နည်းပညာ

Website ရေးနည်း HTML+CSS (အပိုင်း ၃)

Full Playlists

Youtube မှာ နောက်ထပ် video tutorial တွေတင်ဖို့ရှိသေးတာမို့လို့ Youtube channel ကို subscribe လုပ်ထားပါဦး …



မင်္ဂလာပါ …အရင်တစ်ခေါက်ကတော့ ကျွန်တော်တို့ “Coding header of Myanmar Web Designer
ကို ရေးခဲ့ပြီး ဖြစ်ပါတယ်၊ ဒီတစ်ခေါက် post မှာတော့ mainmenu အပိုင်းကို ရေးမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ “firebug” addon ကို မိတ်ဆက်ပေးခဲ့ပြီး အသုံးပြုပုံကို ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်၊ ဒီတစ်ခါ firefox addon နောက်တစ်ခုကို ကျွန်တော် မိတ်ဆက်ပေးမှာဖြစ်ပါတယ်၊ firefox addon ဖြစ်တဲ့အတွက် firefox မှာပဲ အလုပ်လုပ်မှာပါ၊ တစ်ခြား browser တွေအတွက်လည်း ရှာရင်တော့ ရှိနိုင်ပါတယ်၊ အဲဒီ addon ကတော့ …
web developer” addon ဖြစ်ပါတယ်။ ဒီ addon က လုပ်နိုင်တဲ့ လုပ်ငန်းတွေကတော့ အများကြီးပေါ့။ အဲဒီထဲကမှ ကျွန်တော်က အလျဉ်းသင့်သလောက်ပဲ ဖော်ပြသွားမှာ ဖြစ်ပါတယ်၊ ကျန်တာတွေကိုတော့ ကိုယ့်ဘာသာ စမ်းသပ်ကြည့်နိုင်ရင် ပိုကောင်းတာပေါ့။ အစကတော့ ကျွန်တော် internet connection ကို ငဲ့ပြီး စာတွေနဲ့ပဲ သင်ပေးဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ကယ်တန်းကျတော့ စာနဲ့ သင်မယ်ဆိုရင်၊ စာတွေအများကြီးရေးရတဲ့အတွက် အချိန်ပိုကုန်ပါတယ်၊ အချိန်ပိုကုန်တော့ တစ်ပတ် တစ်ပတ်ကို နည်းနည်းပဲ သင်နိုင်ပါတယ်၊ နောက်တစ်ခုက စာနဲ့ရှင်းပြတော့ နားမလည်ဖို့ ရာခိုင်နှုန်းပိုများပါတယ်၊ video နဲ့ကျတော့ သင်ပြပေးတာကို လိုက်ကြည်လို့ရတော့ ပိုနားလည်မယ်ထင်ပါတယ်။ video တွေကို download လုပ်ရတာ အဆင်ပြေအောင် ၁၀ မိနစ်ဝန်းကျင် အပိုင်းလေးတွေ record လုပ်ပေးထားပါတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ IT လောကမှာ web က တော်တော်လေး တွင်ကျယ်လာဖို့ ရှိပါတယ်၊ ဒါကြောင့် နောက်ပိုင်းကျရင် web design နဲ့ ပတ်သတ်ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ များလားမှာပါ။ ကိုယ့်ဘက်က အဆင်သင့် ဖြစ်နေဖို့ လိုပါတယ်။ လေ့လာရတာ အဆင်မပြေတာရှိရင် email တို့ chat တို့ကနေ မမေးပဲ comment မှာ မေးခဲ့နိုင်ပါတယ်၊ ဒါမှသာ တစ်ခြားသူတွေလည်း ပို ဗဟုသုတ ရနိုင်မှာ ဖြစ်ပါတယ်။youtube မှာက default အနေနဲ့ ၁၅ မိနစ်ထက်ပိုတဲ့ video တွေဆို ပေးမတင်ပါဘူး၊ ကိုယ့်ဘာသာ limit ကို တိုးလို့တော့ ရပါတယ်၊ ဒါပေမယ့် သူက နိုင်ငံအပေါ်မူတည်ပါတယ်၊ မြန်မာနိုင်ငံလည်း တိုးလို့တော့ရပါတယ်၊ ဖုန်းနံပါတ် နဲ့ verify လုပ်ခိုင်းပါတယ်၊ ကျွန်တော့် ဖုန်းနံပါတ်နဲ့ verify လုပ်လို့မရလို့ နောက်ထပ် google service တစ်ခုဖြစ်တဲ့ “google drive” မှာ ကျွန်တော် တင်ပြီးတော့ share လုပ်ထားတာဖြစ်ပါတယ်၊ အကျယ်ကြည့်ချင်ရင် “How to create menu with html and css” ကို ကလစ်နှိပ်ပြီး သွားကြည့်လို့ရပါတယ်။Google Drive မှာ download လုပ်ဖို့ အဆင်မပြေတဲ့သူများအတွက် https://www.youtube.com/watch?v=2emQv4s20XY&feature=youtu.be မှာ ထပ်တင်ပေးထားပါတယ်၊ ၂ နေရာလုံးက download လုပ်လို့ရပါတယ်။
Exit mobile version