
ဇော်ဂျီကနေ ယူနီကုဒ်ပြောင်းဖို့ ကြိုးစားခဲ့တာ ဆယ်စုနှစ်တစ်ခုလောက်ကြာခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို အကြိမ်ကြိမ်ပြောင်းဖို့ ကြိုးစားခဲ့တာ ဒီတစ်ခေါက်ကတော့ အောင်မြင်မှု အရှိဆုံးပါပဲ။ ဒီလိုအောင်မြင်ခဲ့တာ Facebook က Facebook app မှာ Zawgyi, Uni နှစ်မျိုးလုံးဖတ်နိုင်အောင်လုပ်ပေးလို့ အခက်အခဲမရှိ ပြောင်းနိုင်ကြတာရယ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တိုက်တွန်းစကားကြောင့်ရယ်လို့ ဆိုရင် မမှားပါဘူး။
Facebook မှာတော့ ယူနီကုဒ်ပြောင်းနည်းတွေက ဖုန်းတွေအတွက်တော့ ပေါပေါများများပါပဲ၊ ဒါပေမယ့် Desktop အတွက် ပြောင်းဖို့နည်းလမ်းကိုတော့ မတွေ့မိသေးပါဘူး။ ဒါကြောင့် ရုံးတွေ၊ ရုံးတွေမှာ ယူနီကုဒ်ပြောင်းဖို့ အခက်တွေ့နေကြမှာစိုးလို့ ဒီနည်းလမ်းလေးကို Myanmar Web Designer (MWD) Co., Ltd. က မျှဝေလိုက်ရတာပါ။
သင့်အနေနဲ့ Desktop level မှာပြောင်းချင်တာမဟုတ်ဘဲဲဲ font တစ်မျိုးကနေ တစ်မျိုးကိုပြောင်းချင်တာဆိုရင်တော့ Zawgyi to Unicode Converters တွေရှိပါတယ်။ ဝင်ကြည့်လိုက်ပါ။
Desktop မှာ Unicode ရေးနိုင်၊ ဖတ်နိုင်ဖို့အတွက် အောက်ပါနည်းလမ်းအတိုင်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ⬇⬇
➡ Zawgyi install လုပ်ထားတာရှိရင် Remove (သို့) Uninstall ပြုလုပ်ပါ။ (ဆယ်စုနှစ်တစ်ခုကျော် အင်တာနက်မှာ မြန်မာစာ အသုံးပြုခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် ဇော်ဂျီရေ)
➡ ယူနီကုဒ်ရေးဖို့ keyboard လိုပါတယ်၊ ဖတ်ဖို့အတွက် font လိုပါတယ်။ ဒါပေမယ့် software တစ်ခု download လုပ်ပြီး install လုပ်လိုက်ရုံနဲ့ ဒီ ၂ခုလုံးအဆင်ပြေပါတယ်။ All in one Pyidaungsu Font ကို download လုပ်ပြီးတော့ install လုပ်လိုက်ပါ။ အောက်မှာဆက်ပြောတာတွေနဲ့ တူဖို့အတွက် ဘာ setting မှ အထူးတလည်မပြောင်းပါနဲ့။ Next တွေပဲနှိပ်သွားပါ။
➡ Install လုပ်ပြီးရင်တော့ keyboard အတွက် Pyidaungsu MM, ဇတ်ကုဒ် (ဇော်ကုဒ်), my-Win 2.3.0 Unicode 5.2, မြန်စံ (Smart), ဇော်ဂျီ ဆိုပြီး Keyboard (၅)မျိုး ပါပါတယ်။
Install လုပ်လိုက်ပြီဆိုရင်တော့ ရင်းနှီးပြီးသား Zawgyi လက်ကွက်နဲ့ပဲ Zawgyi ကော Unicode ပါ ရိုက်နိုင်မှာဖြစ်ပါတယ်။ အပေါ်မှာပါတဲ့ Keyboard (၅) မျိုးထဲက Unicode ရိုက်ဖို့ဆိုရင် ဇတ်ကုဒ် (ဇော်ကုဒ်) ကိုရွေးပါ။ Zawgyi ရိုက်ဖို့ဆိုရင် ဇော်ဂျီ ကိုရွေးပြီး ရိုက်ရုံပါပဲ။ Keyboard shortcut နဲ့ရွေးမယ်ဆိုရင်တော့
Ctrl + Shift
————–
အရင်ကလိုပဲ အင်္ဂလိပ်နဲ့ မြန်မာစာ အပြန်အလှန်ပြောင်းဖို့ သုံးရတဲ့ shortcut ပါ။
Ctrl + Space
—————-
ပါဝင်တဲ့ Keyboard (၅) မျိုးလုံးကို ရွေးချယ်အသုံးပြုနိုင်မှာပါ။ Keymagic မှာဆိုရင် Keyboard (၅)မျိုးတောင် ပါဝင်တာမို့ ကိုယ်မလိုအပ်တဲ့ Keyboard များကို Remove ပြုလုပ်ထားလို့ရပါတယ်။ Remove လုပ်ထားတဲ့အခါ keyboard ပြောင်းရင် Ctrl + Space ခဏခဏနှိပ်ဖို့မလိုတော့ဘူးပေါ့။
အထက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ ယူနီကုဒ်စနစ်ကြီးကို မြန်မာတစ်နိုင်ငံလုံး အသုံးပြုနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
ဒီ post ကိုဖုန်းနဲ့ဖတ်နေတာဆိုရင် computer ရှေ့ရောက်တဲ့အခါ ပြန်ကြည့်ဖို့ share လုပ်ထားလိုက်ပါ။
PC မှာ ယူနီကုဒ်မပြောင်းဖြစ်သေးတဲ့သူတွေ သင့် Friend ထဲမှာ ရှိနေမယ်ဆိုရင်လည်း Share ပေးဖို့ မမေ့နဲ့နော်။
ဖတ္မရ
zawgyi ဖြစ်နေလို့
အခုရပါပြီ
ကျနော် ဖုန်းနဲ့ ယူနီကာဒ် သုံးထားလို့ ဖတ်လို့ကပေမယ့် ခုလိုရေးတဲ့အခါတော့ စာတွေ လွဲနေတာပါ။ ဒါကို ဖတ်လို့ ရ မရဆိုတာ ရီပလိုင်း လုပ်ပေးပါနော်။ ကျေးဇူးတင်ပါတယ်။
ဒီဆိုက်က လောလောဆယ် Zawgyi ပဲရှိပါသေးတယ်။ ယူနီကုဒ် မပြောင်းရသေးလို့ပါ။ သိပ်မကြာခင် ပြောင်းပါမယ်။
ကျေးဇူးတင်ပါတယ်ဗျာ
မင်္ဂလာပါ။ ကျနော် ယူနီကာဒ်သုံးပါတယ်။ ဖုန်းနဲ့ စာရိုက်တာပါ။ ရိုနေတုန်းကတော့ ခုလို တလွဲဖြစ်နေတာကို မြင်ရပါတယ်။ ဒပေမယ့် ကျနော် ပုံမှန်အတိုင်း ရေးပြီး ဒီမှာ အစမ်း ကွန်းမန့်တင်ကြည့်တာပါဗျာ။ ကျေးဇူးတင်ပါတယ်။
phမကောင်းလိုlap topနဲ့သုံးနေပါတယ် ဘာfontမှန်းမသိပါ။ အခုမှစသုံးတော့ တော်တော်ခက်ခဲပါတယ် အခုpostလေးတွေ့တော အရမ်းကိုကျေးဇူးတင်ပါတယ်ရှင့် ။
I cannot open http://www.burglish.com.
Please help and fix.
Thank you.
I have updated the link
link သေနေတယ်အကိုရေ
အသိပေးတာကျေးဇူးပါ။ လင့်ပြင်လိုက်ပါပြီ။
link သေနေတယ်အကိုရေ
လင့်ကပြင်ထားပြီးသားပါ
https://unicodetoday.org/downloads/zips/All-in-One_Pyidaungsu_Font.zip
Photoshop P.s 3 မှာ ပြည်ထောင်စု Font မမှန်တာ ဘာဖြစ်လို့ပါလည်းခင်ဗျ
ရုံးမှာကလည်း ပြည်ထောင်စုပဲ သုံးရမယ်ဆိုလို့ပါ
Google မှာ “photoshop ပြည်ထောင်စု” လို့ရှာကြည့်လိုက်ပါ။ ပေါ်လာတဲ့ Video တွေထဲက လိုက်လုပ်ကြည့်လိုက်ပါ။ အဆင်ပြေနိုင်မယ်ထင်တယ်။