Keyword analysis, keyword research | seo tutorials

မင်္ဂလာပါ …၊အရင်တစ်ခေါက်ကတော့ SEO beginner introduction ကို ရေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခေါက် အကြောင်းကတော့ keyword analysis သို့မဟုတ် keyword research ပေါ့ဗျာ။ keyword ဆိုတာကတော့ ကျွန်တော်တို့ website ထောင်ပြီဆိုပါစို့၊ အဲဒီ ဝဘ်ဆိုက်က ဘာအကြောင်းအရာအတွက်လဲ ဆိုတာ သိရမယ်၊ ပြီးတော့ အဲဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး လူသုံးများတဲ့ စကားလုံး အခေါ်အဝေါ်တွေကို သိရမယ်၊ အဲဒီ စကားလုံးတွေကို keyword လို့ခေါ်ပါတယ်။ ဆိုပါတော့ ကျွန်တော် လုပ်ထားတဲ့ website နဲ့ပဲ ဥပမာထားပြီး ပြောပါမယ်။ ကျွန်တော် Myanmar Web Designer ကို ပြုလုပ်ထားပါတယ်၊
အကြောင်းအရာ —— website ပြုလုပ်ခြင်းနဲ့ အခြား website ဆက်စပ် ဝန်ဆောင်မှုပေါ့ဗျာ
keywords ———– web designer, seo service, website service, web design creation ဆိုတဲ့ လူတိုင်းသုံးတဲ့ စကားလုံးနဲ့ keyword လေးခုလောက် ရွေးလိုက်ပါတယ်၊ ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာဆိုတော့ myanmar ဆိုတဲ့ keyword ကို အပေါ်က လေးခုမှာ ပေါင်းထည့်လိုက်ပါတယ်။ အခု ကျွန်တော့် website အတွက် keyword ကို research လုပ်ပြီးပြီဆိုတော့ google, yahoo, bing တို့မှာ အဲဒီ keyword တွေနဲ့ ranking ကောင်းကောင်းရအောင် လုပ်ရတော့ပါမယ်။keyword ရွေးတဲ့အခါမှာ ကျယ်ပြန်တဲ့ keyword ရယ် အတိုင်းအတာ တစ်ခုထိပဲ ကျယ်ပြန်တဲ့ keyword ရယ် တစ်ယောက်တည်းသုံးတဲ့ keyword (တူတာမရှိတဲ့ keyword) ဆိုပြီးတော့ ရှိပါတယ်။ ဥပမာ google မှာ (ဝဘ်ဆိုက်) ဆိုတဲ့ မြန်မာ စကားလုံးနဲ့ ရှာကြည့်ပါ၊ ကျွန်တော့် website ထဲက စာမျက်နှာ အားလုံးနီးပါ google မှာ ပေါ်လာပါလိမ့်မယ်၊ အဲဒါကတော့ တစ်ယောက်တည်းသုံးတဲ့ keyword လို့ ပြောလို့ရတဲ့ စကားလုံးပါ၊ တော်တော်များများက website ဆိုတဲ့ စကားလုံးကို တစ်ခြားစာလုံးပေါင်းနဲ့ ပေါင်းကြတဲ့အတွက် တူတာမရှိတဲ့ keyword လိုမျိုးဖြစ်သွားတာပါ။

နောက်တစ်ခုကတော့ web designer ဆိုတဲ့ keyword ကို ကြည့်ရအောင်ဗျာ၊ ဒီစကားလုံးကျတော့ အရမ်းကျယ်ပြန့်ပါတယ်၊ web designer ဆိုတဲ့စကားလုံးက တစ်ကမ္ဘာလုံးနဲ့ ဆိုင်ပါတယ်။ ဒါကြောင့် ကျယ်ပြန့်တဲ့ keyword လို့ ပြောရပါမယ်၊ အဲဒီ keyword ကိုမှ myanmar ဆိုတဲ့ keyword လေး ထပ်ပေါင်းထည့်လိုက်တော့ myanmar web designer ဖြစ်သွားပါတယ်၊ အဲဒီ keyword ကတော့ မြန်မာနိုင်ငံနဲ့ပဲ ဆိုင်ပါတော့တယ်။ ဒါကြောင့်မို့ အတိုင်းအတာ တစ်ခုထိပဲ ကျယ်ပြန့်တဲ့ keyword လို့ ခေါ်ရပါမယ်။

keyword တွေထဲမှာ တစ်ယောက်သုံး keyword တွေနဲ့ဆို ranking ကောင်းတာမြန်ပါတယ်။ ဒါပေမယ့် လူသုံးနည်းတဲ့အတွက် အဲဒီ keyword တွေနဲ့ လူတွေက ရှာဖြစ်ချင်မှ ရှာဖြစ်ပါလိမ့်မယ်။

အတိုင်းတာ တစ်ခုထိ ကျယ်ပြန့်တဲ့ keyword ကျတော့ လူသုံးနည်းနည်းများလာပြီပေါ့၊ ဒါပေမယ့် ranking ကောင်းအောင်လုပ်ဖို့လည်း နည်းနည်း ပိုခက်လာတယ်၊ ranking ကောင်းအောင်လုပ်နိုင်ရင်တော့ ကိုယ့် website ကို လူများများဝင်ကြည့်မယ်။

ကျယ်ပြန့်တဲ့ keyword တွေကျတော့ ranking ကောင်းအောင်လုပ်ဖို့ အခက်ဆုံးပေါ့၊ ဒါပေမယ့် လုပ်ရတာ တန်ပါတယ်၊ ranking ကောင်းအောင်လုပ်နိုင်ရင် ခင်ဗျား website က ရွှေထွက်တာနဲ့ အတူတူပဲ။

နောက်ထပ်ပို့စ်တွေကိုတော့ အားရင် တင်ပါဦးမယ် … ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *