ကျွန်တော်တို့ဟာ နည်းပညာကို အခမဲ့ ဖြန့်ဖြူးပေးနေတဲ့ မြန်မာနိုင်ငံတွင်းက လူငယ်တစ်စုသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကြီး ဒီမိုကရေစီရလာတဲ့ နောက်ပိုင်းမှာ အင်တာနက်လောကလည်း ပွင့်ပွင့်လင်းလင်းရှိလာပါတယ်။ ဒါပေမယ့် အရင်က အင်တာနက် လွပ်လပ်ခွင့် မရှိခဲ့တာကြောင့် မြန်မာနိုင်ငံထဲက လူငယ်တွေ နည်းပညာပိုင်းနဲ့ ပတ်သတ်ပြီး တော်တော်လေး အားနည်းနေတာ တွေ့ရပါတယ်။ Myanmar IT မှာ တင်တဲ့ သင်ခန်းစာတွေမှာ အဆင့်နည်းနည်း မြင့်သွားတဲ့ သင်ခန်းစာမျိုးဆိုရင် လူကြိုက်နည်းပြီးတော့ အခြေခံအဆင့် သင်ခန်းစာတွေမှာ လူကြိုက်များနေတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံက လူငယ်တွေ အဓိက လိုအပ်နေတာ အခြေခံကျကျ သင်ခန်းစာတွေပဲလို့ ကောက်ချက်ချဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ Myanmar IT မှာ သင်ခန်းစာတွေကို စာဖတ်သူတိုင်း နားလည်ရေးကို ဦးစားပေးပြီးတော့ အခြေခံကျကျ ရှင်းပြထားသလို၊ နောက်လည်း ဒီလိုပဲ ရှင်းပြသွားမှာဖြစ်ပါတယ်။ ဒါက စာဖတ်သူတွေအတွက် ဖြစ်ပါတယ်။
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
စာရေးချင်သူတွေအတွက် ပြောရမယ်ဆိုရင်၊ နည်းပညာနဲ့ ပတ်သတ်ပြီး လိုအပ်နေသေးတဲ့ မြန်မာနိုင်ငံက ညီအစ်ကို မောင်နှမတွေကို အွန်လိုင်းမှာ သင်ခန်းစာတွေ ရေးပြီး ကူညီ သင်ကြားပေးလိုတဲ့ ကျွန်တော်တို့နဲ့ ဝါသနာတူ သူငယ်ချင်းတွေ အများကြီး ရှိပါတယ်။ သူတစ်ဆူ ငါတစ်ဆူနဲ့ သူ့ blog ငါ့ blog တွေ ခွဲခြားနေလို့ စုစုစည်းစည်း မဖြစ်သေးတာတော့ တော်တော်ကြီးကို ဆိုးရွားပါတယ်။ “မတိုက်ခိုက်နိုင်ရင် ပူးပေါင်းပါ” ဆိုတဲ့ စကားရှိပေမယ့်၊ မာနတစ်ခုကြောင့် ပူးပေါင်းဖို့ကို တော်တော်ကြီး ဝန်လေးကြပါတယ်။ တစ်ချို့တွေကျတော့လည်း “ငါက သိပ်မသိသေးပဲ ပူးပေါင်းမယ်ဆိုရင် လက်ခံပါ့မလား” ဆိုပြီး ကြောက်ရွံ့မှုကြောင့် ပူးပေါင်းမှုမှာ ဝန်လေးတတ်ကြပါတယ်။ ကျွန်တော်တို့ Myanmar IT ကတော့ ကိုယ်တိုင် သိထားသလောက်ကို သူများကို သေချာ ပြန်ရှင်းပြနိုင်ရင် ဘယ်သူမဆို၊ ဘယ် ကျွမ်းကျင်မှု level ကို မဆို ပါဝင် ရေးသားဖို့ ဖိတ်ခေါ်မှာပါ။ ကျွန်တော်တို့ Myanmar IT မှာ သင်ခန်းစာတွေ ပါဝင်ရေးသားချင်တယ်ဆိုရင်တော့ Contact Us မှတစ်ဆင့် အောက်ပါ အချက်အလက်တွေကို ပို့ပေးပါ။
– E-mail လိပ်စာ
– Myanmar IT မှာ post တင်ရင် အသုံးပြုချင်တဲ့ username
– မိမိကျွမ်းကျင်တဲ့အပိုင်း အကျဉ်းချုပ် ရှင်းပြချက်
– မိတ်ဆွေရဲ့ အကြောင်း အကျဉ်းချုပ်နဲ့ မိတ်ဆက်စကား
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
စာရေးမယ့်သူတွေ အတွက်ပြီးတော့ share လုပ်ပေးမယ့်သူတွေအတွက် နည်းနည်းလောက် ပြောချင်ပါတယ်။ ကိုယ်တိုင် ဘာမှမသိလို့ စိတ်ညစ်စရာ မရှိပါဘူး။ သိတဲ့သူတွေ ရေးတာကို facebook, twitter, Google+ တို့မှာ share လုပ်ပေးခြင်းအာဖြင့် သင်ကိုယ်တိုင် ဗဟုသုတမျှဝေရာ ရောက်ပါတယ်။ မိတ်ဆွေရဲ့ အကောင့်ထဲမှာ လူ တစ်ရာရှိရင် share လုပ်ခြင်းအားဖြင့် မိတ်ဆွေက လူတစ်ရာကို နည်းပညာ သင်ခန်းစာတွေ ပြန်လည် သင်ကြားပေးရာ ရောက်ပါတယ်။ နည်းပညာသင်ခန်းစာတွေ share တဲ့ သင့်ကိုရော add friend လုပ်တဲ့ အရေအတွက် များလာစေပါတယ်။ ကိုယ်က share လိုက်လို့ သူများမှာ ပညာရပ်တစ်ခု သိခွင့်ရတဲ့အတွက် ပညာဒါနပြုရာလည်း ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်တိုင်လည်းဖတ်ပါ၊ တစ်ခြားသူတွေကိုလည်း မျှဝေပါလို့ တိုက်တွန်းပါတယ်။