နည်းပညာ လေ့လာနည်း
the-best-way-to-learn-it
နည်းပညာ လေ့လာတဲ့အခါမှာ လမ်းလွဲ လမ်းမှားတွေ ရောက်တတ်ကြသလို၊ အချိန်ကုန်သွားပြီး ဘာမှမရလိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီ နည်းပညာ လေ့လာနည်း က IT နည်းပညာ ကို အချိန်တိုအတွင်း အကျိုးရှိရှိ အသုံးချနိုင်အောင် ဘယ်လိုလေ့လာရမယ်ဆိုတာကို ပြောပြပေးမှာ ဖြစ်တဲ့အတွက်ကြောင့် computer နည်းပညာ လေ့လာမယ့် လူငယ်လူရွယ်တိုင်း ဂရုတစိုက် ဖတ်ရှုမှတ်သား သင့်ပါတယ်။
အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံက တဖြည်းဖြည်းနဲ့ တိုးတက်နေပါပြီ။ အဲဒီလို အဖက်ဖက်ကနေ တိုးတက်နေတဲ့အချိန်မှာ မီအောင်မလိုက်နိုင်လို့ နောက်ကျ ကျန်ခဲ့ရင် နောင်တစ်ချိန်မှ မီအောင်ပြန်လိုက်နိုင်ဖို့ဆို တော်တော်ကြီးကို ခက်ခဲသွားမှာပါ။ ကျွန်တော်ကတော့ နည်းပညာ သမားဆိုတော့ နည်းပညာ နဲ့ ပတ်သတ်တာကိုပဲ ပြောမှာပါ။ တိုင်းပြည်ကြီးက တိုးတက်လာတဲ့ အတွက်ကြောင့်မို့လို့ IT နည်းပညာ တွေလည်း အဖက်ဖက်က တိုးတက်နေပါတယ်။
ဒီအကြောင်းကို ကျွန်တော် ဥပမာ တစ်ခုနဲ့ ပြောပြချင်ပါတယ်။ ဒီဥပမာကို အရင်တုန်းက ကျွန်တော် သင်တန်းဆရာ လုပ်တုန်းကလည်း သင်တန်းသားတွေကို ပြောပြဖူးပါတယ်။ ကျွန်တော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော် သင်ပေးနေတဲ့ တစ်ချို့တစ်ယောက်ကိုလည်း ဒီဥပမာကို ပြောပြခဲ့ဖူးပါတယ်။
ကျွန်တော်တို့ ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့ သွားမယ်ဆိုပါစို့။ ကျွန်တော်တို့က နည်းနည်းနောက်ကျပြီးမှ ဘူတာကို ရောက်တယ်။ ကျွန်တော် လက်မှတ်ဝယ်ထားတာက ဒုတိယတွဲမှာ။ ကျွန်တော်တို့ ရောက်နေတဲ့အချိန် ရထားက တစ်လိမ့်လိမ့်ထွက်နေတယ်။ ကျွန်တော်တို့ပြေးတာထက် ရထားခုတ်တာက ပိုမြန်နေလို့ ဒုတိယတွဲကို ပြေးလိုက်ဖို့ မမီတော့ဘူး။ ဒီအခြေအနေမှာ အားလုံး ကိုယ့်စိတ်ကူးနဲ့ကိုယ် အတွဲ (၂) ကို ဘယ်လို ရောက်အောင်သွားမလဲဆိုတာ နည်းနည်းစဉ်းစားကြည့်ပါ။ ပြီးမှ ကျွန်တော် ပြောတာကို ဆက်ကြည့်ပါ။ ကျွန်တော့်ရဲ့ စဉ်းစားပုံက နောက်တစ်ပိုဒ်မှာ ရှိပါတယ်။
အဲဒီအခွိနမြှာ ကွှနတြောတြို့ လုပနြိုငတြဲ့ တဈခုတညြးသော နညြးလမြးက၊ မီတဲ့အတှဲကို အရငခြိုတကရြပါမယြ။ အဲဒီလို တကလြိုကပြှီဆိုရငြ ကွှနတြောတြို့ ရောကခြငွတြဲ့အတှဲ (၂) ကို ရထားတှဲတဈခုကနေ တဈခုကို ပုံမှနအြတိုငြး လမြးလွှောကပြှီး သှားရငတြောငြ ခဏနရငြေ ရောကပြါတယြ။ ဒီလိုပါပဲ အိုငတြီ နညြးပညာ ဟာလညြး အခုအခွိနမြှာတောတြောကြှီး တိုးတကနြပှေီး ဖှဈပါတယြ။ ပုံမှနအြတိုငြးသာ ပှေးလိုကရြငတြော့ လိုကလြေ ဝေးလဖှဈေပှီး နောငတြဈခွိနမြှာ အိုငတြီပညာကို လုံးဝစိတကြုနသြှားမှာသခွောပါတယြ။ ဒါကှောင့ြ အခုဘယလြောကြ တိုးတကြ တိုးတကြ၊ မိမိနားမှာ ရှိတဲ့၊ မိမိနဲ့ နီးစပတြဲ့ နညြးပညာမှနသြမွှကို လေ့လာပါ။ တဈခွို့လူတှရှေိတယြ ဘာပဲ လုပလြုပအြခှခေံ ကကွလွုပလြေ့ရှိတယြ။ အဲလိုလုပတြာ နရောတိုငြးတော့မကောငြးဘူးပေါ့။ ဟာသအနနေဲ့ ပှောရရငြ ရတှငြေးတူးရငြ အခှခေံကကွဆွိုပှီး အောကဆြုံးကနေ တူးလို့မှ မဖှဈတာ။အဲဒီလိုလူတှကေ သငတြနြးကို အရမြးအားကိုးတယြ၊ သငတြနြးတကမြှ အခှခေံကကွတွတမြယလြို့ ခံယူထားတယြ။ အဲဒီ ခံယူခကွကြှောင့ပြဲ ကိုယတြိုငြ အားစိုကဖြို့ မေ့နတတေကြှတယြ။သငတြနြးမတကဖြို့ ပှောနတော မဟုတပြါဘူး။ တဈကယ့လြကတြှေ့မှာ ဘယသြငတြနြး ဘယလြောကကြောငြးကောငြး ကိုယတြိုငြ အားမစိုကရြငြ မတတပြါဘူး။ Computer နညြးပညာ မှာအဲလိုခံယူခကွတြှရှေိနရငြေ တိုးတကဖြို့ ခဲယဉြးပါတယြ။ အိုငတြီ နညြးပညာေ တှအားလုံးက ကိုယပြိုငြ စိတကြူးတှနေဲ့ ဖနတြီးရတဲ့ နညြးပညာ တှပေါပဲ။
တစ်ချို့တွေရှိတယ် design ဆွဲတဲ့ သင်တန်း တစ်ခုခု သွားတက်လိုက်တယ်။ သင်တန်းပြီးလို့ certificate ရပြီဆို သူတို့ကိုယ်သူတို့ designer တစ်ယောက်လို့ သတ်မှတ်လိုက်တယ်။ Programming language တစ်ခုခုကို သင်တန်းမှာ သွားတက်လိုက်တယ်။ သင်တန်းဆင်းလို့ လက်မှတ်ရပြီဆို သူတို့ကိုယ်သူတို့ programmer လို့ သတ်မှတ်လိုက်တယ်။ ကိုယ်ပိုင် စိတ်ကူးမကောင်းသရွေ့ ဘယ်တော့မှ designer, programmer ဖြစ်ဖို့ မလွယ်ကူပါဘူး။
အခုခေတ်မှာ လူငယ်တွေသိတဲ့ အိုင်တီ သမား ဆိုတာ software တွေတင်၊ crack တွေရှာတင်ပေး။ ဒီလောက်ဆိုရင် လူတော်တော်များများက IT သမားလို့ ထင်နေကြပါတယ်။ သူတစ်ပါးကို ပုတ်ခတ်တာ မဟုတ်ပါဘူး။ IT နည်းပညာ ဆိုတာ ကျယ်ပြန်ကြောင်း သိစေချင်တာပါ။ ဒီလောက်နဲ့ ကျေနပ်နေကြမယ်ဆိုရင် နောက်ပိုင်းမှာ နောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ software crack ရှာတတ်၊ software တွေ သုံးတတ်ရုံနဲ့ IT မဖြစ်ပါဘူး။ IT ဆိုတာ အရမ်းကျယ်ပြန့်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ နည်းပညာပိုင်းမှာ နောက်ကျမကျန်ခဲ့အောင် ဘယ်လိုလေ့လာရမယ်ဆိုတာ ပြောမှာဖြစ်ပါတယ်။
၁။ ကိုယ့် professional လမ်းကြောင်း ရွေးပါ။
၂။ ပတ်သတ်ရာ သင်တန်း တစ်ခုခုတက်ပါ။
၃။ ကိုယ်ရွေးထားတဲ့ လမ်းကြောင်းနဲ့ အလုပ်ဝင်လုပ်ပါ။
၄။ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပါ။
၅။ ကိုယ်ပိုင်များများတွေးပါ၊ သူများတွေရဲ့ အတွေးကို လေ့လာပါ။
အားလုံးကို အသေးစိတ် ရှင်းပြပါမယ်။
၁။ ကိုယ့် professional လမ်းကြောင်း ရွေးပါ။
အပေါ်မှာ ပြောခဲ့သလိုပဲ IT ဆိုတာ အရမ်း ကျယ်ပြန့်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်းနဲ့တော့ အားလုံး တတ်ချင်နေလို့ မဖြစ်ပါဘူး။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကို ဘာစိတ်ဝင်စားလဲဆိုတာ ပြန်မေးပါ။ design (graphic design, architect design, web design), programming or development (desktop development, mobile development, web development), Hardware and Network, … စသဖြင့် ရှိတဲ့အထဲမှာ ကိုယ်တစ်ကယ် စိတ်ဝင်စားတဲ့ အပိုင်းကို ရွေးချယ်ပါ။ စိတ်ဝင်စားတယ်ဆိုတဲ့နေရာမှာ ကိုယ်စိတ်ဝင်စားမှု အတိုင်းအတာက ပိုက်ဆံဘယ်လောက်ရလဲဆိုတာအပေါ် မမူတည်ရပါဘူး။ ကိုယ်တိုင်တစ်ကယ် စိတ်ဝင်စားရင် အာရုံစိုက်ပြီး လုပ်နိုင်တဲ့အတွက် product ကောင်းကောင်းတွေ ဖန်တီးနိုင်ပါတယ်။ ကိုယ်ဖန်တီးတဲ့ products တွေသာ ကောင်းနေမယ်ဆိုရင် ပိုက်ဆံက အလိုလို ရလာပါလိမ့်မယ်။ ဒါကြောင့် တစ်ကယ်စိတ်ဝင်စားတာကို ရွေးပါ။ products တိုင်းကို ကောင်းအောင်လုပ်ပါ။
၂။ ပတ်သတ်ရာ သင်တန်း တစ်ခုခုတက်ပါ။
ကျွန်တော် အပေါ်မှာလည်း သင်တန်းတွေကို အရမ်းအားမကိုးဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သင်တန်းမတက်ခိုင်းတာတော့ မဟုတ်ပါဘူး။ ကိုယ့်လမ်းကြောင်း ကိုယ်ရွေးပြီးပြီဆို ကိုယ့်ရည်ရွယ်ချက်ကို မြန်မြန်ဆန်ဆန် ရောက်အောင် သင်တန်းကိုတော့ အကူအညီအဖြစ်နဲ့ ယူရပါမယ်။ သင်တန်းတက်နေတဲ့အချိန်မှာလဲ သင်တန်းက သင်တာထက်ကို ကိုယ်တိုင်က များများတွေးခေါ်ပြီး သင်တန်းဆရာနဲ့ အမြဲတမ်း ဆွေးနွေးနေရပါမယ်။ ဒါမှသာ သင်တန်းတက်ပြီးရင် ကိုယ်ပိုင်အတွေးအခေါ်တွေ အများကြီး ရင့်ကျက်လာမှာ ဖြစ်ပါတယ်။
၃။ ကိုယ်ရွေးထားတဲ့ လမ်းကြောင်းနဲ့ အလုပ်ဝင်လုပ်ပါ။
သင်တန်းပြီးသွားပြီဆိုရင်တော့ “တတ်ပြီးပညာ မလေ့လာ၊ မကြာမရှည် ပျောက်တတ်သည်” ဆိုတာမျိုး မဖြစ်ရအောင်လို့၊ တက်ထားတဲ့ သင်တန်းတဲ့ လိုက်ဖက်မယ့် အလုပ်ကို ရှာလုပ်ပါ။ အခုမှ သင်တန်းတက်ပြီး အလုပ်ရှာနေတာမို့လို့ လစာကို ချေး(ဂျီး)မများပါနဲ့၊ ဒါပေမယ့် company ကိုတော့ ရွေးပါ။ company တွေက အလုပ်သမား ရွေးသလိုမျိုး ကိုယ်တိုင်ကလည်း company ရွေးချယ်ခွင့် ရှိပါတယ်။ တစ်ချို့ company တွေက အစမှာ လစာမကောင်းပေမယ့် ကိုယ့်အရည်အချင်းကို သိပြီးတဲ့နောက်မှာ လစာကောင်းကောင်း ပေးတတ်ပါတယ်။ တစ်ချို့ကလည်း အစပိုင်းမှာ ကောင်းသယောင်ယောင်ရှိပေမယ့် နောက်ပိုင်းမှာ လစာက မတိုးတော့တာမျိုး ရှိတတ်ပါတယ်။ ဒါက လစာကို ဥပမာအနေနဲ့ ပြောပြတာပါ။ company ရွေးတဲ့အခါမှာ အခြား စဉ်းစားရမယ့်အချက်တွေ အများကြီး ရှိပါတယ်။ အလားအလာရှိပြီး ရေရှည်မှာ ကိုယ့်အတွက်ကောင်းမယ့် company ကိုရွေးပါ။
၄။ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပါ။
ကိုယ်တစ်ယောက်တည်းဆိုရင် ကိုယ့် idea တစ်ခုတည်းပဲ ထွက်ပါမယ်။ အဲဒီအခါကျရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ့် idea က ပုံသေဖြစ်လာမယ်ဆိုရင် အကောင်းဆုံးလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပြီး သူတို့နဲ့ အမြဲတမ်း ဆွေးနွေးနေပါ။ သူငယ်ချင်းလို့ပြောတဲ့ထဲမှာ လူမှ မဟုတ်ပါဘူး ဆွေးနွေးနိုင်မယ့် ဘယ်အရာမဆို အကြုံးဝင်ပါတယ် (ဥပမာ၊ ၊ online forum)။ မိတ်ဖွဲ့ခိုင်းရတဲ့ အဓိက ရည်ရွယ်ချက်က မိမိ idea တွေ အမြဲတမ်း ဆန်းသစ်နေဖို့ပါ။ ဒါကြောင့် တစ်ခြား လေ့လာမှုတွေလည်း ပါရပါမယ်။
၅။ ကိုယ်ပိုင်များများတွေးပါ၊ သူများတွေရဲ့ အတွေးကို လေ့လာပါ။
ဒီနေရာမှာ လူတိုင်းမှားတတ်ကြတာက ကိုယ်တိုင်များများမတွေးဘဲ။ သူများဆီက ကူးချတာက များနေပါတယ်။ သူများဆီက idea ကူးချနေရုံနဲ့တော့ ဘယ်တော့မှ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်ပါဘူး။ အစပိုင်းမှာ ပိုက်ဆံများများရမယ့် လမ်းကြောင်း ရွေးထားတယ်၊ အလွယ်လိုက်ပြီး သူများ idea တွေကိုပဲ အသုံးပြုပြီး အလုပ်လုပ်နေမယ်ဆိုရင် အချိန်ဘယ်လောက်ကြာကြာ ကိုယ့်ရဲ့ဝင်ငွေက တိုးဖို့ မရှိတော့ပါဘူး၊ တိုးလည်း နည်းနည်းပါပဲ။ ကိုယ်ပိုင် idea ကို အသုံးပြုပြီး အလုပ်လုပ်မယ်ဆိုရင်တော့ ဘယ်လောက် လစာ မကောင်းတဲ့ company မှာ ဝင်လုပ်နေပါစေ။ ကိုယ့်ရဲ့ လက်ရာတွေက ပိုက်ဆံများများပေးမယ့် company တွေကို ဖိတ်ခေါ်နေပါလိမ့်မယ်။ ဆိုလိုတာက ကိုယ့်ရဲ့ လက်ရာတွေသာ ကောင်းနေမယ်ဆိုရင် ဘယ် company မှာ သွားလျှောက်လျှောက် အလုပ်ရဖို့ ရာခိုင်နှုန်း များပါတယ်၊ တစ်ဆင့်ထက် တစ်ဆင့် မြင့်တဲ့ အခွင့်အလမ်းတွေ ပေါ်လာမှာပါ။ ဒါပေမယ့် ကိုယ့် idea တစ်ခုတည်းနဲ့လည်း မဖြစ်ပါဘူး။ သူများ idea တွေကိုလည်း လေ့လာပါ။ ဒါပေမယ့် ကိုယ်ပိုင် idea သုံးတဲ့ ရာခိုင်နှုန်းက ပိုများရပါမယ်။ ကိုယ်ပိုင် အတွေးအခေါ်က ၈၀%၊ တစ်ခြား အတွေးအခေါ်က ၂၀% လောက်ဖြစ်နေရပါမယ်။ အဲဒီ ၂၀% တောင် တစ်ခြား လူ ၁၀ ယောက်လောက်ဆီက ယူရမှာဖြစ်ပါတယ်။ ဒါမှ ကိုယ့် လက်ရာ (products) တွေမှာ သူများရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးမနေမှာ ဖြစ်ပါတယ်။ ကိုယ့်ဦးနှောက်ကို သုံးရတာ အစပိုင်းမှာ တော်တော်ခက်သလို၊ products ကောင်းကောင်းတွေလည်း ထွက်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် လွယ်လွယ် အညံ့ခံပြီးတော့ ကူးချဖို့ပဲ စိတ်မစောနေပါနဲ့။ အခုအချိန်မှာ အချိန်ပေးထားလိုက်ရင် နောင်တစ်ချိန်မှာ products ကောင်းကောင်းတွေ ရရှိလားမှာပါ။ စု၊ တု၊ ပြု ပဲရှိပါတယ်။ စု၊ ကူး၊ ပြု ဆိုတာ မရှိပါဘူး။ အားလုံးပဲ ခေတ်ရေစီးကြောင်းနဲ့ အမီ လိုက်နိုင်ကြပါစေ။
29 thoughts on “နည်းပညာ လေ့လာနည်း
  1. ၀ါဝါလှိုင်
    မင်္ဂလာပါအစ်ကိုရေ သမီးကတော့ ၀ါဝါလှိုင်ပါ ညီမလေးမသိတားလေးတွေရှိလို့မေးခွင့် ပြုပါနော် အဲဒီပညာကိုရှာနေတာ နှစ်နဲ့ချီလာပြီ ရှိသမျှမြန်မာ it helper တွေလဲကုန်တော့ပါမယ် အင်္ဂလိပ်စာသိပ်မကျွှမ်းတော့ တော်တော့်ကိုခက်နေပါတယ်
    ခုလဲ သူငယ်ချင်းတစ်ယောက်က websit နဲ့ပတ်သတ်ရင် အစ်ကိုတစ်ယောက်တော့သူအကူညီတောင်းနေကျရှိတယ်ဆိုလို ဒီနေရာလေးကိုယောက်လာတာပါ သမီး က
    html နဲ့ css စိတ်ဝင်စားလို့ web တွေလုပ်ရတာကြီုက်လို့
    သင်တန်းတက်ထားပါတယ် ဒါပေမယ် သင်တန်းကပြီးသာပြီးသွားတယ် home page
    နဲ့ နဲနဲပါးပါး updat လုပ် လို့ရတဲ့ web လေး တွေပဲ ပြီးသွားပါတယ် အမြဲတမ်း လိုလို up date လုပ်နေရတဲ့ websit လုပ်နည်းလေးအရိပ်အမွတ်လောက်သိချင်ပါတယ် အဲဒီလိုအမြဲတမ်းအပ်ဒိတ်လုပ်နည်းနဲ့ label တွေဘာတွေခွဲ တာ numbered page navigation လုပ်နည်းတွေပါသိချင်ပါတယ်နော် အဲဒါကို လိုက်မေးနေတာ တော်တော်ကျာနေပါပြီ ကိုယ်ဘာသာလဲစမ်းလုပ်ကြည်တယ်မရဘူးဖြစ်နေတယ် webmaster အစ်ကိုတွေ အမတွေကိုလိုက်မေးတော့လဲမပြောပြချင်တာလားး မပြောပြတက်တာလားပြောတာကိုပနြားမရျင်းလို့လားမသိဘူး blogger တို့ wordpress တိုကိုပဲညွှန်းပါတယ် အဲဒါတွေကကောင်းပါတယ် blogger ဆို တော်တော်ကိုအဆင်ပြေပါတယ် ဒါပေမယ့်အဲ့ဒါ ကသူ့မူပိုင်ရှိပြီးသားတွေ ရှင်းရှင်းပြောရရင် blogger ကပေးတဲ့ ဘလော့ တစ်ခုကို ကိုယ်ပိုင် host နဲ့လုပ်ချင်တာမျိုးပါ ကိုယ်ယူထားတဲ့ hosting ကနော web တစ်ခုကိုလွှင့်လိုက်မယ် ပြီးရင်အဲဒီ web ကို ဘလော့တစ်ခုလိုပဲ ပြင်လို့ဆင်လို့ update လုပ်လို့ရချင်တာပါ အခု သင်တန်းကသင်ပေးလိုက်တာက page တစ်ခုနဲ့တစ်ခုကူးဖို့ .html တို့ .php တို့နဲ့ ကူးတာမျိုးပဲသင်ပေးပါတယ်
်ူfolder လိုက်ချပြပြီး
    https://www.myanmarwebtraining.com/category/android အဲလိုလေဘယ်ခွဲချင်တာမျိုးပါ အဲဒီ လေဘယ် ထဲမှာ ပိုစ် တွေပါချင်သလောက်ပါမယ် များလာရင် order post အော်တိုလုပ်ပေးသွားတာမျိုးပါ နဲနဲရှည်သွားပါတယ်နော် အစ်ကိုကူညီနိုင်မယ်လို့ထင်ပါတယ် အဲဒီပညာရှာနေတာ အတန်းတွေလဲပျက် ခေါင်းတွေလဲမူးးး နဲ့အလကားနေ လိုင်းပေါ်ရောက်နေလို့မေမေ့အဆူခံလဲနေ့တိုင်းထိပါတယ် အမြဲတမ်းအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ် web လုပ်တဲ့လူတွေလဲများများလာပါစေလို့ဆုတောင်းပေးပါတယ် တကယ်မသိလို့မေးတာပါဖြစ်နိုင်ရင်ဖြေပေးစေချင်ပါတယ်ရှင့်
    1. MyoWin
      ဒီ blog ကိုလည်း wordpress နဲ့ လုပ်ထားတာပါ။ WordPress မှာ ညီမအခုပြောတဲ့ functions တွေ အကုန်ပါပါတယ်။ သေချာ အတွင်းကျကျလေ့လောဖို့ပဲ လိုတာပါ။ အလုပ်တစ်ခုခုလုပ်တဲ့အခါမှာ အရေးအကြီးဆုံးက ဘာမှမသိသေးခင်မှာ မဆုံးဖြတ်တာပါပဲ။ အခု ညီမဖြစ်နေတာက wordpress တို့ blogger တို့ကို ညီမလိုချင်တာနဲ့ အဆင်မပြေဘူးလို့ သတ်မှတ်ထားတာပါ။ ဒါပေမယ့် သေချာ လေ့လာဖြစ်ပြီလားဆိုတော့ မလေ့လာရသေးဘဲနဲ့ သတ်မှတ်ထားတာဖြစ်နေပါတယ်။ ဒါကြောင့် အရင်ဆုံး သေသေချာချာလေ့လာလိုက်ပါ။ လေ့လာရင်းလုပ်ကြည့်ပါ။ အဲဒီအခါကျရင် ကိုယ်တိုင်များများလေ့လာပါ။ ဘယ်လိုမှ လုပ်လို့မရ၊ ဘယ်လိုမှ အွန်လိုင်းမှာ ရှာလို့မရဘူးဆိုမှ အကူအညီတောင်းပြီး မေးကြည့်ပါ။ WordPress ရော၊ Blogger မှာပါ ညီမလိုချင်တာတွေ အားလုံးရှိနေပါတယ်။
  2. Moezes
    ကျေးဇူးတင်ပါတယ်ဗျား။ ကျွန်တော်ကတော့ ထိုင်းနိုင်ငံ ရနောင်းမြို့က အလုပ်သမားတစ်ယောက်ပါ။ ကျွန်တော် website ရေးနည်းသင်ချင်လို့ youtube ပေါ်မှာလိုက်ရှာတယ်။ အင်္ဂလိပ်လိုတွေချည်း ဖြစ်နေတော့ ကျွန်တော့်အတွက် သိပ်အဆင်မပြေဘူးဗျား။ ဒါကြောင့်မြန်မာလိုများရှိမလားမသိ ဆိုပြီးရှာကြည့်တော့ Myanmar Web Designer ကတင်ပေးထားထဲ Web site ရေးနည်းလေကို တွေတော့ တကယ်ကျေးဇူးတင်ဝမ်းသာမိပါတယ်။ ပီတိလည်းဖြစ်မိပါတယ်။ အားနည်းချက်လို့တော့ပြောလို့ရမလားတော့မသိဘူးဗျား..ကျွန်တော့်မွေးရပ်မြေက ကျေးတောရွာတစ်ခုပါ မိသားစုအဆင်ပြေရေးအတွက် ထိုင်းကိုရောက်လာတာပါ။ အတန်းပညာကလည်းနည်းပြီး ဘာသင်တန်းမှလည်း မတက်ဘူးပါ။ ဒါပေမယ့်ကျွန်တော်ယုံကြည်နေမိတယ် “ကျွန်တော်လေ့လာတတ်မြောက်နိုင်ပါတယ်လို့”။ ဒီနေ့ website ကိုတွေ့ရတာလည်းကျွန်တော်အရမ်းပဲဝမ်းသာသွားမိတယ်.. ကျွန်တော်ဆက်လက်လေ့လာနိုင်ပြီ။ ကျေးဇူးတင်ပါသည်။
    1. MyoWin
      အချိန်ပေးပြီး ပုံမှန်လေ့လာရင် ရပါတယ်။ အချိန်မပေးနိုင်တာတို့၊ ပုံမှန်မလုပ်နိုင်တာတို့ဆိုရင်တော့ မရပါဘူး။
  3. S Khuppi
    အစ်​ကိုခုလိုတင်​​ပေးတာ ​ကျေးဇူးတင်​ပါတယ်​​နော်
    ကျ​တော်​ အစ်​ကို့စာကိုဖတ်​ပြီးအရမ်းအားရှိသွားတာဘဲ ကျ​တော်​ Networking ပိုင်းကိုစိတ်​ဝင်​စားလို့ ​လေ့လာ​နေပါတယ်​။ ဒီလို​လေ့လာတဲ့​နေရာမှာကျ​တော်​အခက်​​တွေ့တာနည်းနည်းရှိပါတယ်​။ ကျ​တော်​ မိသားစုအခက်​ခဲ​ကြောင့်​ဘယ်​သင်​တန်းမှလဲ မတတ်​ဖူးဘူး။ online ​ပေါ်က Networking စာအုပ်​​တွေကို pdf file နဲ့ ဖတ်​​နေရပါတယ်​ (စာအုပ်​မဝယ်​နိုင်​လို့) သင်​တန်းမတတ်​ဖူးဘူး ရှင်းပြတယ်​ဆို​တာလဲမရှိ​တော့ စာဖတ်​ရုံနဲ့ ကျ​တော့်​ကိုကျ​တော်​မလုံ​လောက်​ဘူးလို့ထင်​​နေပါတယ်​။ အဲဒါ သင်​တန်းကိုဘယ်​လိုတတ်​ရမလဲမသိလို့ပါ။ ​ပြောပြ​ပေးလို့ရမလား?
    ဖတ်​​ပေးလို့​ကျေးဇူးတင်​ပါတယ်
    S Khuppi
    1. MyoWin
      သင်တန်းတော့ ကျွန်တော် မပြောပြတတ်ပါဘူး။ Networking လေ့လာနေတယ်ဆိုရင်၊ စိတ်ဝင်စားတယ်ဆိုရင် ကိုယ်တိုင်က Networking နယ်ပယ်ထဲကို ရောက်နေရပါတယ်။ ရောက်အောင်လုပ်ရမှာက ကိုယ့်တာဝန်ပါ။
      အပေါ်က အချက်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် နံပါတ် ၂ အချက်ကို ပယ်နိုင်ပါတယ်။ ဒါပေမယ့် ဘာမှမတတ်ဘဲ အလုပ်ဝင်လို့တော့ မရပါဘူး။ ဒါပေမယ့် တိုက်ရိုက်ဝင်လို့မရပေမယ့် နီးစပ်တဲ့နေရာကိုတော့ သွားလို့ရပါတယ်။ အနည်းဆုံး ကွန်ပျူတာသုံးတတ်ရင် အင်တာနက်ဆိုင်လောက်တော့ အလုပ်လျှောက်လို့ရပါတယ်။ အင်တာနက်ဆိုင်ကို ဘာလို့ရွေးရလည်းဆိုတော့၊ လေ့လာဖို့အတွက် အကောင်းဆုံးနေရာဖြစ်လို့ပါ။ အင်တာနက် အချိန်ပြည့်သုံးနိုင်တဲ့အတွက် လိုချင်တာ လေ့လာလို့ရပါတယ်။ computer တွေရှိတဲ့အတွက်
      ၁။ စက်ပျက်ရင် ပြင်ခွင့် (သို့) ပြင်တာကို ကြည့်ခွင့် ရနိုင်ပါတယ်။
      ၂။ Networking လက်တွေ့ လေ့လာလို့ရပါတယ်။
      ၃။ Online ကနေ စာတွေ့ လေ့လာနိုင်ပါတယ်။
      ၄။ လစာရပါမယ် (လစာစုပြီး သင်တန်းတက်နိုင်ပါတယ်၊ သင်တန်းတက်မယ်ဆိုရင်တော့ သေချာ စုံစမ်းပြီး တက်ပါ။)
      ၅။ မိတ်ဆွေပေါပါမယ်။
      အဲဒါတွေအပြင် တစ်ခြားအကျိုးကျေးဇူးတွေလည်း ရနိုင်ပါသေးတယ်။ အဲဒီအချက်တွေမရတဲ့ဆိုင်မှာဆိုရင်တော့ မလုပ်သင့်ပါဘူး။
  4. minlu
    အကို ကျွန်တော်programming ရေးတတ်ချင်တယ်c++စာအုပ်တွေဖတ်ပြီးတော့လေ့လာကြည့်တယ် ဒါပေမယ့် သင်္ကေတတွေရဲ့သဘောတရားကိုသိပ်နားမလည်ဘူး။နားလည်အောင်ဘယ်လိုစာအုပ်မျိုးတွေဖတ်ရမလဲ အကို၊ကျေးဇူးပြုပြီးညွှန်ကြားပေးပါလား
  5. Ye Yint Aung
    Webmaster တယောက်ဖြစ်ဖို့ရည်မှန်းထားပါတယ် web ပိုင်းမှာတော်တော်စိတ်ဝင်စားပါတယ် web design တို့ web,developmentတို့ပါဘာတွေလိုအပ်သလဲ ဘာသင်တန်းတွေတတ်ရမလဲ ခင်ဗျ
    ကျောင်းမှာတော့ Html တွေ css တွေအခြေခံသင်ထားလို့နားလည်ပါတယ် လမ်းညွှန်ပေးရင် အရမ်းကျေးဇူးတင်မိမှာပါ
  6. Aung
    အရမ်းကောင်းပါတယ် အခုလိုမျိုးအခြေခံသိသင့်တာတွေကို အတွေ့အကြုံနဲ့ ယှဉ်ပြီးရှင်းပြထားတာ။ ကျွန်တော့်အထင်ပြောရရင် နည်းပညာစိတ်ဝင်စားတဲ့ မြန်မာလူငယ်တွေ resource ရှာတဲ့နေရာမှာအားနည်းနေကြသလားပဲ။ အတွေ့အကြုံရှိတဲ့ လူတွေကလမ်းပြပေးနိုင်ရင်တော့ ကောင်းပါမယ်။
  7. Kyawkyaw
    ကျွန်တော် ဓါတ်ပုံဆရာတစ်ယောက်ပါ ပညာမစုံသေးလို့
    သင်တန်းတက်ချင်သေးတယ် ရန်ကုန်မှာ ဘယ်ဆိုင်အဆင်ပြေမလဲ
    ဖြေပေးပါ
  8. Pan Lay Nyinn
    ဒီပို့စ်ကိုတင်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်
    အခု Graphic Designer အလုပ်ကိုလုပ်နေပါတယ်.
    အစ်ကိုပြောထားတဲ့ အချက်(၅)ချက်ထဲက (၃)ချက်ထိရောက်နေပါပြီ
    (၄)နဲ့(၅)ကတော့ ကြိုးစားနေတုန်းပါပဲ အစ်ကို့ရဲ့ပိုစ်ကို ဖတ်လိုက်ရတဲ့အတွက် အားအင်တွေ ပိုရှိလာပြီး အရင်ကထက် ပိုလေ့လာဖို့လိုနေတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။
    မိမိရဲ့ ပညာဗဟုသုတတွေကို မျှဝေပေးတဲ့ အစ်ကိုလည်း လုပ်ငန်းတွေ ဒီထက်မကအောင်မြင်ပါစေ။ အိုင်တီပညာတွေလည်း ဒီထက်မက တိုးတက်ပါစေရှင့်။
  9. aunglay
    ဆရာ့ ရဲ့ သင်ကြားတဲ့နည်းပညာက
    ရိုးရှင်းတယ် နားလည်ရတာလွယ်ကူတယ် သိပ်ပီူတော့လဲ အခက်ခဲမရှိဘူး
    ကျွန်တော်က အသက် 17ပါ
    IT ပိုင်းကို ကလေးဘဝထဲကစိတ်ဝင်စားတာ IT ပိုင်းမှာ ကျွန်တော်ရဲ့လေ့လာမူနဲ့
    သင်ယူမူကတော့ အစပဲရှိပါသေးတယ်
    ထပ်ပီးလဲ ကြိုးစားလေ့လာနေမှာပါ
    ဆရာ့လို အသေးစိတ် နားလည်အောင်ရှင်းပြတဲ့
    wedsite နဲ့တွေ့တာ
    ကျွန်တော့အတွက် အရမ်းဝမ်းသာမိတယ်
    ဆရာရဲ့ဘဝတရှောက်မှာ
    သာယာတဲ့နေ့လေးဖစ်ပါစေ
    #aunglay
  10. Ye Naing Kyaw
    ကျနော့ facebook page မှာ ပြန်လည်တင်ခွင့်ပြုပါ ကျေးဇူးတင်ပါတယ်ခင်ဗျ
  11. yan naing
    ကျနော်တို့ သင်ယူချင်တ့ဲ ဘာသာရပ်တွေကို google playstore မှာ ရှာယူပြီး လေ့ လာနိုင်ပါတယ် ….
    ဥပမာ web page advance couse, html,hacker,app
  12. Ye Min Soe
    အခုလိုရှင်းပြပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်ဗျာ။
    အရာရာအဆင်ပြေ အောင်မြင်ပါစေ။
  13. kophyo
    နည်းပညာကိုအရမ်းစိတ်ဝင်စားတယ် အခုမှစတင်မှာမိုံဘာတွေစလုပ်
    သင့်လည် ဆရာ
  14. AungThanSoe
    ဆရာပျောက်သွားတဲ့ ဖုန်းကို ပြန်ပြီးခြေရာခံလို့ရနိုင်မလဲဆရာ
  15. MonAung
    ကျနော် ထိုင်းကို နာဂစ်တုန်းက ရောက်တာပါ အာ့တော့မှ ကွန်ပြူတာကိုမြင်ဖူးတာဗျ
    ကွန်ပြူတာကို အင်တာနက်လို့ ထင်ခဲ့ဖူးတယ် ။ရတဲ့ လစာလေးနဲ့ ကွန်ပြူတာတစ်လုံး ဝယ်လိုက်တယ် အကြွေးနဲ့ပေါ့ Disk-C ထဲက ဘာမှဖွင့်မရတဲ့ ဖိုင်တွေကို ဖျက်ဖူးတယ်
    Storage အလကားကုန်တယ်ဆိုပီးတော့။Window 7ပေါ့ဗျာ မြန်မာစာ ဇော်ဂျီတခါသွင်းရင်
    ဘတ် နှစ်ရာ ပေးခဲ့ရတယ်ဗျာ၊
    ခုတော့ …..Hardware A+ , Networking ,ကိုလေ့လာရင်းနဲ့ Company တခုမှာအလုပ်ရနေပါပီ။ခုလို online မှာ လေ့လာနိုင်ဖို့ တတ်နိုင်သမျှ ကူညီနေကြသူ ဘယ်သူမဆို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဗျာ။ဆက်လက် ပီးလည်းလေ့လာနေဆဲပါဗျ
    အားလုံးကိုလေးစားလျက်ပါ။
    တချိန်က Disk-C :အမှိုက်ပုံးထဲထည့်ဖူးသူ…
Leave a Reply
Your email address will not be published. Required fields are marked *