ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို Online နည်းပညာတွေသုံးပြီး ဝင်ငွေတိုးအောင် ပြုလုပ်နည်း

လွန်ခဲ့တဲ့တစ်ပတ် ဗုဒ္ဓဟူးနေ့ (၁၉၊ ၂၊ ၂၀၁၄) တုန်းက ကုန်သည်ကြီးများ ဟိုတယ်မှာ မြန်မာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ဦးစီးပြီးတော့ Myanmar Travel & Trade Show 2014 ကို ကျင်းပခဲ့ပါတယ်။ ဒီပွဲကို Singapore နိုင်ငံအခြေစိုက် Sphere Conference ကနေပြီးတော့ စီမံခန့်ခွဲတာဖြစ်ပါတယ်။ ဒီပွဲကို တက်ရောက်ခဲ့ကြတာကတော့ မြန်မာနိုင်ငံက Travels & Tours Company ပိုင်ရှင်တွေဖြစ်ပါတယ်။

ကျွန်တော်ကတော့ Boost your business with online technologies ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်ရောက် ပြောခဲ့ပါတယ်။ ဟောပြောပွဲမှာ Web Design ကောင်းကောင်းရှိဖို့နဲ့ Google မှာ ရှာရင်တွေ့နိုင်ဖို့အတွက် SEO လုပ်ဖို့အကြောင်းတွေ သေချာရှင်းပြခဲ့ပါတယ်။ SEO လုပ်ဖို့ စိတ်ဝင်စားမယ်ဆိုရင်တော့ Myanmar Web Designer က SEO Service အကြောင်းကို အသေးစိတ်ဖတ်ပြီး ဆက်သွယ်နိုင်ပါတယ်။

ဒီ Presentation ကို ကြည့်ချင်းအားဖြင့်

၁။ ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဘယ် အိုင်တီနည်းပညာတွေက ကိုယ့်ရဲ့လုပ်ငန်းကို အထောက်အကူပြု ဝင်ငွေတိုးစေနိုင်သလဲ

၂။ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါ ဘာတွေ ရှောင်ရှားရမလဲ

၃။ Website ကောင်းတစ်ခုဆိုတာ ဘယ်လိုအရည်အချင်းတွေရှိရမလဲ

၄။ Online Marketing နည်းပညာတစ်ခုဖြစ်တဲ့ SEO ဆိုတာ ဘာလဲ၊ ဘာတွေပါဝင်လဲ

စတာတွေကို နားလည်သဘောပေါက်ပြီး ၎င်းတို့နဲ့ပတ်သတ်တဲ့ ဗဟုသုတတွေလည်း ရမှာ ဖြစ်ပါတယ်။

ကိုယ့်စက်ထဲမှာ သိမ်းထားချင်သူများ တစ်ခြားအသိမိတ်ဆွေများထံ ပေးပို့လိုသူများကတော့

Powerpoint 2007 အတွက်ဆိုရင် (https://dl.dropboxusercontent.com/u/39954175/boost-businesses-with-IT-embed.pptx) မှာ ဒေါင်းနိုင်ပြီးတော့

Powerpoint 97 ကနေ 2003 အတွက်ဆိုရင် (https://dl.dropboxusercontent.com/u/39954175/boost-businesses-with-IT-embed.ppt) မှာ download ရယူနိုင်ပါတယ်။

အောက်မှာကတော့ presentation ဖိုင်ကို ဒီ website မှာပဲ တိုက်ရိုက်ကြည့်နိုင်အောင် တင်ထားပေးတာပါ။ တိုက်ရိုက်ကြည့်မယ့်သူများအတွက်တော့ တစ်ချို့ဖောင့်တွေက slideshare က ပြောင်းလိုက်တဲ့အတွက် ဖတ်ရတာ အခက်အခဲဖြစ်ရင် အားနာပါတယ်။

7 thoughts on “ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို Online နည်းပညာတွေသုံးပြီး ဝင်ငွေတိုးအောင် ပြုလုပ်နည်း

Leave a Reply

Your email address will not be published. Required fields are marked *