Web Design Tutorials

HTML5, CSS3 ဖြင့် website ရေးနည်း အပိုင်း (၆+၇)

Full Playlists

Youtube မှာ နောက်ထပ် video tutorial တွေတင်ဖို့ရှိသေးတာမို့လို့ Youtube channel ကို subscribe လုပ်ထားပါဦး …



Singapore Web Design (web-designer.sg) website ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကို အသုံးပြုပြီး ရေးပြထားပါတယ်။ အသံသွင်းတုန်းက mic ပြဿနာ နည်းနည်းရှိသွားလို့ အသံက တိုးနေပါတယ်။ ဒါပေမယ့် vlc medai player နဲ့ အသံကို ၂၀၀% လောက်ထား နားထောင်ရင် ကြားရပါတယ်။

Video download လုပ်ဖို့ အခက်အခဲရှိတဲ့သူတွေအတွက်လည်း download လုပ်နည်း ကို ပြောပြပြီးပါပြီ။ အခု ဒီ video တွေအထိ လိုက်လုပ်နိုင်တဲ့လူကတော့ ဒီသင်ခန်းစာတွေ ပြီးတာနဲ့ website တစ်ခု လုပ်တတ်သွားမှာ ဖြစ်သလို၊ website တစ်ခုလည်း လုပ်ပြီးနေမှာပါ။ တစ်ခြား အဆင်မပြေတာလေးတွေ ရှိရင်တော့ မေးနိုင်ပါတယ်။ နောက်တစ်ခေါက် သင်ခန်းစာမှာတော့ နောက်ထပ် စာမျက်နှာတွေကို အလွယ်တကူ ဘယ်လိုလုပ်မလဲဆိုတာ သင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီသင်ခန်းစာပြီးရင်တော့ ကျွန်တော် ရေးထားတဲ့ ဖိုင်တွေကို တင်ပေးပါမယ်။

Video တွေကတော့ အောက်မှာပါ –

အပြည့်စုံဖတ်ရန်

Website ရေးနည်း အပိုင်း (၄ + ၅) – html5 and css3

Full Playlists

Youtube မှာ နောက်ထပ် video tutorial တွေတင်ဖို့ရှိသေးတာမို့လို့ Youtube channel ကို subscribe လုပ်ထားပါဦး …



မဂၤလာပါ၊

Singapore Web Design (web-designer.sg) website ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကို အသုံးပြုပြီး ရေးပြထားပါတယ်။ CSS sprite ရေးနည်းကိုလည်း ဒီတစ်ပတ် သင်ခန်းစာမှာ သင်ပေးထားပါတယ်။ video နှစ်ဖိုင်မှာ တစ်ဖိုင်က အရမ်းတိုးနေပါတယ်။ အသံသွင်းနေတုန်း mic က ဘာဖြစ်သွားလဲ မသိဘူး၊ ဒါပေမယ့် vlc medai player နဲ့ အသံကို ၂၀၀% လောက်ထား နားထောင်ရင် ကြားရပါတယ်။

အရင်တစ်ခေါက်က ရေးတာတော့ တော်တော်လေးပြီးနေပါပြီ၊ ကျွန်တော်တင်ပေးတဲ့ video သင်ခန်းစာတွေကို တောက်လျှောက်လုပ်လာတဲ့လူကတော့ ဒီအချိန်မှာ website တစ်ခုရဲ့ စာမျက်နှာ တစ်ဝက်လောက် ပြီးနေမှာပါ၊ အခုတင်ပေးမယ့် သင်ခန်းစာ နှစ်ခုနဲ့ပါပေါင်းလိုက်ရင်တော့ website တစ်ခုရဲ့ စာမျက်နှာ လေးပုံ သုံးပုံလောက်တောင် ပြီးနေမှာပါ။

အရင်တုန်းက တစ်ပတ်ကို သင်ခန်းစာ တစ်ခုပဲ တင်ပေးပေမယ့် ဒီနေ့တော့ video သင်ခန်းစာ နှစ်ခု တင်ပေးလိုက်ပါတယ်။ အားလုံးပဲ လိုက်လုပ်ကြည့်ပါဦး၊ video သင်ခန်းစာတွေ ပြီးရင်လည်း ကျွန်တော် ရေးထားတဲ့ website files တွေ အားလုံးကို တင်ပေးပါ့မယ်။ ဒီတစ်ပတ်အတွက် video သင်ခန်းစာတွေကတော့ …

အပြည့်စုံဖတ်ရန်

HTML5, CSS3 နဲ့ Website ရေးနည်း အပိုင်း (၃)

Full Playlists

Youtube မှာ နောက်ထပ် video tutorial တွေတင်ဖို့ရှိသေးတာမို့လို့ Youtube channel ကို subscribe လုပ်ထားပါဦး …



Singapore Web Design (web-designer.sg) website ကို နမူနာထားပြီး website ရေးနည်းကို သင်ပေးထားသော သင်ခန်းစာဖြစ်ပါတယ်။ ဒီနေ့ တင်ပေးမှာကတော့ website ရေးနည်း အပိုင်းသုံး ဖြစ်ပါတယ်။ စာအဖြစ်နဲ့တော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး၊ အားလုံး video ထဲမှာ ပြောပြပေးထားပါတယ်။ ဒီတစ်ခေါက် video ကတော့ နည်းနည်းလေး ရှည်ပါတယ်။ တစ်ကယ်လို့ youtube က video တွေ download လုပ်လို့ မရဘူးဆိုရင် https://www.downvids.net/ ကိုသွားပြီးတော့ video ရဲ့ လိပ်စာကို paste လုပ်ပြီး download လုပ်နိုင်ပါတယ်။

အဲဒါကို အခက်အခဲရှိနေဦးမယ်ဆိုရင်လည်း သိပါရစေ၊ comment ချန်ခဲ့ပါ၊ တစ်ခြားနေရာမှာ တင်ပေးလိုက်ပါမယ်။ အရင်က သင်ခန်းစာတွေ ပြန်ကြည့်ချင်တယ်ဆိုရင်တော့

အပိုင်း (၁) HTML5 နဲ့ CSS3 ကို အသုံးပြုပြီးတော့ Website ရေးနည်း (အပိုင်း ၁)
အပိုင်း (၂) Website ရေးနည်း video သင်ခန်းစာ အပိုင်း ၂ (by using HTML5 and CSS3)

အပိုင်း (၃) video ကတော့ အောက်မှာပါ

Website ရေးနည်း video သင်ခန်းစာ အပိုင်း ၂ (by using HTML5 and CSS3)

Full Playlists

Youtube မှာ နောက်ထပ် video tutorial တွေတင်ဖို့ရှိသေးတာမို့လို့ Youtube channel ကို subscribe လုပ်ထားပါဦး …



အရင် တစ်ခေါက်က HTML5 နဲ့ CSS3 ကို အသုံးပြုပြီးတော့ Website ရေးနည်း (အပိုင်း ၁) ကို ကြည့်ဖြစ်ကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက် သင်ခန်းစာမှာတော့ main menu ရေးပုံကို သင်ပြပေးထားပါတယ်။ Singapore Web Design (web-designer.sg) ဆိုက်ကို နမူနာ ထားပြီးတော့ ရေးနည်း သင်ပေးထားတာပါ။ အခက်အခဲရှိရင်တော့ comment ရေးခဲ့ပါ။

အရင်တစ်ခေါက်က video ကြည့်ပြီး တစ်ချို့လည်း feed back လေးတွေပေးကြတယ်၊ အသံက သိပ်မရှင်းဘူးတို့၊ code တွေကို သိပ်မမြင်ရဘူးတို့ပေါ့ဗျာ၊ ပြီးတော့ စကားပြောတာ ပြောချင်သလိုမပြောချင်သလို ဖြစ်နေတယ်တဲ့ 😀
အဲဒါတွေအားလုံးက video ကို download လုပ်ရင် မကြာအောင်လို့ အတတ်နိုင်ဆုံးအချိန်ကို ချုံ့တဲ့ သဘောပါ၊ video minutes တွေ မကြာအောင်၊ မများအောင်၊ စကားကို မြန်မြန်ပြောရပါတယ်။ အဲဒါကြောင့် စကားက ပြောချင်သလို မပြောချင်သလို ဖြစ်နေနိုင်ပါတယ်။ နားမလည်လိုက်ရင် ပြန်ရစ်ပြီး နားထောင်ပေးပါ။
အသံသိပ်မရှင်းလိုက်တာမျိုးဆိုရင် ပြန်ပြန်ရစ်ပြီး နားထောင်ပါ၊ နားလည်သွားပါလိမ့်မယ်။ code တွေကို သေချာမမြင်ရတာမျိုးဆိုရင်တော့ video ကို full screen ချဲ့ပြီးကြည့်ပါ၊ ဒါဆိုရင် အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်က download လုပ်ပြီးသွားရင်လည်း download လုပ်ရတာ အခက်အခဲရှိတဲ့သူတွေကို မျှဝေပေးပေါ့ဗျာ။ သူများကို ပေးကမ်းတဲ့အလုပ်က မြင့်မြတ်သူတွေမှ လုပ်နိုင်တာတဲ့ဗျ။

HTML5 နဲ့ CSS3 ကို အသုံးပြုပြီးတော့ Website ရေးနည်း (အပိုင်း ၁)

Full Playlists

Youtube မှာ နောက်ထပ် video tutorial တွေတင်ဖို့ရှိသေးတာမို့လို့ Youtube channel ကို subscribe လုပ်ထားပါဦး …



မဂၤလာပါ၊

အရင်တစ်ခေါက်တုန်းကတော့ html4 နဲ့ css2 ကို အသုံးပြုပြီး website ရေးနည်း ကို video recording နဲ့ တင်ပေးဖူးပါတယ်။ ဒီတစ်ခေါက်မှာတော့ နောက်ဆုံးပေါ်ဖြစ်တဲ့ HTML5 နဲ့ CSS3 ကိုသုံးပြီးတော့ website ရေးတာကို video recording လုပ်ထားပေးပါတယ်။ Singapore Web Designer (web-designer.sg) website ရဲ့ design ကို ကြည့်ပြီးတော့ HTML5 နဲ့ CSS3 coding ကို ပြန်ရေးပြတာ ဖြစ်ပါတယ်။ video ကို download လုပ်ရတာအဆင်ပြေအောင်၊ video လည်း ဝါးတားတားမဖြစ်အောင် အကောင်းဆုံး size ကို ချိန်ပြီးတော့ တင်ထားပေးပါတယ်။ ကြည့်ရတာ အဆင်မပြေဘူး သေချာမရှင်းဘူးဆိုရင်တော့ video ကို full screen ပြောင်းပြီး ကြည့်ပါ။ full screen ကို အောက်ကပုံမှာ ဝိုင်းပြထားတာလေးကို နှိပ်လိုက်ရင် အကျယ်မြင်ရပါပြီ။

 

html5-css3-making-website

သင်ခန်းစာ Video ကြည့်မယ်ဆိုရင်တော့ အောက်မှာပါ။

Page 1 of 3
1 2 3