Professional web developer by Ei Maung နှင့် Ubuntu: Linux for You စာအုပ်များ အခမဲ့ download ပေး

Professional web developer နဲ့ Ubuntu: Linux for You စာအုပ်များကို စာရေးသူ ကိုယ်တိုင်က pdf version နဲ့ အခမဲ့ ဖြန့်ဝေလိုက်ပြီဖြစ်ပါတယ်။ ဒီစာအုပ်တွေဟာ ပုံနှိပ်ထုတ်ဝေတုန်းက တစ်အုပ်ကို ၆၀၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းတာဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ စာရေးသူကိုယ်တိုင်က အခမဲ့ပေးလိုက်တာမို့လို့ လွပ်လပ်စွာ download ရယူနိုင်ပါတယ်။

Professional Web Developer book download

Professional web developer book

Professional web developer book

Professional Web Developer စာအုပ်ကို download လုပ်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်တွေမှာ Download လုပ်နိုင်မှာဖြစ်ပါတယ်။ ဘယ်လင့်က download လုပ်လုပ် အတူတူပဲ ဖြစ်ပါတယ်။ လင့်တစ်ခုမရရင် တစ်ခုက download လုပ်နိုင်ဖို့ပေးထားတာပါ။

Ubuntu: Linux for You book download

Ubuntu linux for you book

Ubuntu: Linux for You book

Ubuntu: Linux for You စာအုပ်ကို download လုပ်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်တွေမှာ Download လုပ်နိုင်ပါတယ်။

အခက်အခဲကြားက စာဖတ်သူတွေ အသိပညာတိုးတက်စေလိုတဲ့ စိတ်နဲ့ အခမဲ့ပေးတာဖြစ်ပြီး။ အမြတ်အစွန်းများများ ရရှိခဲ့လို့ အခမဲ့ဝေတာမဟုတ်တဲ့အကြောင်းကိုလည်း ဒီ Facebook post တစ်ခုမှာ ရေးထားတာကို တွေ့ရမှာပါ။ Unicode မဖတ်နိုင်တဲ့သူများအတွက် အောက်မှာပဲ Zawgyi version နဲ့ ကူးယူ ဖော်ပြလိုက်ပါတယ်။

စာရေးတယ်ဆိုတာ မလွယ်ပါဘူး။ အချိန်တွေငွေတွေ ပေးဆပ်ရင်းနှီးရပါတယ်။ ကျွန်တော်ရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့ Book: Professional Web Developer ကို ရေးသားတာ အချိန် (၅)လ ကြာပါတယ်။ အဲ့ဒီစာအုပ်ကို ရေးသားတာ ရောင်းစားပြီး မြတ်ချင်လို့မဟုတ်ပါဘူး။ ကိုယ်မှာရှိထားတဲ့ အသိပညာဗဟုသုတကို နောင်လေ့လာသူတွေ အကျိုးရှိစေဖို့ ဝေမျှမယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ဖြစ်အောက်လုပ်ခဲ့တာပါ။
နည်းပညာစာအုပ်ဆိုတာ၊ လူတိုင်းဖတ်တာ မဟုတ်ပါဘူး။ နည်းပညာသမားမှသာ ဖတ်တာပါ။ နည်းပညာသမား ဆိုတာလည်း လက်တစ်ဆုတ်စာမို့၊ နည်းပညာစာအုပ်ကနေ မျိုးမျိုးမြတ်မြတ် မရနိုင်ဘူးဆိုတာ တွေးကြည့်ယုံနဲ့ သိနိုင်ပါတယ်။
မမြတ်ယုံသာမက အိပ်ထဲကပါ စိုက်ရပါသေးတယ်။ စာအုပ်ထုတ်ဝေသူတွေက နည်းပညာစာအုပ်ဆို (မြတ်နိုင်ခြေ နည်းတဲ့အတွက်) စိတ်မဝင်စားကြပါဘူး။ လူမသိသေးတဲ့ စာရေးသူဆိုတော့ ပိုဆိုးတာပေါ့။ ဒီတော့၊ ပထမအကြိမ်ကို ကိုယ်ပိုက်ဆံနဲ့ကိုယ် ရင်းပြီးထုတ်ရပါတယ်။ ကိုမြတ်သွင် (Ko Mayor) ရဲ့အကူအညီနဲ့ ကုန်ကျစရိတ်ကို တက်နိုင်သမျှ လျှော့လို့ရသလောက် လျှော့ပြီး ထုတ်ခဲ့တာတောင် စုစုပေါင်း ငွေကျပ် သိန်း (၃၀)လောက် ရင်းလိုက်ရပါတယ်။
စာအုပ်ထွက်လာတော့လဲ ရောင်းဈေး (၆၀၀၀) ဆိုပြီးရောင်းတဲ့နေရာမှာ၊ ဖြန်ချီရေးသမားကို ကော်မရှင် ပေးရပါသေးတယ်။ စာအုပ်ဆိုင်ကို ကော်မရှင်ပေးရပါသေးတယ်။ စာရေးသူ ကျွန်တော်က တစ်အုပ်ကို (၄၅၀၀) ပဲ ရပါတယ်။ အုပ်ရေ (၁၀၀၀) ထုတ်တဲ့အတွက် (၄၅) သိန်းရမှာဖြစ်လို့ မြတ်သားပဲလို့ တွေးနိုင်ပါတယ်။ လက်ဆောင်ပေး၊ ကျောင်းသားတွေကို သင်တန်းမှာပေးနဲ့ လက်တွေ့မှာ တစ်ကယ်ရောင်းဖြစ်တဲ့ အုပ်ရေက (၆၀၀) လောက်သာ ရှိပါတယ်။ ဒါလည်း (၂၇) သိန်းလောက်တော့ ကျန်လို့ အရင်းနီးနီး ပြန်ရသေးတာပဲလို့ တွေးနိုင်ပါတယ်။
မရပါဘူး။ ပထမအကြိမ်ရောင်းကုန်လို့ ဒုတိယအကြိမ်ထွက်ပြီး၊ တတိယအကြိမ်တောင် ထွက်ပါတော့မယ်၊ ဖြန်ချီရေး သမားဆီက စာအုပ်ဖိုးအကြွေးကျန်တွေ ခုထိမရသေးပါဘူး။ အကြွေးမပေးယုံမက၊ သောက်ဂရုမစိုက်ဘူးဆိုတဲ့ သဘောနဲ့ မသိချင်ယောင်ပါ ဆောင်နေပါတယ်။ ကိုယ်မှာ အိပ်စိုက်ထားရလို့ ကိုယ်ရသင့်တာလေးတော့ လိုချင်တာပေါ့။ အမှန်ဆို အခက်အခဲရှိလို့ မပေးနိုင်လဲ ညှိနှိုင်းဖို့ကောင်းတယ်။ အခုတော့ ဖုန်းဆက်လဲမကိုင်၊ နှစ်ပေါက်အောင် ရက်ရွှေ့ပေးလဲ မရပါဘူး။
တစ်ချိန်ကကိုယ့်မိတ်ဆွေပဲမို့ အားနာနာနဲ့ လျှော့ပေးလာတာ၊ အခုတော့ တရားလွန်သွားပြီမို့ လုပ်သင့်တာ လုပ်ရတော့မယ်။ အမှန်ဆို ကိုယ်အလုပ်နဲ့ကိုယ် မအားရတဲ့ကြားတဲ့ ငွေလေးငါးသိန်းအတွက် မိတ်ပျက်မခံချင်ပါဘူး။ ဒါပေမယ့် ကိုယ့်မှာမြတ်စွန်းနေတာလဲမဟုတ်၊ ချမ်းသာနေတာလဲ မဟုတ်ဆိုတော့ အကြောင်းမဲ့ အနစ်နာမခံနိုင်တော့ဘူး။ စာရွက်စာတမ်း အစုံရှိပေမယ့် ရုံးတွေဘာတွေ သွားမနေပါဘူး။ ဒီလူတွေ နောင်အဲလိုလုပ်လို့မရအောင် ကိုယ်သိတဲ့ ဂျာနယ်သမားတစ်ချို့ဖိတ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ စိတ်ကူးထားပါတယ်။
ဒုတိယအကြိမ်ကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက တာဝန်ယူထုတ်ပေးလို့ တော်သေးတယ်။ အကျိုးအမြတ် ဒီလောက်မရှိလှပေမယ့်၊ စာအုပ်ရယ်လို့ဖြစ်လာဖို့ အိပ်စိုက်စရာတော့မလိုတော့ဘူး။ အခုလို ငွေရေးကြေးရေးကိစ္စ စာရေးသူမှာ နစ်နာစရာ မလိုတော့ဘူး။
အခုဆိုရင် Professional Web Developer ရော Book: Ubuntu for You ကိုပါ Ebook အနေနဲ့ ထုတ်ဖို့စီစဉ်နေပါပြီ။ Ebook ဆိုတာက ပုံနှိပ်စာအုပ်လို ကုန်ကျစရိတ်မများဘူးလေ။ နဂိုကတည်းက မြတ်ချင်လို့ လုပ်တာမဟုတ်တဲ့အတွက် Ebook တွေကို ရောင်းမနေတော့ပဲ အခမဲ့ပဲ ပေးလိုက်တော့မယ်လို့ စိတ်ကူးထားပါတယ်။
အမှန်ဆို မများတဲ့ဈေးနှုန်း (၁) ထောင် (၂) ထောင်လောက်နဲ့တော့ ရောင်းချင်သေးတာ။ ပိုက်ဆံလိုချင်လို့ မဟုတ်ဘူး၊ စာဖတ်သူက အလကားရလို့ Download လုပ်လိုက်တယ် ဆိုတာမျိုး မဟုတ်ပဲ၊ တစ်ကူးတက ဝယ်ဖတ်တယ် ဆိုတဲ့ Commitment ကို လိုချင်လို့ပါ။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း Payment Method ကောင်းကောင်းမရှိတဲ့ ဒီနိုင်ငံမှာ၊ စာဖတ်သူက ဝယ်ချင်ပေမယ့် ဝယ်မရဘူးဆိုတာမျိုး ဖြစ်မှာကို စိတ်ပူတဲ့အတွက် အခမဲ့ပဲ ပေးပါတော့မယ်။
Phone Bill ကနေ ဝယ်လို့ရတဲ့ Wun Zinn နဲ့တော့ ပြောဖြစ်သေးတယ်။ ဒါပေမယ့် သူတို့ပြောမှ ကိုယ်လဲသိရတာ။ မြန်မာ့ဆက်သွယ်ရေးက ကော်မရှင်ကို ၅၀% တောင်ယူသတဲ့။ ကျွန်တော်တို့အဖြစ်က နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း ဆိုသလိုပဲ၊ ကိုယ်သာမမြတ်တာ၊ ကြားထဲက ဝိုက်မယ့်သူတွေက အဆင်သင့်။ ဒီတော့ သူတို့ကိုတော့ လုပ်ကြွေးမနေတော့ဘူး၊ အခမဲ့ပဲ ပေးလိုက်တောမယ်။
ရက်ပိုင်းအတွင်း ထွက်တော့မှာမို့ စောင့်မျှော်အားပေးကြပါဦးလို့။ ကျွန်တော့်မှာ အခက်အခဲအမျိုးမျိုးကြားထဲက စာဖတ်သူရဲ့ အားပေးသံနဲ့ အသက်ဆက်နေရတာပါ။
ကျေးဇူးတင်ပါတယ်…

48 thoughts on “Professional web developer by Ei Maung နှင့် Ubuntu: Linux for You စာအုပ်များ အခမဲ့ download ပေး

  1. zawthet

    မဂၤလာပါ ဆရာ

    Professional web developer ကဒေါင်းလို့ဆွဲပြီးလို့ဖွင့်ဖတ်တာ ဖတ်လို့မရဘူးဆရာ
    Adobe Reader မှာ there was an error processing a page. bad font descriptor object လို့ ပေါ်နေတယ် ဆရာ Ubuntu: Linux for You ကဖတ်လို့ရတယ်ဆရာ ဘယ်လိုလုပ်ရမှာလည်းပြန်ပြောပေးပါ ဆရာ

    1. MyoWin

      တစ်ခြား pdf reader တစ်ခုခုနဲ့ ဖွင့်ကြည့်ပါ။ Foxit reader နဲ့တော့ အဆင်ပြေပါတယ်။

  2. kyaw win thu

    ဆရာ့စာအုပ် ၀ယ်လိုမရတာကြာပြီ
    ကျနော်က သံဖြူဇရပ်ကပါ။

    အခုလို download ပေးတဲ့အတွက် အလွန်ပဲကျေးဇူးတင်မိပါတယ်။

  3. Mg thaw

    ဆရာ mobile banking app softwareကို pc ပေါ်မှာ run လို့ရအောင် ဘယ်လို method တေသုံးရလဲ ဆရာ

  4. MinnKhant

    ကျေးဇူးတင်ပါတယ်ဆရာ 🙂 နောက်ပြီး ၁ အုပ်ကို.0.99 $ မျိုးနဲ့ရောင်းတယမျိုးကဖြစ်သင့်ပါတယ် ကျွန်တော့ Disk ထဲမှာဆိုရင် မဖတ်ဖြစ်သေးတဲ့ စာအုပ်အကောင်းတွေအများကြီးပဲ

  5. Salai

    ကျေးဇူးပါပဲဆ၇ာ ဒီလိုပါပဲ မြန်မာနိုင်ငံမှာ ပညာရှင်ဖြစ်ရတာကစိတ်ပျက်ဖို့ကောင်တယ် သူများနိုင်ငံ ကသူတောင်းစားတောင်ကောင်းစားသေးတယ် ဘယ်လိုဘဲဖြစ်ဖြစ် မမြင်နိုင်တဲ့ နေရာကနေအကျိုးအမြတ်ရပါစေလို့ ဆုတောင်းပါတယ်

    1. ဦချး်ရွှေ

      ဆရာ ကျွန်တော်Videoတွေကိုlink,တွေနဲ့ပြန်တင်ပေးလို့ရတဲ့ လေ့လာရပါမလဲဆရာအဆင်ပြေမယ်ဆိုလမ်းညွန်ပေးပါအုံးဆရာ

  6. pyaephyoaung

    ကျေးဇူးအထူးတင်ရှိပါတယ်ဆရာလို့ဒီစာအုပ်ဖတ်သောလူတိုင်းကိုယ်စားပြောပါရစေဆရာ။

  7. ကို​ဇေယျာ

    ပညာပြည့်​ဝ နှလုံးလှ​သော သင်​ဆရာ.မြင်​ဆရာကြားဆရာများအားလုံး ကျန်းမာရွှင်​လန်းပြီး ​အောင်​မြင်​သည်​ထက်​ ​အောင်​မြင်​နိုင်​ကြပါ​စေဗျာ…အစဉ်​​လေးစားလျက်​ပါ..

  8. kyaw soe

    ကျေးဇူးတင်ပါတယ်
    ဝယ်ယူလေ့လာ ဖို့
    ငွေကျေး အခက်အခဲရှိသူမို့ပါ

  9. NyiNyi Aung

    အရမ်းမှန်တာပဲ…လူတွေကအဲလို..နည်းပညာသမားဆိုအထင်မကြီးဘူး

  10. toehlaing

    ကျေးဇူးတင်ပါတယ် ဆရာ.ဆရာစိတ်ဓါတ်ကို လေးစားအားကျမိပါတယ်

  11. heaven

    window ပေါ်မှာ virtual box ခံပြီး ubuntu 14.04တင်တာရပေမဲ့ ရုပ်ထွက်က ထစ်နေတယ် ဘာကြောင့်လဲဟင်

  12. heaven

    ဆရာ စာအုပ်တွေ ဖတ်က သေချာရှင်းပြထားတာ ဆရာရဲ့စေတနာတွေက ထင်ဟပ်နေပါတယ် ကျေးဇူးအထူးတင်ရှိပါတယ် ဆရာ

  13. Kyargyi

    ပထမဆုံး စာအုပ်တွေအတွက် ကျေးဇူးတင်ပါတယ်။ စာအုပ်တစ်အုပ်ထုတ်တဲ့ချိန် ဖြစ်လာတဲ့အခက်အခဲတွေ အတွေ့အကြုံတွေကို အခုလိုမျိုးမျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။ တစ်ဖက်က စိတ်လည်းမကောင်းပါဘူး။ လူတိုင်းကိုယ်အားထုတ်သလောက်တော့ အကျိုးအမြတ်ပြန်လိုချင်ကြပါတယ်။ နေရာတိုင်းက ဂုတ်သွေးစုတ်တဲ့လူတွေကြောင့် ဘယ်တော့မှ ရှေ့ကိုမရောက်တော့မဲ့ အဖြစ်မျိုးကို မရောက်ပါစေနဲ့လို့ဆုတောင်းလိုက်ပါတယ်။

  14.ွှThein Tan

    အခုလိုမျှဝေးပေးတာ ကျေးဇူးတင်ပါတယ်။ တစ်ဖက်ကလည်း စိတ်မကောင်းပါဘူး။

  15. Hein Zaw Bo

    I’m sorry to hear that.
    Yeah! It is very difficult to stand as a technological authour in Myanmar.
    Most of the people are takers and there is few people who is giver. I’m proud of you, sir. Long live your writing, sir Ei Maung.
    Thanks a lot, sir.

  16. kyawni sumin

    js ကို စိတ်ဝင်စားတာကြာပါပြီဆရာ မြန်မာလိုရေးထားတာကို အခုမှတွေ့တော့ freeပဲဆိုတော့ ဆရာ့ရဲ့ ပညာပါရမီ ဟာ ကျွန်တော် ကော စိတ်ဝင်စားအတွက် ပါ အားလုံးအဆင်ပြေမှာပါ
    ဆရာအစစအရာရာ အဆင်ပြေပါ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း လွယ်ကူချောမွေ့စွာ အောင်မြင်နိုင်ပါစေ

  17. Htun Winn

    ကျေးဇူးပါဆရာ Ebook ကိုတော့ Download လိုက်ပါပြီ။ စာအုပ်ကိုဝယ်ဖြစ်မှာပါ။

  18. ကောင်းထက်

    ကျေးဇူးအများကြီးတင်ပါတယ်…ဒီထက်မကအောင်မြင်ပါစေလိုဆုမွန်တောင်းပေးလိုက်ပါတယ်..

  19. Rose Engle

ုဒီ‌လောက်ေ ကာင်းတဲ. စာအုပ်ဖတ်ရလို.အရမ်း ‌ကျေးဇူးတင် ‌ပေမဲ. ပညာကိုတန် ဖိုး မထားတတ်တဲ. လူ ‌‌‌တှေအတှက် စိတ်မ‌ကောင်းဘူး။ May God bless you ဆရာ

  20. Lynn Myint

    ကျေးဇူးအထူးတင်ရှိပါသည်။ website တစ်ခု တည်ဆောက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တိတိကျကျ လေ့လာသိရှိရတော့ အလိမ်မခံရဘူး။ တန်းကြီးမားပါတယ်။ ထပ်မံစကားဆိုပါရစေ… ကျေးဇူးအထူးတင်ရှိပါတယ်ဆရာ။

Leave a Reply

Your email address will not be published. Required fields are marked *