နည်းပညာ

ကွန်ပျူတာ နည်းပညာများ, နည်းပညာ software နှင့် နည်းပညာ blog

လက်ရွေးစင် သင်ခန်းစာများ ကြည့်ရန်။

HTML5, CSS3 ဖြင့် website ရေးနည်း အပိုင်း (၆+၇)

Singapore Web Design (web-designer.sg) website ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကို အသုံးပြုပြီး ရေးပြထားပါတယ်။ အသံသွင်းတုန်းက mic ပြဿနာ နည်းနည်းရှိသွားလို့ အသံက တိုးနေပါတယ်။ ဒါပေမယ့် vlc medai player နဲ့ အသံကို ၂၀၀% လောက်ထား နားထောင်ရင် ကြားရပါတယ်။

Video download လုပ်ဖို့ အခက်အခဲရှိတဲ့သူတွေအတွက်လည်း download လုပ်နည်း ကို ပြောပြပြီးပါပြီ။ အခု ဒီ video တွေအထိ လိုက်လုပ်နိုင်တဲ့လူကတော့ ဒီသင်ခန်းစာတွေ ပြီးတာနဲ့ website တစ်ခု လုပ်တတ်သွားမှာ ဖြစ်သလို၊ website တစ်ခုလည်း လုပ်ပြီးနေမှာပါ။ တစ်ခြား အဆင်မပြေတာလေးတွေ ရှိရင်တော့ မေးနိုင်ပါတယ်။ နောက်တစ်ခေါက် သင်ခန်းစာမှာတော့ နောက်ထပ် စာမျက်နှာတွေကို အလွယ်တကူ ဘယ်လိုလုပ်မလဲဆိုတာ သင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီသင်ခန်းစာပြီးရင်တော့ ကျွန်တော် ရေးထားတဲ့ ဖိုင်တွေကို တင်ပေးပါမယ်။

Video တွေကတော့ အောက်မှာပါ –

9 thoughts on “HTML5, CSS3 ဖြင့် website ရေးနည်း အပိုင်း (၆+၇)

  1. အစ်ကို အပိုင်း ၅ မှာ အစ်ကို ဟိုဘက်နဲ့ အတူပဲ ဆိုပြီးမလုပ်ပြတော့ ပဲ ကျော်သွားလိုက်တာ ကျွန်တော်က အဲပိုင်းမှ တစ်နေတယ် ခင်ဂျာ

    1. အတူတူပဲလေ .. ဟိုဘက်ကဟာကို ဒီအတိုင်း ကူးထည့်လိုက်၊ ပြီးရင် စာလေးတွေပဲ ပြောင်းလိုက်ရင်တောင်ရတယ်။ နောက်ဆုံးမရရင်လည်း ခဏတော့ သည်းခံစောင့်ပေးဦး၊ သင်ခန်းစာပြီးရင်တော့ ဖိုင်တွေတင်ပေးမယ်၊ အဲကျမှ ဘယ်လိုရေးထားလဲ ကြည့်လိုက်ရင် အဆင်ပြေမှာပါ။

  2. j Query install လုပ်တာလေ http://jquery.com/download/ အဲ့လင့်ကိုသွားပြီးတော့ Download the compressed, production jQuery 1.10.2 အဲ့ဒါကို download လုပ်တာ စာတွေပဲပေါ်လာတယ် download မပေးလို့ဘယ်လိုလုပ်ရမလဲ ကူညီပါနော်
    အခုသင်ခန်းစာလည်းလေ့လာနေပါတယ်
    ကျေးဇူးပါနော်

    1. အဲလိုစာတွေပဲပေါ်နေတဲ့အချိန်မှာ keyboard ကနေ ctrl+s ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ကြိုက်တဲ့နာမည်နဲ့ သိမ်းလို့ရပါပြီ၊ အဲဒါလည်း download လုပ်တာပါပဲ။

  3. ကျေးဇူး အရမ်းတင်ပါတယ် အကို ။ ခုထိတော့ အဆင်ပြေနေသေးတယ်။
    ဟို jquery တို့ ၊ အချို့ကုတ်တွေ ကျ တော့ Browser တိုင်းနဲ့ အလုပ် မလုပ်ဖူး ။
    အဲဒါကို ဘယ်လိုဖြေရှင်းရ မလဲ အကို။ ဖုန်းနဲ့ကြည့်တဲ့အခါ မှာ လဲ
    ကိုယ်က jquery show hide menu လုပ်ထားရင် ကြည့်လို့အဆင်မပြေ ဖူး ဖြစ်နေတယ်

  4. လေ့ကျင့်ခန်း movies တွေအတွက် အထူးကျေးဇူးတင်ပါတယ်

  5. အကို analyzing webesite သင်ခန်းစာရဲ့ video part-3 ကို၇ှာလို့မ၇ဘူး ကူညီပါအုံး

  6. Dear Admin
    website တည်ဆောက်ပြီး domain hosting တို့နှင့်ချိတ်ဆက်ပုံလေးကိုအသေးစိတ်သင်ပေးပါလားAdmin သိပ်နားမလည်လို့ပါခင်ဗျာ
    I wait for reply

Leave a Reply

Your email address will not be published. Required fields are marked *