SEO သင်ခန်းစာ – SEO tutorials | Ranking, Pagerank, On Page SEO, Off Page SEO

မင်္ဂလာပါ …ဒီနေ့ SEO နဲ့ ပတ်သတ်ပြီး ပြောမယ့်အကြောင်းကတော့ လက်ကျန် SEO ဗဟုသုတလေးတွေပဲ ဖြစ်ပါတယ်၊ ဒါပြီးရင်တော့ လက်တွေလုပ်ရမယ့် အပိုင်းတွေကို ပြောပြပေးမှာပါ။ ရှေ့ဆက်မသွားခင် အရင် သင်ခန်းစာလေးတွေကို ပြန်ညွှန်းချင်ပါတယ်။ 

၁။ SEO beginner introduction | learn myanmar seo tutorials
၂။ Keyword analysis, keyword research

ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာတွေကတော့

– Ranking သို့မဟုတ် Pagerank
– On Page SEO
– Off Page SEO
စတာတွေဟာ ဘာတွေလဲဆိုတာပဲ ဖြစ်ပါတယ်။

ပထမဦးဆုံး ranking သို့မဟုတ် pagerank ကို မပြောခင် SERP ဆိုတာကို ပြောပါမယ်။ SERP ဆိုတာကတော့ search engine result page ရဲ့ အတိုကောက် ဖြစ်ပြီးတော့ google, yahoo, bing စတဲ့ search engine တစ်ခုခုမှာ တစ်စုံတစ်ရာကို ရှာလိုက်မယ်ဆိုရင် ပေါ်လာတဲ့ website တွေကို list လုပ်ပြထားတဲ့ စာမျက်နှာပဲဖြစ်ပါတယ်။ ၎င်းစာမျက်နှာမှာ website တွေရဲ့ title, domain address (website address), description တို့ ပါဝင်တဲ့ စာရင်းတွေကို ပြသထားပေးပါတယ်။

ranking (pagerank) ဆိုတာကတော့ အဲဒီ SERP စာမျက်နှာမှာ ရောက်ရှိနေတဲ့ အဆင့်ဖြစ်ပါတယ်။ ဥပမာ pagerank 1 ရတယ်ဆိုရင် SERP စာမျက်နှာရဲ့ organic search result မှာ ထိပ်ဆုံးက ပေါ်တယ်လို့ ပြောချင်တာပါ။

နောက်တစ်ခု on page SEO ဆိုတာကတော့ မိမိ website ကို ranking ကောင်းအောင် မိမိ website အတွင်းမှာပဲ ပြုလုပ်ရတဲ့ ပြင်ဆင်မှုတွေကို ခေါ်တာပါ။ ဒီအပိုင်းကတော့ အချိန်အကန့်အသတ် တစ်ခုအတွင်းမှာ ပြီးမြောက်အောင် ပြုလုပ်လို့ရပါတယ်။

off page SEO ဆိုတာကတော့ မိမိ website ကို ranking ကောင်းအောင် မိမိ website မှလွဲပြီးတော့ အခြားသော ပြုလုပ်ရတဲ့ ပြင်ဆင်မှုတွေကို ခေါ်တာပါ။ ဒီအပိုင်းကတော့ တစ်သက်လုံး မပြီးနိုင်ပါဘူး။ မပြီးနိုင်ဘူးဆိုလို့ စိတ်ဓာတ်မကျပါနဲ့၊ လုပ်ရင်လုပ်သလောက် SEO အတွက် ထိရောက်ပါတယ်။ ဒါပေမယ့် ကိုယ့် website ကို အမြဲတမ်း ranking ကောင်းနေစေချင်ရင်တော့ အမြဲတမ်း လုပ်နေရမယ့် ဟာမျိုးပါ။ ranking ကောင်းနေသ၍ ဘာမှဆက်မလုပ်ဘူးဆိုလည်း ရပါတယ်။

ဒီနေ့ကတော့ ဒီလောက်ပါပဲဗျာ၊ နောက်တစ်ခေါက်ကျရင်တော့ on page SEO ကို စတင်ပါတော့မယ်။

Other Links: Singapore SEO Services

 

Leave a Reply

Your email address will not be published. Required fields are marked *