နည်းပညာ

ကွန်ပျူတာ နည်းပညာများ, နည်းပညာ software နှင့် နည်းပညာ blog

လက်ရွေးစင် သင်ခန်းစာများ ကြည့်ရန်။

facebook အသုံးပြုနည်း

်facebook အသုံးပြုနည်း ကတော့ လွယ်ပါတယ်။  င်္Facebook website မှာ ကိုယ့် account နဲ့ login လုပ်၊ ပြီးရင် News feed မှာတွေ့တာ အကုန်လိုက်ဖတ်၊ ဟိုနှိပ်ဒီနှိပ် နှိပ်ကြည့်ရုံပါပဲ။

နည်းနည်းထပ်ပြောရရင် —

Facebook မှာ page တွေကို like လုပ်တယ်ဆိုတာ – အဲဒီ page မှာ အခုကစပြီး အသစ်တင်တဲ့ အကြောင်းအရာတွေကို သိချင်ပါတယ်၊ ကြည့်ချင်ပါတယ်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ၊ အဲဒါကြောင့် ပေ့ဂ်ျတစ်ခုကို လိုက်လုပ်ထားရင် အဲဒီ page က တင်တဲ့ အကြောင်းအရာတွေကို သိရမှာပါ။ Like လုပ်တယ်ဆိုတာ ကြိုက်တယ်လို့ ပြောလိုက်တာဖြစ်တဲ့အတွက် ကိုယ်ကြိုက်တဲ့ page က တင်တာတွေကို ကိုယ့်ဆီလာပြပေးတယ်ဆိုတာ အထူးအဆန်း မဟုတ်ပါဘူး။

post ကို like လုပ်ရင်တော့ အဲဒီ post မှာ တစ်ခြားသူတွေက comment လာရေးရင် ကိုယ့်ဆီမှာ Notification တက်မှာဖြစ်ပါတယ်။ Post ကို like လုပ်ရုံနဲ့ page ကို Like လုပ်ပြီးသား မဖြစ်ပါဘူး။ မတူပါဘူး။

သတိထားရန် – page ကို like လုပ်တဲ့အခါ ကိုယ် like လုပ်လိုက်တာကို  ကိုယ့်အကောင့်ထဲမှာ ရှိတဲ့သူတွေ မြင်ရပါတယ်။ ဒါကြောင့် မဟုတ်မဟတ် စာမျက်နှာတွေကို like လုပ်မိရင်တော့ လူတကာသိပြီး အရှက်ကွဲမှာ ကျိန်းသေပါပဲ။

Share လုပ်တယ်ဆိုတာ –  share လုပ်တယ်ဆိုတာက post ကိုပဲဖြစ်ဖြစ်၊ page ကိုပဲဖြစ်ဖြစ် ကိုယ်က သဘောကျရင် ကိုယ့် friends တွေလည်း သဘောကျမှာပဲဆိုပြီးတော့ ပြန်မျှဝေတာ ဖြစ်ပါတယ်။ Facebook က social network ဖြစ်တဲ့အတွက် ကိုယ့် share လိုက်တဲ့ အကြောင်းအရာကို ကိုယ့်အကောင့်ထဲက လူတွေက မြင်ရမှာဖြစ်ပြီး၊ like တွေ comment တွေ ပေးနိုင်ပါလိမ့်မယ်။

Comment ပေးတယ်ဆိုတာ – comment ဆိုတာ မှတ်ချက်လို့ အဓိပ္ပါယ်ရတဲ့အတွက် သူများတင်တဲ့ post ဖြစ်စေ၊ သူများရှဲတဲ့ ပို့စ်ဖြစ်စေ အဲဒီအပေါ်မှာ ကိုယ်က တစ်ခုခုပြောချင်တယ်ဆိုရင် comment ပေးနိုင်ပါတယ်။ ကွန်မန့် လို့ အသံထွက်ပါတယ်။ ကော်မန့် တို့၊ ကွန်မန်းဒ် တို့ အသံထွက်တာ မှားပါတယ်။ command သို့မဟုတ် commend လို့လည်း စာလုံးမပေါင်းပါဘူး။ comment လို့ စာလုံးပေါင်းပါတယ်။

Message ဖတ်ချင်ရင် – သူငယ်ချင်းတွေ ကိုယ့်ဆီကို ပို့ထားတဲ့ ဖေ့စ်ဘုတ် မက်ဆေ့ဂ်ျ တွေကို ကြည့်ချင်ရင်၊ ကိုယ့်အကောင့်ကို login လုပ်ပြီး https://www.facebook.com/messages/ မှာ ကြည့်နိုင်ပါတယ်။

ဓာတ်ပုံတွေ ကြည့်ချင်ရင် – ကိုယ်တင်ထားသမျှ ဓာတ်ပုံတွေ ကြည့်ချင်ရင်တော့ https://www.facebook.com/photos မှာ ကြည့်နိုင်ပါတယ်။

Like လုပ်ထားတဲ့ page တွေက တင်သမျှကို သီးသန့် ကြည့်ချင်ရင် – အပေါ်မှာ ပြောခဲ့သလိုပဲ Facebook သုံးရင်းနဲ့ ကြိုက်တဲ့ page တွေ like လုပ်သွားရင်းက တဖြည်းဖြည်းနဲ့ like ထားတဲ့ page တွေ များလာတဲ့အခါ page တွေက တင်တာတွေ ကိုယ့်ဆီမှာ သိပ်ပြီး လာမပေါ်တော့ပါဘူး။ အဲဒီအခါမျိုးမှာ https://www.facebook.com/pages/feed ကိုသွားကြည့်ရင် ကိုယ် like ထားတဲ့ page တွေက တင်တဲ့ post တွေကိုပဲ သီးသန့် မြင်ရမှာဖြစ်ပါတယ်။

Facebook အသုံးပြုနည်းလို့ ခေါင်းစဉ်တပ်ထားလို့ အခုလောက်အထိ ပြောလိုက်ရတာပါ။ အမှန်တော့ ဒါတွေက မပြောလည်း တဖြည်းဖြည်း သိသွားမှာပါ။ အဓိက ပြောချင်တာက Facebook က ပြင်ပလက်တွေ့ဘဝကို ဘယ်လောက်အထိ သက်ရောက်ကြောင်းနဲ့ လက်တွေ့ဘဝမှာ facebook ရဲ့ ဆိုးကျိုးတွေ မသက်ရောက်ဘဲ၊ facebook ရဲ့ ကောင်းကျိုးတွေ သက်ရောက်ဖို့ ဘယ်လိုအသုံးပြုရမယ်ဆိုတဲ့ အသုံးပြုနည်းပါ။

ငါ့ wall မှာ ငါတင်တာ၊ မကျေနပ်ရင် unfriend လုပ်သွား

ဒီလိုမျိုး facebook status တွေ မကြာခဏ တွေ့မိကြမယ်ထင်ပါတယ်။ ဒီလို status တွေကြောင့်လည်း အပြင်က သူငယ်ချင်းအရင်းကြီးတွေ Facebook သုံးပြီးခါမှပဲ သူစိမ်းတွေဖြစ်ကုန်ကြပါတယ်။ အဲဒီလိုဖြစ်ရ

တဲ့အကြောင်းက နှစ်ယောက်လုံးက facebook ကို မကျွမ်းကျင်လို့ပါ။ Facebook ကို ကျွမ်းကျင်မယ်ဆိုရင် တင်တဲ့လူကလည်း ကိုတင်ချင်တာ တင်လို့ရမယ်၊ ကြည့်မယ်လူကလည်း ကိုယ့်ဆီမှာ ဘယ်လိုအကြောင်းအရာတွေပဲ လာပေါ်

ရမယ်ဆိုတာ သတ်မှတ်လို့ရတယ်။ ဒီတော့ သူငယ်ချင်းတွေ အချင်းချင်း မိတ်ပျက်စရာမလိုတော့ဘူးပေါ့။

အရင်ဆုံးပြောချင်တာက ကိုယ့်အကောင့်ထဲမှာ လူတွေအများကြီးရှိရဲ့သားနဲ့ ဘာလို့ သူတစ်ယောက်တည်းကပဲ တင်တဲ့ status တွေက ကိုယ့်ဆီမှာ လာပေါ်နေရသလဲဆိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ အပြင်မှာလည်းခင်တဲ့ သူငယ်ချင်းနှစ်ယောက် facebook သုံးတယ်ဆိုပါစို့၊ friend လည်း အဒ်ထားတယ်။ ပထမတော့ ကိုယ့်သူငယ်ချင်းကြီးဆိုပြီး တင်သမျှ အကုန် like၊ comment တွေပေး၊ facebook မှာတွေ့ရင်လည်း chat ပေါ့ဗျာ၊ အဲဒီလို သူ့ post ကို like ထားဖူး၊ comment ပေးထားဖူး၊ chat ထားဖူးရင် facebook က အဲဒီလိုလူနှစ်ယောက်ကို အပြင်မှာရင်းနှီးတယ်လို့၊ ပိုခင်တယ်လို့ ယူဆပြီး သူတင်တဲ့ post ကို ပိုပြပေးတာ။ ဒါပေမယ့် နောက်ကျတော့ ဒီကောင်က နည်းနည်းလွန်လာပြီ၊ ထမင်းစားလည်းတင်၊ အပြင်သွားလဲတင်၊ checkin တွေလည်းဝင်၊ feeling တွေ watching တွေလည်းလုပ်၊ အိပ်ယာထလည်းတင် ဆိုတော့ မျက်စိနောက်လာကော၊ ဒါနဲ့ သူငယ်ချင်းအချင်းချင်းဆိုတော့ unfriend လည်းမလုပ်ချင်တော့ အရိပ်အမြွက်လေးပြောလိုက်တယ်၊

မင်းကွာ .. တစ်နေ့တစ်နေ့ ဘာတွေတင်မှန်းလည်းမသိဘူး၊ ငါ့ဆီမှာ လာပေါ်တာ ရှုပ်နေတာပဲ

ဆိုတော့ သူငယ်ချင်းကလည်း သဘောပေါက်တယ်၊ ဒါပေမယ့် လက်မခံနိုင်ဘူး၊ ပထမတော့ ဘာမှမပြောဘဲနေလိုက်တယ်။ ဒါပေမယ့် တင်တာတော့မလျှော့ဘူး၊ မလျှော့တော့ နောက်တစ်ကြိမ် အပြောခံရကော၊ ဒီတစ်ခါတော့ သူလည်း

ဒေါသထွက်လာပြီးတော့

ငါ့ဝေါမှာငါတင်တာကွာ၊ မင်းမမြင်ချင်ရင် unfriend လုပ်သွား၊ block သွားလည်း ဘာမှမဖြစ်ဘူး၊ ငါစိတ်မဆိုးဘူး

စိတ်မဆိုးဘူးသာပြောတာ၊ တစ်ကယ်လုပ်ကြည့်ပါလား၊ အပြင်မှာပါ မိတ်ပျက်ကုန်မယ်။ အဲဒါနဲ့ သူတင်တာတွေကို သည်းမခံနိုင်ရာကနေ သူက ဒီလိုပါပြောလာတော့ ဒေါသငယ်ထိပ်ရောက်ပြီဆိုပါတော့၊ ဒါပေမယ့်

မကောင်းတတ်လို့ unfriend လောက်ပဲလုပ်လိုက်တယ်။ ဒါပေမယ့် အပြင်မှာ အခေါ်အပြောမလုပ်ကြတော့တဲ့အထိ ဖြစ်သွားရော။ ဒီလိုနဲ့ တစ်ကယ်အပြင်က သူငယ်ချင်းတွေ Facebook ကြောင့် မိတ်ပျက်ကုန်လို့၊ facebook က အရင်တုန်းကတည်းက လုပ်ထားပေးတာ တစ်ခုရှိတယ်။ အဲဒီတုန်းကတော့ သူငယ်ချင်းဝေါကိုသွားပြီးတော့ Show in news feed ဆိုတာလေးကို အမှန်ခြစ်လေး ဖြုတ်ထားရတာ။ ဒါပေမယ့် အဲဒါက လူမမြင်လို့ထင်တယ်။ Facebook က follow နဲ့ unfollow ဆိုတာကို အသစ်လုပ်ပေးလိုက်ပါတယ်။ အသစ်ဆိုပေမယ့် ကြာပါပြီ။ ဒါပေမယ့် ကျွန်တော့်ပတ်ဝန်ကျင်မှာ ဒီလို ပြဿနာတွေ တွေ့နေရလို့ အခုမှ ပြန်တင်ပေးလိုက်တာပါ။ တင်တဲ့အခါမှာလည်း နှစ်ဖက်လုံးအတွက် အဆင်ပြေအောင် တင်ပေးမှာပါ။

ပထမကတော့ သူငယ်ချင်းဆီက post တွေ မမြင်ချင်တော့တဲ့လူတွေ အတွက်ပါ။ သူ့ post တွေ မမြင်ချင်ရင် သူ့ကို သွားပြောဖို့ မလိုပါဘူး။ အရင်ဆုံး မပြင်ချင်တဲ့လူရဲ့ wall ကို သွားလိုက်ပါ။ ပြီးရင် အောက်က ပုံမှာ ဝိုင်းပြထားတဲ့ Following ဆိုတာလေးကို နှိပ်လိုက်ပါ။ Follow လို့ ပြန်ပေါ်နေပါလိမ့်မယ်။ အဲဒါဆိုရပါပြီ။ သူ့ တင်သမျှ ကိုယ့်ဆီမှာ မတက်တော့ပါဘူး။

facebook unfollow

နောက်တစ်နည်းကတော့ ကိုယ်တင်တာတွေ များနေတယ်လို့ အပြောခံရတဲ့ လူတွေအတွက်ပါ။ အရင်ဆုံး တင်တာများနေပြီ၊ ငါ့ဆီမှာ လာပေါ်တာရှုပ်နေတာပဲ လို့ ပြောတဲ့သူရဲ့ wall ကိုသွားလိုက်ပါ။ အောက်မှာ ပြထားတဲ့အတိုင်း Friends ဘေးက down arrow လေးကိုနှိပ်ပြီး၊ Acquaintances ကိုနှိပ်လိုက်ပါ။

acquaintance

ပြီးရင် ကိုယ် post တင်တော့မယ်ဆိုရင် အောက်ကပုံထဲကအတိုင်း post visibility setting မှာ “Friends except acquaintances” ဆိုတာကို ရွေးပြီး တင်လိုက်ပါ။

friend-except-acquaintances

ဒါဆို ကိုယ်နဲ့ friend ဖြစ်တဲ့သူ အားလုံးမြင်ရပါမယ်။ ဒါပေမယ့် Acquaintances ထဲက လူတွေကတော့ Freind ဖြစ်ပေမယ့် မမြင်ရပါဘူး။ အဲဒါအပြင် ဒီနည်းလမ်းနှစ်ခုလုံးကို လုပ်တာဟာ တစ်ဖက်ကလူကို အဲဒီလိုလုပ်ထားတယ်ဆိုတာ မသိစေတဲ့အတွက် အပြင်မှာလည်း မိတ်မပျက်သလို Facebook ကိုလည်း စိတ်ကြိုက်သုံးနိုင်မှာပါ။

 

6 thoughts on “facebook အသုံးပြုနည်း

  1. အစ်ကို ကျွန်တော်ကတော့ gmailw တစ်ခုထဲမှာအကောင့် နှစ်ခါထားပါတယ်… ဒါပေမယ့် ပထဦးဆုံးလုပ်ထားတဲ့အကောင့်ကို သုံးနေရင်း logout နဲ့ထွက်ပြီး အသစ်လုပ်ထားတဲ့ account ထဲဝင်သွားတယ်.. သုံးလို့ပြီးတော့ ပြန်မထွက်ပဲ စက်ကို ပိတ်ထားလိုက်တယ်.. နောက်နေ့ပြန်ုသုံးတော့ သုံးနေကျ account က မပွင့်တော့ဘူး.. password မှားတယ်ပဲပြောတယ်..ဒါနဲ့ အသစ်လုပ်ထားတဲ့password ကိုရိုက်ထည့်လိုက်တော့ အသစ်လုပ်ထားတဲ့နာမည်နဲ့ပဲပွင့်လာတယ် …အဓိကသုံးနေတဲ့ အကောင့်က ဘာလို့သုံးမရတော့တာလဲ… အသစ်ဖွင့်ထားတဲ့ အကောင့်ကနေ အဟောင်းအကောင့်ကို ရိုက်ထည့်ပြီးဝင်ကြည့်ရင်တော့ သူငယ်ချင်းတွေတင်ထားတဲ့ပို့စ်တွေရောက်နေတယ်.. ဒါပေမယ့် ကျွန်တော်ကတော့် ပို့တင်တဲ့နေရာမရှိတော့သလို comm….ရေးဖို့နေရာလည်းမရှိဘူး.. ဘာဖြစ်လို့လည်းအစ်ကို.. ကူညီပေးပါနော်… ကျွန်တော်စောင့်နေမယ်..

    1. အကောင့်ကို မထွက်ပဲထားခဲ့တော့ တွေ့တဲ့လူက password ပြောင်းလိုက်တာ ဖြစ်နိုင်ပါတယ်။ Password recovery ပြန်လုပ်ကြည့်ပါ။

  2. အရမ်းကောင်းတဲ့ ပိုစ့်ပါ။ကျေးဇူးတင်ပါတယ်။

  3. share မှာ send to comment ပျောက်တာကဘယ်လို့ပြန်ရှာ၇မလဲ

Leave a Reply

Your email address will not be published. Required fields are marked *