နည်းပညာ

ကွန်ပျူတာ နည်းပညာများ, နည်းပညာ software နှင့် နည်းပညာ blog

လက်ရွေးစင် သင်ခန်းစာများ ကြည့်ရန်။

Website ရေးနည်း အပိုင်း (၄ + ၅) – html5 and css3

Full Playlists

Youtube မှာ နောက်ထပ် video tutorial တွေတင်ဖို့ရှိသေးတာမို့လို့ Youtube channel ကို subscribe လုပ်ထားပါဦး …



မဂၤလာပါ၊

Singapore Web Design (web-designer.sg) website ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကို အသုံးပြုပြီး ရေးပြထားပါတယ်။ CSS sprite ရေးနည်းကိုလည်း ဒီတစ်ပတ် သင်ခန်းစာမှာ သင်ပေးထားပါတယ်။ video နှစ်ဖိုင်မှာ တစ်ဖိုင်က အရမ်းတိုးနေပါတယ်။ အသံသွင်းနေတုန်း mic က ဘာဖြစ်သွားလဲ မသိဘူး၊ ဒါပေမယ့် vlc medai player နဲ့ အသံကို ၂၀၀% လောက်ထား နားထောင်ရင် ကြားရပါတယ်။

အရင်တစ်ခေါက်က ရေးတာတော့ တော်တော်လေးပြီးနေပါပြီ၊ ကျွန်တော်တင်ပေးတဲ့ video သင်ခန်းစာတွေကို တောက်လျှောက်လုပ်လာတဲ့လူကတော့ ဒီအချိန်မှာ website တစ်ခုရဲ့ စာမျက်နှာ တစ်ဝက်လောက် ပြီးနေမှာပါ၊ အခုတင်ပေးမယ့် သင်ခန်းစာ နှစ်ခုနဲ့ပါပေါင်းလိုက်ရင်တော့ website တစ်ခုရဲ့ စာမျက်နှာ လေးပုံ သုံးပုံလောက်တောင် ပြီးနေမှာပါ။

အရင်တုန်းက တစ်ပတ်ကို သင်ခန်းစာ တစ်ခုပဲ တင်ပေးပေမယ့် ဒီနေ့တော့ video သင်ခန်းစာ နှစ်ခု တင်ပေးလိုက်ပါတယ်။ အားလုံးပဲ လိုက်လုပ်ကြည့်ပါဦး၊ video သင်ခန်းစာတွေ ပြီးရင်လည်း ကျွန်တော် ရေးထားတဲ့ website files တွေ အားလုံးကို တင်ပေးပါ့မယ်။ ဒီတစ်ပတ်အတွက် video သင်ခန်းစာတွေကတော့ …

သင်ခန်းစာ အပိုင်း (၄)

သင်ခန်းစာ အပိုင်း (၅)

ကျေးဇူးတင်ပါတယ်။

6 thoughts on “Website ရေးနည်း အပိုင်း (၄ + ၅) – html5 and css3

  1. ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ
    နောက်ထပ်ကျွန်တော်သိချင်တာလေးရှိပါသေးတယ်။မိတ်ဆွေတို့ရဲ့ site မှာ menu bar က အပေါ်ရောက်ရင် position fixed ဖြစ်သွားတာကိုလိုက်လုပ်ချင်ပါတယ်။
    jquery နဲ့ အဲ့ဒီ function ရေးပုံလေးကိုသိချင်ပါတယ်။
    ကျေးဇူးတင်စွာဖြင့်
    ဦးပြည့်စုံအောင်(MMit)

    1. jQuery နဲ့ ရေးမယ်ဆိုရင် လေးငါးဆယ်ကြောင်းလောက်ရေးရင် ရပါတယ်။ Scroll လုပ်လိုက်တဲ့ ပမာဏကို jQuery နဲ့ detect လုပ်ပြီးရေးရင်ရပါတယ်။ ဒါပေမယ့် ဒီ blog မှာတော့ Bootstrap ကိုသုံးပြီး ရေးထားတာပါ။ လင့်ကိုနှိပ်ပြီး လေ့လာကြည့်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *