ဆန်းသစ်သော ဝဘ်ဒီဇိုင်း၊ ဝဘ်ဆိုက်ရေးသားခြင်းနှင့် SEO

myanmar seo services

ရှာဖွေရေး အင်ဂျင်များနှင့် ကိုက်ညီစေခြင်း

ယခုအခါ အင်တာနက် အသုံးပြုသူတို့သည် ဝဘ်ဆိုက် လိပ်စာများကို မှတ်သားထားလေ့ မရှိတော့ပါ။ တစ်စုံတစ်ရာ လိုအပ်လာသော အခါမှ Google, Yahoo, Bing တို့ ကဲ့သို့သော ဝဘ်ဆိုက် ရှာဖွေရေး အင်ဂျင် များမှတစ်ဆင့် လိုအပ်သော အရာကို ရှာဖွေလေ့ရှိကြပါသည်။ ထို့ကြောင့် လူကြီးမင်းတို့၏ ဝဘ်ဆိုက်သည် Google, Yahoo, Bing တို့၏ ရှာဖွေပေးသော ရလဒ်များတွင် ပထမ စာမျက်နှာ သို့မဟုတ် အမှတ်စဉ် ကောင်းကောင်းတွင် ရှိနေရန် အလွန်အရေးကြီးပါသည်။

ထိုကဲ့သို့ အမှတ်စဉ် ကောင်းကောင်းတွင် ရှိနေစေရန် ရှာဖွေရေး အင်ဂျင်များ၏ လိုအပ်ချက်နှင့် ကိုက်ညီအောင် ဆောင်ရွက်ရပါသည်။

သတိပြုရန်: လူကြီးမင်း၏ customer များ ရှာဖွေသည်ဆိုရာ၌၊ လူကြီးမင်း၏ domain လိပ်စာ (website လိပ်စာ) ကို ရိုက်ထည့်၍ ရှာဖွေမည်မဟုတ်ပါ။ ဥပမာ။   ။ လူကြီးမင်းသည် "ကီန္နရီ" ဟု အမည်ရှိသော travels and tours လုပ်ငန်းတစ်ခုကို တည်ထောင်ထားသည်ဆိုပါစို့။ မြန်မာနိုင်ငံကို ယခုမှ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားများသည် လူကြီးမင်း၏ လုပ်ငန်းအမည်ကို သိမည်မဟုတ်ပါ။ ထို့ကြောင့် လူကြီးမင်း၏လုပ်ငန်းအမည် (ကိန္နရီ travels and tours) နှင့် Google တွင် ရှာမည်မဟုတ်ပါ။ ၎င်းနိုင်ငံခြားသားများသည် မြန်မာပြည်သို့ အလည်အပတ်လာမည်ဖြစ်သောကြောင့် "Myanmar Travels and Tours Company" ကဲ့သို့ (မြန်မာနိုင်ငံရှိ အလည်အပတ် ပို့ဆောင်ရေး ကုမ္ပဏီ ဟု အဓိပ္ပါယ်ရသော) စကားလုံးများနှင့်သာ ရှာဖွေမည်ဖြစ်ပါသည်။ ထို့ကြောင့် SEO သည် လူကြီးမင်း၏ website အား လူကြီးမင်း လုပ်ငန်းအမည် သို့မဟုတ် website လိပ်စာ (domain) ဖြင့် Google တွင် တက်ရုံမျှနှင့် မလုံလောက်ပါ။ ဤမျှလောက်နှင့်ဆို Customer များလည်း ရနိုင်မည် မဟုတ်ပါ။ အထက်တွင် ရှင်းပြခဲ့သလို Customer များ ရှာနိုင်သော စကားလုံးများနှင့် တက်မှသာ Customer များ ရမည်ဖြစ်ပြီး၊ Myanmar Web Designer မှလည်း လူကြီးမင်းတို့ စိတ်ကြိုက်ရွေးချယ်သော စကားလုံးများ၊ လူကြီးမင်းတို့၏ Customer များမှ ရှာဖွေနိုင်သော စကားလုံးများ စသည်တို့ဖြင့် Google ကဲ့သို့သော Search Engine များတွင်ရှာလျှင် ပေါ်လာစေရန် အာမခံဖြင့် ပြုလုပ်ပေးနေပါသည်။

ရှာဖွေရေး အင်ဂျင်များနှင့် ကိုက်ညီစေခြင်း (SEO) ဆိုသည်မှာ များပြားပြီး ခေတ်မီဆန်းပြားသော နည်းပညာများနှင့် အလေ့အထ များကို အဆင့်ဆင့် ဆောင်ရွက်ခြင်း ဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်မှသာ နာမည်ကျော် ရှာဖွေရေး အင်ဂျင်များ ဖြစ်သော Google, Yahoo, Bing တို့တွင် ထိပ်ဆုံးမှ ပေါ်လာမည်ဖြစ်ပါသည်။ ရှာဖွေရေး အင်ဂျင်များ၏ ထိပ်ဆုံးတွင် ရှိနေခြင်းအားဖြင့် လူကြီးမင်း၏ website ကို လူအများအပြားက တွေ့ရှိမည်ဖြစ်သောကြောင့် လူကြီးမင်း၏ လုပ်ငန်းကို အရောင်းအဝယ်ဖြစ်မြောက်မည့် ဝယ်ယူသူများ၊ စားသုံးသူများမှ ဆက်သွယ်လာကာ လုပ်ငန်းအောင်မြင်မှုကို ရရှိစေပါသည်။

Myanmar Web Designer ၏ ရှုထောင့်အရ SEO ဆိုသည်မှာ လူကြီးမင်း၏ ပြိုင်ဘက်လုပ်ငန်းများအတွက် အလွန်ပြင်းထန်ပြီး ကြောက်စရာ အကောင်းဆုံးသော လက်နက်တစ်မျိုး ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တိုးတက် ပွင့်လင်းလာသော ခေတ်အခါအရ ကွန်ပျူတာနှင့် သွားလေရာ ယူဆောင်သွားနိုင်သော စက်ကိရိယာများဖြင့် ကျေးလက်၊ မြို့ရွာမကျန် လူတိုင်း အင်တာနက် အသုံးပြုနေကြပြီ ဖြစ်ပါသည်။ SEO သာ အသုံးပြုထားပါက လူကြီးမင်း၏ လုပ်ငန်းကို ထိုများပြားသော လူထုသို့ အချိန်တိုအတွင်း ကြော်ငြာနိုင်မည်ဖြစ်ပါသည်။ အင်အားကြီးမားလွန်း၍ အပြင်လောကတွင် ယှဉ်ပြိုင်ရန် ခက်ခဲသော လုပ်ငန်းများကို SEO အသုံးပြုခြင်းအားဖြင့် အင်တာနက်မှတစ်ဆင့် လွယ်ကူစွာပင် ယှဉ်ပြိုင်နိုင်ပါသည်။ "လူကြီးမင်းဘက်မှ ဝန်ဆောင်မှု ကောင်းကောင်းပေးပါ၊ SEO မှ စားသုံးသူ ရှာပေးပါမည်" ဟုသာ ပြောလိုက်ချင်ပါသည်။

Google မှ ပြောဖူးသည်၊ အချို့သော ကုမ္ပဏီများသည် SEO ဝန်ဆောင်မှုအတွက် ဟုဆိုကာ ရှာဖွေရေး အင်ဂျင်များ၏ ကြော်ငြာ ကဏ္ဍတွင် လူကြီးမင်း၏ ဝဘ်ဆိုက်ကို ထည့်သွင်းပြီး ငွေတောင်းလေ့ရှိကြသည်။ ဤသို့ ပြုလုပ်ခြင်းမှာ လူကြီးမင်း၏ ဝဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုသူ အရေအတွက်အလိုက် ငွေပေးချေရခြင်းကြောင့် ငွေကုန်ကျမှု ပိုမိုများပြားပါသည်။ ထို့အပြင် ဤသို့ ပြုလုပ်ခြင်းမှာ မည်သည့် ပညာသားမျှ မပါသောကြောင့် SEO မဟုတ်ပါ၊ ရှာဖွေရေး အင်ဂျင်များ မှတစ်ဆင့် စျေးကွက်ချဲ့ထွင်ခြင်းကြောင့် SEM သာဖြစ်ပါသည်။ SEO သည် လူကြီးမင်းတို့ ဝဘ်ဆိုက်ကို အမှတ်စဉ် ကောင်းကောင်းတွင် ရှိနေစေရန် နည်းပညာများဖြင့် ပညာသားပါပါ ဆောင်ရွက်ရပြီး ဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်မှာ ဝင်ရောက်ကြည့်ရှုသူ အရေအတွက်ပေါ် မူတည်ခြင်းမရှိပဲ ပုံသေဖြစ်ပါသည်။

ယခုလက်ရှိတွင် ကျွန်တော်တို့ Myanmar Web Designer မှ ပြည်တွင်း projects များနှင့် နိုင်ငံခြား (အထူးသဖြင့် Singapore) မှ projects များကို လက်ခံ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ SEO စျေးနှုန်းများကို စုံစမ်းရန် ကျွနု်ပ်တို့အား [ဆက်သွယ်ပါ]။ အခြား SEO company များထက် စျေးချိုပြီး ပိုမိုထိရောက်ရန် အာမခံပါသည်။


ကျွနု်ပ်တို့၏ SEO အားသာချက်များ

ကျွန်တော်တို့ မြန်မာ ဝဘ် ဒီဇိုင်နာတွင် အခြားသော SEO ကုမ္ပဏီများနှင့် မတူပဲ ကောင်းမွန်သော အချက်များ များစွာရှိပါသည်။ ၎င်းတို့မှာ -

  1. Google တစ်ခုတည်းသာမဟုတ်ဘဲ အခြားနာမည်ကြီး ရှာဖွေရေး အင်ဂျင်များဖြစ်သော Yahoo နှင့် Bing အတွက်ပါ ပြင်ဆင်ပေးခြင်း။
  2. Google သည် လူသုံးများသော website တစ်ခုဖြစ်သော်လည်း Yahoo နှင့် Bing ကိုလည်း နိုင်ငံဒေသပေါ် မူတည်၍ အသုံးပြုသူများရှိကြပါသည်။ ထို့ကြောင့် ထိုရှာဖွေရေး အင်ဂျင်များတွင် အမှတ်စဉ်ကောင်းများ ရရှိရန် အရေးကြီးပါသည်။ အမှတ်စဉ်ကောင်းလေ website ကို ဝင်ကြည့်သူများလေ ဖြစ်ပါသည်။ ထိုဝင်ကြည့်သူများမှ လုပ်ငန်းအပ်မည့်သူများ၊ စားသုံးသူများ အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

  3. ကျွနု်ပ်တို့၏ SEO ဝန်ဆောင်မှုကို သုံးခြင်းအားဖြင့် လူကြီးမင်း၏ website အမြန်နှုန်းကို သိသိသာသာ မြင့်တက်စေပါသည်။
  4. Google သည် မြန်ဆန်၊ ပေါ့ပါးသော ဝဘ်ဆိုက်များကို အလွန်နှစ်သက်ပါသည်။ ထို့ကြောင့် ဝဘ်ဆိုက်နှစ်ခု ယှဉ်လာပါက ပေါ့ပါး၊ မြန်ဆန်သော ဝဘ်ဆိုက်ကို ပိုကောင်းသော အမှတ်စဉ်တွင် ဖော်ပြပါသည်။ အခြားသော ရှာဖွေရေး အင်ဂျင်များလည်း ထိုနည်းတူပင် ဖြစ်ပါသည်။ ထို့ကြောင့် အမှတ်စဉ်ကောင်း ရရှိစေရန် လူကြီး၏ ဝဘ်ဆိုက်မှ မြန်ဆန်နေရန် အလွန် အရေးကြီးပါသည်။ MWD သည် လူကြီးမင်းတို့၏ ဝဘ်ဆိုက်ကို Google နှင့် Yahoo တို့၏ အမြန်နှုန်း စံများနဲ့ ကိုက်ညီစေရန် ဆောင်ရွက်ပေးပြီး ထိုစံနှုန်းများအရ အဆင့် A ရလောက်သည်အထိ မြန်ဆန်စေရန် ဆောင်ရွက်ပေးပါသည်။

    Google နှင့် Yahoo တို့၏ စံနှုန်းများအရ သတ်မှတ်ပေးသော အဆင့်ပြပုံ
  5. ရှာဖွေရေးအင်ဂျင်များနှင့်လည်း ကိုက်ညီ၊ လူကြီးမင်း၏ လုပ်ငန်းနှင့်လည်း ကိုက်ညီပြီး လာရောက်ကြည့်ရှုသူများအတွက်လည်း အသုံးဝင်သော စာသားများ လိုအပ်လျှင် ရေးသားပေးခြင်း
  6. အခြားသောအားသာချက်များကို လုပ်ငန်းကိစ္စဆွေးနွေးသောအခါ မေးမြန်းဆွေးနွေးနိုင်ပါသည်။

SEO ဝန်ဆောင်မှု ပေးခဲ့ပြီးသော website များ


- Singapore Debt Recovery (www.debtrecovery.sg)

Keywords: Singapore Debt Recovery, Singapore Debt Collection


- Singapore Debt Collection (www.rossendales.com.sg)