ကိုယ့်ဖုန်းကို Google ဖုန်းဆက်ပြီး လှမ်းပြောမယ့် verification code မရှိရင် ဝင်ကြည့်လို့ရမှာမဟုတ်ပါဘူး။

နောက်တစ်ချက် ကိုယ်သုံးနေကျ ကိုယ်ပိုင် computer ဆိုရင် verification code တစ်ခါပဲတောင်းဖို့ သတ်မှတ်ထားလို့ရပါတယ်။

နောက်တစ်ချက်က ကုဒ်ကို ဖုန်းခေါ်ပြီး မပြောစေချင်ရင် ကိုယ့်ရဲ့ android ဖုန်းမှာ Google authenticator app လေးတင်ထားပြီး code တွေ generate လုပ်လို့ရပါတယ်။ (application ကနေ ကုဒ်ကို generate လုပ်မယ်ဆိုရင်တော့ ဖုန်းရဲ့ date မှန်ဖို့ လိုပါတယ်။)

two-step verification ဘယ်လိုလုပ်ရမလဲ

two-step verification ရဲ့ အကြောင်းသိသွားလို့ ကိုယ့်အကောင့်မှာ set up လုပ်ချင်တယ်ဆိုရင်တော့ အရေးကြီးတာက အင်တာနက်ဆိုင်တွေမှာ ခဏခဏသုံးဖြစ်တယ်ဆိုရင်တော့ မလုပ်တာကောင်းပါတယ်။ code ကို တစ်ခါသုံးတိုင်း တစ်ခါထည့်နေရမှာမို့လို့ပါ။ ကိုယ့်စက်မှာ ကိုယ်လုပ်မယ်ဆိုရင်တော့ အရင်ဆုံး ဒီလင့် ကိုသွားလိုက်ပါ။ ပြီးရင် “Get Started” ကို နှိပ်ပါ။ အောက်ကပုံမှာ ပြထားပါတယ်။

getting-started

Google login လုပ်ရမယ့်နေရာရောက်ရင် 2-step verification လုပ်မယ့် gmail account ကို ဝင်လိုက်ပါ။ အကောင့်ဝင်ပြီးရင်တော့ “Start Setup” ကိုနှိပ်ပါ။ ပုံမှာ ပြထားပါတယ်။

start-setup

Start setup ကို နှိပ်ပြီးပြီဆိုရင်တော့၊ အောက်ကပုံအတိုင်း

၁။ မြန်မာနိုင်ငံ အလံမဟုတ်နေရင် မြန်မာနိုင်ငံအလံကိုရွေးပါ။ ဘေးက အကွက်မှာ ဖုန်းနံပါတ်ကို ၀၉ ကနေစပြီး ရိုက်ထည့်ပါ။ အင်္ဂလိပ်လို ဖြစ်ရပါမယ်။

၂။ Voice Call ကိုရွေးပါ။ Text message (SMS) ကိုရွေးရင် Google ကတော့ ပိုလိုက်ပါတယ်။ MPT က ပိတ်ထားတဲ့အတွက် Message ကိုယ့်ဆီကိုရောက်လာမှာ မဟုတ်ပါဘူး။

၃။ Send code ကိုနှိပ်လိုက်ပါ

start-the-call

နှိပ်လိုက်တာနဲ့ သိပ်မကြာခင်မှာ နံပါတ် ထူးထူးဆန်းဆန်းနဲ့ ဖုန်းခေါ်လာပါလိမ့်မယ်။ ဖုန်းကို မကိုင်ပါနဲ့ ပေါက်ကွဲတတ်ပါတယ်၊

နောက်တာပါ၊ ဖုန်းကိုင်ပြီး နားထောင်လိုက်ပါ 😀 အောက်ကအတိုင်း ပြောပါလိမ့်မယ်။

Hello! Thank you for using our phone verification system. Your code is

x… x… x… x… x… x…

Once again! Your code is

x… x… x… x… x… x…

Good bye!

xxxx တွေနေရာမှာ နံပါတ်တွေပြောပါလိမ့်မယ်၊ အဲဒီနံပါတ်တွေကို မှတ်ပြီး။ နှိပ်လိုက်လို့ ရောက်သွားတဲ့ စာမျက်နှာမှာထည့်လိုက်ပါ။ ပြီးရင် verify ကိုနှိပ်လိုက်ပါ။

verify

Verify ကိုနှိပ်လိုက်ပြီဆိုရင် နောက်တစ်ဆင့်ကို ရောက်သွားပါမယ်။ ယခုလက်ရှိ set up လုပ်နေတာ ကိုယ်ပိုင် computer ဆိုရင် Trust this computer ကို အမှန် ခြစ်ထားပြီး Next ကိုနှိပ်ပါ။ ကိုယ်ပိုင် computer မဟုတ်ရင် Trust this computer ကို အမှန်ခြစ် ဖြုတ်ထားပြီး Next နှိပ်ပါ။  အောက်ကပုံမှာ ကြည့်ပါ။

trust-this-computer

Trust this computer ဆိုတာ code ကို တစ်ခါပဲ မေးအောင် လုပ်တာပါ။ နောက်တစ်ဆင့်မှာတော့ 2-step verification ဖွင့်ဖို့အတွက် အတည်ပြုတဲ့အဆင့်ဖြစ်ပါတယ်။ Confirm ကိုနှိပ်ပါ။

confirm

ဒါဆိုရင်တော့ နှစ်ဆင့် စစ်ဆေး အတည်ပြုခြင်းကို set up လုပ်ပြီးပါပြီ။ set up လုပ်ထားတဲ့ အသေးစိတ် အချက်ကို ပြနေပါလိမ့်မယ်။ ဖုန်း application download လုပ်ပြီးတော့ code generate လုပ်ချင်တယ်ဆိုရင်တော့ Switch to app ကိုနှိပ်ပါ။

google-authenticator

 

ကိုယ့်ဖုန်းက Android ဖုန်းဆို Android ကိုရွေးပါ၊ တစ်ခြားဖုန်းဆို သက်ဆိုင်ရာကို ရွေးပြီးတော့ Continue နှိပ်လိုက်ပါ။ နောက်တစ်ဆင့်မှာ application ကို download လုပ်ခိုင်းပြီးတော့ application ကို verify code ထည့်ခိုင်းပါလိမ့်မယ်။

ဖုန်းကိုဖွင့်ပြီး Play store မှာ Google Authenticator လို့ရှာပြီး download လုပ်ပါ၊ ပြီးရင် install လုပ်ပါ။

Install လုပ်ပြီးရင် application ကိုဖွင့်ပါ၊ ညာဘက် အပေါ်ထောင့်က အစက်ကလေး သုံးစက်ကိုနှိပ်ပြီးတော့ Set up account ကိုနှိပ်ပါ။ Scan a barcode ကိုရွေးပြီး computer မှာ ပြထားတဲ့ QR code အမဲကွက်လေးကို ချိန်လိုက်ပါ။ ဖုန်းထဲမှာ ကိုယ့် gmail အကောင့်နဲ့ code တွေ ပေါ်လာပါလိမ့်မယ်။ အဲဒီ code ကို computer က ပြထားတဲ့အကွက်မှာ ပြန်ထည့်လိုက်ပါ။ ဒါဆို အဆင်ပြေပါပြီ။

barcode ဖတ်တဲ့ app မရှိရင်လည်း computer မှာ Can’t scan the barcode ကိုနှိပ်ပြီး သူပြထားတဲ့အတိုင်း ဆက်လုပ်သွားပါ။ ဒါဆို အဆင်ပြေမှာပါ။ ကိုယ့်အတွက် အဆင်ပြေသွားပြီဆိုရင်တော့ ဒီ post လေးကို သူများတွေအတွက် share လိုက်ပါဦး။

3 thoughts on “Gmail password ပေါက်ကြားတာနဲ့ ပတ်သတ်လို့ ဘာဆက်လုပ်သင့်လဲ

  1. samuu

    gmail name မှာ m******[email protected] ဆိုပြီးဖြစ်နေတဲ့ဟာကို စာသားများပြန်မြင်ချင်ပါတယ်။ ဘယ်လိုလုပ်ရင်ရနိုင်မလဲ ပြောပြပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *