Blogspot ပြုလုပ်နည်း – How to make a blogger website

မင်္ဂလာပါ..
ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ကိုယ်ပိုင် blogger website ပြုလုပ်ပုံကို သင်ပေးမှာ ဖြစ်ပါတယ်။ သင်ခန်းစာ မစခင် ကျွန်တော်တို့ blogger ကို ဘာလို့ ရွေးရသလဲ၊ ခင်ဗျားတို့ကော website ပြုလုပ်တဲ့ အခါမှာ blogger ကို ဘာကြောင့် ရွေးသင့်လဲ ဆိုတာကို မိတ်ဆက်အနေနဲ့ အနည်းငယ် ပြောပြပါမယ်။
ကျွန်တော်က blogger ကို ဘာကြောင့် ရွေးသလဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကိုက google ကပေးတဲ့ services တွေကို ကြိုက်လို့ပါ။ Blogger ဆိုတာက google က ပေးတဲ့ services တွေထဲက တစ်ခုဖြစ်ပါတယ်။ Blogger ကို လူတိုင်းမသိနိုင်ပေမယ့်၊ google ကိုတော့ လူတိုင်း သိမှာပါ။

ခင်ဗျားတို့ကရော blogger ကို ဘာကြောင့် ရွေးသင့်သလဲဆိုတော့ အဓိက အကြောင်းအရင်းကတော့ google ပါပဲ။ Blogger က google product တစ်ခုဖြစ်တဲ့အတွက်ကြောင့် google ရဲ့ မျက်နှာသာပေးခြင်း ခံရပါတယ်။ ဘယ်လိုမျက်နှာပေးခံရလဲဆိုတော့ –

– Google ရဲ့ hosting မှာ website run ခွင့်ရတဲ့အတွက် website အမြန်နှုန်း စိတ်မပူရခြင်း။
– SEO ကောင်းမွန်အောင် အလွယ်တကူ ပြုလုပ်နိုင်ခြင်း။
– Google Plus social network နဲ့ ချိတ်ဆက်ပြီး မိမိ website ကို လူဝင်များအောင် ပြုလုပ်နိုင်ခြင်း။
– ပုံတင်တဲ့အခါမှာ Google Picasa ကို ရောက်သွားတဲ့အတွက် ပုံတွေ တစ်စုတစ်စည်းထဲ ပြန်ကြည့်နိုင်ခြင်း။

အဲဒီလို မျက်နှာသာပေးခြင်း ခံရတဲ့အပြင်၊

– blogger က interface ကောင်းမွန်တဲ့အတွက် အသုံးပြရလွယ်ကူပါတယ်။ (interface ဆိုတာက တော့ တစ်စုံတစ်ခုကို ခင်းကျင်းပြသပုံ နဲ့ design ကို ရောခေါ်တာပါ။ interface ကောင်းတယ်ဆိုရင် design လည်း ကောင်းရမယ်၊ layout လို့ ခေါ်တဲ့ ခင်းကျင်းပြသပုံလည်း ကောင်းရပါမယ်။ ဒါမှသာ အသုံးပြုသူတွေက ကောင်းကောင်း သုံးတတ်မှာဖြစ်ပါတယ်။)
– adsense နဲ့ ချိတ်ဆက်ကာ မိမိ blog မှာ ကြောငြာထည့်သွင်းပြီး ငွေရှာနိုင်ခြင်း။
– Widgets များကောင်းမွန်ခြင်း။

စတဲ့အချက်တွေကြောင့် blogger ကို အသုံးပြုသင့်ပါတယ်။ ဒီအချက်တွေကိုတော့ နောက်လာမယ့် post မှာ အသေးစိတ် ရှင်းပြပါမယ်။ အခု post ရဲ့ အဓိက အကြောင်းအရာက blogger website တစ်ခု ဘယ်လိုလုပ်မလဲ ဆိုတာ ဖြစ်တဲ့အတွက် blog လုပ်ပုံကို ဆက်ရှင်းပြပါမယ်။ Blogger blog တစ်ခု ပြုလုပ်ဖို့အတွက် gmail အကောင့် တစ်ခုရှိရပါမယ်။ ဒါကလည်း သိပ်ခက်ခဲနေတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူ အားလုံးနီးပါးမှာ အနည်းဆုံး gmail အကောင့် တစ်ခုတော့ ရှိကြတာပါပဲ။ အရင်ဆုံး လုပ်ရမှာကတော့ အဲဒီ gmail အကောင့်ကို sign in ဝင်လိုက်ပါ။ sign in ဝင်ပြီးပြီဆိုရင် www.blogger.com ကို သွားလိုက်ပါ။ ပြီးရင်တော့ အောက်က ပုံလေးတွေ ဆက်ကြည့်ပြီး လုပ်သွားပါ။

blogger-new-blog

New Blog ကို click နှိပ်ရပါမယ်

blogger-creation-steps
ဒီပုံမှာတော့ ရှင်းပြရမှာ များလို့ အမှတ်စဉ်တွေ တပ်ပြထားပါတယ်။ အဲဒီအမှတ်စဉ်တွေရဲ့ ရှင်းလင်းချက်ကတော့ အောက်ပါအတိုင်းပါ။
(၁) မိမိလိုချင်တဲ့ website ရဲ့ နာမည် ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
(၂) လိုချင်တဲ့ website လိပ်စာ ရိုက်ထည့်ရမှာပါ။ (ဥပမာ။ ။ www.myanmarseo.blogspot.com) ဖြစ်ပါတယ်။ ဒီဥပမာအရဆိုရင် ကျွန်တော်တို့ ရိုက်ထည့်ရမှာက myanmarseo တစ်ခုတည်းဖြစ်ပါတယ်။ ကျန်တဲ့နောက်ကစာတွေက ပါပြီးသားဖြစ်ပါတယ်။ website လိပ်စာရိုက်ထည့်တဲ့အခါ အကြီးမသုံးရပါဘူး၊ space မခြားရပါဘူး။
(၃) နံပါတ် ၃ ကတော့ ကျွန်တော်တို့ ရိုက်ထည့်တဲ့ လိပ်စာက ယူလို့ ရ / မရ စစ်ပေးတာဖြစ်ပါတယ်။ အမှန်ခြစ် ပြတယ်ဆိုရင် ကျွန်တော်တို့ ရိုက်ထည့်တဲ့ လိပ်စာက ယူလို့ရပါတယ်။ အမှားပြတယ်ဆိုရင်တော့ ယူလို့မရပါဘူး။ တစ်ခြား လိပ်စာ ရိုက်ထည့်ရပါမယ်။
(၄) template ဆိုတာကတော့ ခင်ဗျား blog ရဲ့ design ကို ရွေးချယ်တဲ့အပိုင်းဖြစ်ပါတယ်။ လိုချင်တဲ့ ပုံစံ မရှိလည်း တစ်ခုတော့ ရွေးလိုက်ပါ။ နောက်မှ ပြန်ပြောင်းလို့ရပါတယ်။
(၅) အပေါ်က အဆင့်လေးဆင့်လုံး လုပ်ပြီးပြီဆိုရင်တော့ Create Blog ကို click နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ အပေါ်က အဆင့် (၂) မှာ ရိုက်ထည့်ခဲ့တဲ့ လိပ်စာအတိုင်း ကိုယ်ပိုင် blog တစ်ခု တည်ဆောက်ပြီးသွားပြီ ဖြစ်ပါတယ်။ ပြီးရင်တော့ မိမိ blog ရဲ့ ထိမ်းချုပ်မှုအပိုင်းကိုတော့ အောက်ပါအတိုင်း မြင်ရပါမယ်။

blogspot-control-panel

ဒါဆိုရင် အနီရောင်ဘောင်ခတ်ထားတဲ့ ထဲက “Posts” ထဲကိုဝင်ပြီးတော့ New Post ကိုနှိပ်ပြီး၊ မိမိ blog မှာ စာတွေတင်လို့ရပါပြီ။

44 thoughts on “Blogspot ပြုလုပ်နည်း – How to make a blogger website

  1. sai tai

    ကောင်းတယ်ဗျာ ကျနော်ဒီပေစ့်ကို စိတ်လည်းဝင်စားတယ် ကျေးဇူးလည်းတင်ပါတယ်

  2. Kyaw Zin Win

    thanks very Bro ဆက်လက်သင်ကြားပြသပေးပါဦးနော်
    ဆရာတို့ ကျွန်တော်တစ်ကယ်တတ်ချင်လို့ပါ။

  3. THAN LWIN

    ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့လို ပြည်နယ်ကလူတွေအတွက်

    1. THAN LWIN

      ဆရာ ကျွန်တော်တို့ဆီက သတင်းတွေ တင်ချင်တယ်။ ဘယ်လိုလုပ်၇မလဲ။ သစ်ထူးလွင်၊ဧရာဝတီ၊myanmar cnn တို့မှာတင်ချင်တယ်။ လမ်းညွှန်ပေးပါ။ ကျွန်တော် blog မှာတော့ အဆင်ပြေတယ်။ ဆရာ ညွှန်တဲ့တိုင်းပဲ။

  4. pyyeskyaw

    မိမိ blogger ကိုပြန်မသွားတတ်တော့ပါဘူး။ ဘယ်လိုပြုလုပ်ရလဲသိချင်တယ်ခညာ။

  5. Revolt

    ကျနော့် ကို ad sense အကြောင်းလေး တင်ပေးပါလား
    ခုရေးထားတဲ့ ကျူတိုရီယယ်အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ် ခများ

  6. Mg Khant

    အကိုရေ ကိုယ်ရေးထားတဲ့ HTML Template ကို ပြောင်းချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ ပြောပေးပါလား။ ကနေ့ အကို့ site ကိုတွေ့တာ အရမ်းဝမ်းသာတာပဲ။ ကျေးဇူးတင်ပါတယ်ဗျာ။

  7. shwenyo

    အကိုရေ…ကျနော်ကတော့ blogger သုံးလို့မရတော့ဘူး…ပျက်သွားတယ်ထင်တယ်…
    အသစ်လဲပြန်လုပ်လို့မရဘူး…www.blogger.com/ http://www.blogspot.com အဲဒါလဲမရဘူး..
    အဲဒါကြောင့်တစ်ချက်လောက်ကူညီပေးပါဦးနော်…ဒီပြင်နည်းလမ်းများရှိမလားလို့….

  8. JC

    ကျေးဇူးဘဲ…. ကျွန်တော် Blogger လုပ်နည်းသိချင်ခဲ့တာ .. ခုတော့သိရပြီ… ကျေးဇူးအရမ်းတင်တယ်ဗျာ…..

  9. Thuranaingwin

    blogspot တစ်ခုတော့ လုပ်လို့ပြီးသွားပါပြီခင်ဗျ post လဲတင်ပြီးသွားပါပြီ မိတ်ဆွေတော်တော်များများထံ ဒီ blog ရှိကြောင်း ကြော်ငြာချင်ရင် ဘယ်လိုလုပ်ရပါသလဲခင်ဗျာ

  10. Achit lay

    blogspot တခုတော့လုပ်ပြီးသွားပြီး
    ပြီး၇င်ဘယ်လိုထွက်၇မှာလည်း နောက်ပြီး
    ဘယ်လိုပြန်ဝင်၇မလည်း အခက်တွေ့နေလို့ပါ
    ၇ှင်းပြပေးပါအုံးနော် အကို

  11. I Wanna Be a Hacker

    အကိုရဲ့ ရှင်းလင်းချက် အရမ်းကောင်းပါတယ်။ ကျွန်တော် Website ရေးနည်းကို စိတ်ဝင်စားတယ် သင်တန်းတက်ချင်တယ် အကို ဘယ်မှာတက်ရမှာလဲ ကူညီပါဦး
    ကျေးဇူးအများကြီးတင်ပါတယ်။

    1. Lin

      https://idealinlinn.blogspot.com မှာ menu ဘားတွေထည့်ချင်ပါတယ်။ ဘယ်လို ဘယ်ကဲ့သို့ြ့ပုရမလဲဆိုတာ အချိန်ရရင် နည်းပြပေးပါဦး ဆရာ။
      ဆထက်တန်ဖိုး တိုးတက်အောင်မြင်ပါစေလို့ ဆုမွန်ချွေလျက်
      လင်းလင်း

  12. shinehinemyat

    အရမ်းကိုကျေးဇူးတင်ပါတယ်ဗျာ ဝါသနာပါပေမဲ့
    သင်တန်းမတက်ဖြစ်သေးဘူး ဒါပေမဲ့ ဆရာတွေရေး
    တဲ့နည်းလေးတွေဖတ်ပြီး
    ကြိုးစားကြည့်နေတာပါ
    အဆင်ပြေပါတယ်

  13. tinmyintthan

    အသိအမြငိတိုးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် download အတွက် နည်းလမ်းရှာမရဖြစ်ျနပါတယ်။

  14. မိုးကျော်ကျော်

    အကို Blog မှာ ရေးခဲ့ကြပါဆိုတာနဲ့ ကြည့်ရှု့သူဦးရေကို Home မှာပေါ်နေအောင် ဘယ်မှာပြောင်းရမလဲမသိဘူးးး

  15. minminthuaung

    wight ထဲကိုမထည့်တက်ဘူးဖြစ်နေတယ် wight ကရှာမတွေ့ဘူး ကိုblpgကို google မှာရိုက် ရှာတာမတွေ့ဘူးကူညီပါဦး

  16. ရဲထက်ပိုင်

    ဖုန်းပေါ်မှာblogလုပ်တာTemplateနေရာမှာThemeပေါ်နေတယ်ဘယ်လိုလုပ်ကမလည်းလမ်းညွန်ပါအုန်း

  17. Kaung Myat

    Facebook မှာ instant article free လုပ်နည်းလေးတစ်ချက်ပြောပြပါခင်ဗျ

  18. ကြည်ပြာ

    စိတ်ဝင်စားတာကြာပါပီ စမ်းလည်း စမ်းကြည့်ပါတယ် သိချင်တာတစ်ခုက နှစ်နဲ့ ချီပါပီ

    Google Adsense နဲ့ ချိတ်ချင်တာ ဘယ်လိုမှ ချိတ်မရဖစ်နေတာ ကူညီပေးပါရှင့်

    ???

  19. David Tun

    ကျေးဇူးပါ လုကြည့်မယ် စိတ်ဝင်စားပေမဲ့ အသေချာမဘူး

  20. Dove Humen

    ကျေးဇူးပါဗျာ စိတ်ဝင်စားလို့ လေ့လာနေပါတယ် စေတနာနဲ့ တင်ပေးလို့  လေးစားပါတယ်ဗျာMWD ဒီထက်အောင်မြင်မှုတွေရပါစေ ခင်ဗျာ

  21. Xiaomi

    သိပ်ကောင်းတယ် blogနည်းပညာတွေအဓိကတင်ပေးပါနော်!websitနဲ့ပတ်သက်တာတို့ပေါ့နော်!

Leave a Reply

Your email address will not be published. Required fields are marked *