jQuery slideToggle သင်ခန်းစာ – jQuery .slideToggle() tutorials

မင်္ဂလာပါ..

ဒီတစ်ခေါက်တော့ နည်းနည်းလေး ပိုခက်တဲ့ သင်ခန်းစာကို ဆက်သွားပါမယ်။ ဒီသင်ခန်းစာမဖတ်ခင် အရင်က ရေးဖူးတဲ့

01. What is jQuery

02. jQuery .hide() function

နှစ်ခုကို ဖတ်ဖူးထားရပါမယ်။

ဒီတစ်ခေါက်သင်ခန်းစာမှာတော့ css လေးလည်း နည်းနည်းပါပါမယ်။ ဒီတော့ ကျွန်တော်တို့ coding စရေးရအောင်ဗျာ။

notepad++ ကိုဖွင့်လိုက်ပါ။ body tag “<body>” ထဲမှာ ရေးရမယ့် html code ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ (code တစ်ကြောင်း နှစ်ကြောင်းလောက် ရေးပြီးတိုင်း browser မှာ refresh လုပ်ပါ)

အရင်တစ်ခေါက်ကအတိုင်းပါပဲ id ကို box လို့ပေးထားတဲ့ div လေးတစ်ခု ပိုလာတာပဲရှိတာပါ။ div မှာလည်း အဖွင့်နဲ့ အပိတ် ဆိုပြီးရှိပါတယ်။ အဲဒီ box ဆိုတဲ့ div ကို လေးထောင့်အတုံးပုံစံပေါ်နေဖို့အတွက် ခေါင်းပိုင်း အဖွင့် အပိတ်ထဲမှာ css နည်းနည်းရေးရပါမယ်။ အောက်ပါအတိုင်းပါ

ဒီ code မှာ #box မှာ # ဆိုတာက ကျွန်တော်တို့ html မှာ ရေးခဲ့တဲ့ div တွေကို css ကနေ ပြန်ခေါ်ရင် # တပ်ပြီး ခေါ်ရပါတယ်။ ဒါကြောင့် html မှာ <div id=”box”> ကို css မှာ ပြန်ခေါ်တော့ #box ဖြစ်သွားပါတယ်။ width နဲ့ height ကိုတော့ သိမှာပါ။ display မှာ တန်ဖိုးတွေ အများကြီးရှိပါတယ်။ အများကြီးရှိတဲ့ထဲကမှ အသုံးအများဆုံး block, inline, none သုံးခုလောက်ကို မှတ်ထားပါ။ အခု display:none ဆိုတာ ဒီ box ဆိုတဲ့ div ကို ဘာမှမပြပါနဲ့လို့ ပြောလိုက်တာပါ (box div က ရှိတော့ရှိနေပါတယ်။ ခလုတ်နှိပ်မှ ပေါ်လာစေချင်လို့ မပြခိုင်းသေးတာပါ)

Background ကို ရှင်းပြဖို့အတွက် ကျွန်တော် စာပိုဒ် အသစ်တစ်ပိုဒ် စလိုက်ပါတယ်။ များများ ရှင်းပြပေးမှာမို့လို့ပါ။ background ဆိုတာ နောက်ခံပါ၊ နောက်ခံပုံလည်း ဖြစ်နိုင်သလို၊ နောက်ခံအရောင်လည်းဖြစ်နိုင်ပါတယ်။ နောက်ခံကို အရောင်ပေးမယ်ဆိုရင်တော့ အောက်ပါအတိုင်း သုံးမျိုးနဲ့ ပေးလို့ရပါတယ်။

red, yellow, black,…

(စသဖြင့် အရောင်နာမည်တွေ အသုံးပြုပြီး သော်လည်းကောင်း)

rgb(0, 0, 0)

(rgb ဆိုတာ red, green, blue လို့ အဓိပ္ပါယ်ရပါတယ်။ အနောက်က “0” နေရာမှာ 0 ကနေ 255 အတွင်း ပေးလို့ရပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့အရောင်ကို r, g, b သုံးရောင်ကို လိုတိုး ပိုလျှော့လုပ်ပြီး ရအောင်လုပ်လို့ရပါတယ်၊ ဒါကြောင့်မို့ နောက်ထပ် r, g, b သုံးရောင်နဲ့ အရောင်ပေးတဲ့ စနစ်နောက်တစ်မျိုးက)

#aabbcc

(ဒီစနစ်က # မှာတော့ div ကို ဆိုလိုတာမဟုတ်ပဲ hexacode လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီစနစ်မှာ a တို့ b တို့ c တို့ နေရာတွေမှာ 0 ကနေ f အထိ ပေးလို့ရပါတယ်။ ဆိုလိုတာက 0 ကနေ 9 အထိ၊ ပြီးရင် a ကနေ f အထိ ဖြစ်ပါတယ်။ 0 ကနေ f အထိ စုစုပေါင်း 16 လုံးရှိပါတယ်။ 16 ကို hexa လို့ ခေါ်ပါတယ်၊ ဒါကြောင့် ဒီအရောင်ပေးတဲ့ စနစ်ကို hexacode စနစ်လို့ ခေါ်ပါတယ်။ ရှေ့ a နှစ်လုံးက red အတွက်ဖြစ်ပါတယ်။ a နှစ်လုံးမတူလည်းရပါတယ်၊ ဒါပေမယ့် တူရင်တော့ နှစ်လုံးနေရာမှာ တစ်လုံးတည်းရေးလို့ရပါတယ်။ b နှစ်လုံးက green အတွက်ဖြစ်ပြီးတော့ c နှစ်လုံးကတော့ blue အတွက်ဖြစ်ပါတယ်။ (ကျွန်တော်ပေးထားတဲ့ အရောင်ကုဒ်ကိုကြည့်ပါ တူလို့ တစ်လုံးစီပဲပေးထားပါတယ်)။

ဒါဆိုရင် ကျွန်တော်တို့အတွက် ကျန်တာ script ပဲ ကျန်ပါတော့တယ်။ <head> tag ထဲမှာ အောက်ပါအတိုင်း ရိုက်ထည့်ပါ။

ဒီထဲမှာ အသစ်ဆိုလို့

$(“#box”).slideToggle();

တစ်ခုပဲ ရှိပါတယ်။ click လုပ်တဲ့အထိ jQuery tutorial 01 နဲ့ အတူတူပါပဲ။ အရင် သင်ခန်းစာမှာတော့ click လုပ်လိုက်တဲ့အခါမှာ click လုပ်ခံရတဲ့ button ကို ဖျောက်ပစ်တာပါ။ ဒီတစ်ခါမှာတော့ click လုပ်လိုက်ရင် box div ကို ဖော်လိုက် ဖျောက်လိုက် လုပ်မှာဖြစ်တဲ့အတွက် အရင်တစ်ခေါက်နဲ့ နည်းနည်းလေး ကွာပါတယ်။

အရင်တစ်ခေါက်က $(this) နေရာမှာ ကျွန်တော်တို့ ဖော်/ဖျောက် ချင်တဲ့ $(“#box”) ဖြစ်သွားပါတယ်။ jQuery မှာလည်း div ကို select လုပ်ရင် # ထည့်ပေးရပါတယ်။ နောက် function ကတော့ အသစ်ပါ။ အရင် post က .hide() အစား ဒီတစ်ခေါက် post မှာတော့ .slideToggle() ဆိုတဲ့ function ကို သုံးပါမယ်။ ဒီ function ကပဲ box div ကို ပေါ်လိုက် ပျောက်လိုက် ဖြစ်အောင် လုပ်ပေးမှာ ဖြစ်ပါတယ်။ နောက်ဆုံး ကုဒ် အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အခုထိ ရေးလာတာမတူသေးတဲ့လူများ တိုက်ကြည့်ပြီး လွဲနေတာလေးတွေပြင်လိုက်ပါ။ မတူတာပြင်ဆိုလို့ အပေါ်အောက် ကွာတာအစ လိုက်မပြင်ပါနဲ့ ခေါင်းပိုင်းမှာထည့်ရမယ့် ကုဒ်ကို ခေါင်းပိုင်းမှာ ထည့်ထားရင် ရပါပြီ။ အပေါ်အောက်ကွာတာ ပြဿနာ မရှိပါဘူး။

slideToggle() ရဲ့ ကွင်းစနဲ့ ကွင်းပိတ် ကြားမှာ ပေါ်လာမယ့် ပျောက်သွားမယ့် အမြန်နှုန်းကို milisecond နဲ့ ထည့်နိုင်ပါတယ်။ ဥပမာ ပေါ်တာ ပျောက်တာ တစ်စက္ကန့်လောက် ကြာချင်တယ်ဆိုရင် slideToggle(“1000”) လို့ ရေးရပါမယ်။ အမြန်နှုန်းကို ဂဏန်းတွေနဲ့ ပေးလို့ရသလို စာသားနဲ့လည်း ပေးလို့ရပါတယ်။ (ဥပမာ။ ။ fast, slow). ကျေးဇူးတင်ပါတယ်။ နောက်တစ်ခေါက် သင်ခန်းစာမှာတော့ seo service website (www.seo.sg) က slider ကို ရေးကြည့်ပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *