jQuery ဖြင့် ဖျောက်နည်း – jQuery .hide() function

မင်္ဂလာပါ..

ဒီနေ့တော့ jQuery သင်ခန်းစာ၊ စသင်ပါတော့မယ်။ အရင် what is jQuery post မှာတော့ jQuery အကြောင်း အသေးစိတ် ရှင်းပြထားပြီးတော့ jQuery ကို download လုပ်ပုံကိုလည်း ရှင်းပြထားပါတယ်။ Download မလုပ်ရသေးတဲ့ လူများ download လုပ်ထားဖို့ လိုပါမယ်။ Download လုပ်လို့ ရလာတဲ့ file ကို jquery.js လို့ နာမည်ပြောင်းပေးလိုက်ပါ။ desktop ပေါ်မှာ test ဆိုတဲ့ folder တစ်ခုဆောက်ပြီးတော့ jquery.js ကို အဲဒီ folder ထဲ ထည့်ထားပါ။ jQuery download လုပ်ပြီးပြီဆိုရင်တော့ ကုဒ် (code) စရေးပါတော့မယ်။ အရင် website building tutorials တွေမှာတုန်းကတော့ ကျွန်တော်သုံးတဲ့ code ရေးတဲ့ software (text editor) ကိုတော့ ပြောပြထားပါတယ်။ ဒီသင်ခန်းစာမှာတော့ notepad++ ကို အသုံးပြုပြီး ရှင်းပြသွားမှာဖြစ်ပါတယ်။ notepad++ ကို ဖွင့်လိုက်ပါ၊ ပြီးရင် file>new ကို ခေါ်လိုက်ပါ။ file အသစ်ထဲမှာ အောက်ပါအတိုင်း သေချာ ရိုက်ထည့်ပါ (ကူးမထည့်ပါနဲ့)

ပြီးရင် ခုန jquery.js သိမ်းထားတဲ့ test folder ထဲမှာပဲ index.html ဆိုတဲ့ နာမည်နဲ့ သိမ်းလိုက်ပါ။ index ဆိုတာကတော့ ဖိုင်နာမည်ပါ။ ဘာဖြစ်လို့ index လို့ပေးရလဲဆိုတော့ တစ်ကယ့် အင်တာနက် ဆာဗာပေါ် တင်လိုက်ရင် website လိပ်စာ ရိုက်ထည့်လိုက်တာနဲ့ အရင်ဆုံး ပေါ်စေချင်တဲ့ စာမျက်နှာကို index ဒါမှမဟုတ် default လို့ ပေးရပါတယ်။ အခုကတည်းက ဖိုင်နာမည်ပေးတာ အကျင့်လုပ်ထားပါ။ ကိုယ့်စက်ထဲမှာ ကို run တာတော့ ဘာနာမည်ပေးပေးရပါတယ်။ .html ဆိုတာကတော့ ဖိုင်အမျိုးအစားပါ၊ .htm ဆိုလည်းရပါတယ်။

<!doctype html> ဆိုတာကတော့ browser ကို document type က html document ဖြစ်ကြောင်းပြောလိုက်တာပါ။ ဒီလိုပြောလိုက်မှ browser က ကျွန်တော်တို့ရေးတဲ့ code တွေကို html အနေနဲ့ ဘာသာပြန်ပြီး ဖော်ပြရမယ်မှန်းသိမှာပါ။ အခု ကျွန်တော်တို့ သင်ခန်းစာက jQuery ဆိုပေမယ့် html က မပါမဖြစ်ပါပဲ။

<head> က အဖွင့် ခေါင်းပိုင်း အဖွင့် ဖြစ်ပြီးတော့ </head> က ခေါင်းပိုင်း အပိတ်ဖြစ်ပါတယ်။
<body> က ကိုယ်ထည်ပိုင်း အဖွင့်ဖြစ်ပြီးတော့ </body> က ကိုယ်ထည်အပိတ်ဖြစ်ပါတယ်။

အခြေခံ html document တစ်ခုမှာ ဒီပုံစံက မပါမဖြစ်ပါပဲ။ ဒီအတိုင်း ရေးပြီးပြီဆိုရင်တော့ ခေါင်းပိုင်း အဖွင့်နဲ့ အပိတ်ကြားမှာ

လို့ ရိုက်ထည့်ပါ။ title ဆိုတာက ကျွန်တော်တို့ html document မှာ ခေါင်းစဉ်ထိုးတာဖြစ်ပါတယ်။ browser ရဲ့ tab တွေမှာ ပေါ်ပါတယ်။ နောက် script ဆိုတာကတော့ jquery ကို link ချိတ်မယ့် စာကြောင်းပါ။ script အမျိုးအစားတွေ အများကြီး ရှိတာကြောင့် type=”text/javascript” ဆိုပြီးတော့ javascript ဖြစ်ကြောင်း ကြေငြာရပါသေးတယ်။ နောက်တစ်ခု src ဆိုတာကတော့ source ရဲ့အတိုကောက်ပါ
ပြီးရင်တော့ ကိုယ်ထည် အဖွင့်နဲ့အပိတ်ကြားမှာ

လို့ ရိုက်ထည့်ပါ။ user က ဆုံးဖြတ်ရမယ့်အရာမှန်သမျှ input နဲ့ရေးပါတယ်။ type=”button” ဆိုတာကတော့ နှိပ်လို့ရတဲ့ ခလုတ်အမျိုးအစားဖြစ်ပါတယ်လို့ ပြောတာပါ။ value ဆိုတာကတော့ အဲဒီ button မှာ ပေါ်နေစေချင်တဲ့စာသားပါ။ အဲဒါရိုက်ထည့်ပြီးရင် ဒီတစ်ခါ ခေါင်းပိုင်း အဖွင့်အပိတ်ကြားထဲမှာ အောက်ကအတိုင်း ရိုက်ထည့်ပါ။

ခုနလိုပဲ script အမျိုးအစား ကြေငြာပါတယ်။ ပြီးရင်တော့ $ ဆိုတာက jQuery ရဲ့အစား သုံးတာပါ၊ $ မသုံးချင်ရင် $ နေရာတိုင်းမှာ jQuery လို့ လိုက်ရေးပြီး သုံးလည်းရပါတယ်။ $(document) ဆိုတာက jQuery နဲ့ ကျွန်တော်တို့ html document တစ်ခုလုံးကို select ပေးလိုက်တာပါ။ .ready() ဆိုတာကတော့ ဒီ document ကြီး အဆင်သင့်ဖြစ်ပြီဆိုရင် ဆိုတဲ့အဓိပ္ပါယ်ပါ။ အဲဒီလို အဆင်သင့်ဖြစ်ရင် နောက်က function() ဆက်လာပါတယ်။ ဘာ function လဲဆိုတော့ input:button ဆိုတာ input type က button ဖြစ်ပြီး .click() ကတော့ click လုပ်လိုက်ရင်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ input type button ကို click လုပ်လိုက်ရင်ဆိုတဲ့ အဓိပ္ပါယ်ပါ။ click လုပ်လိုက်ရင် ဘာဆက်ဖြစ်မလဲဆိုတော့ နောက်က function ကို ဆက်ကြည့်ပါ။ this ဆိုတာ ဒီဟာဆိုတဲ့ အဓိပ္ပါယ်အတိုင်းပဲဖြစ်ပြီးတော့ .hide() ဆိုတာကတော့ ဖျောက်လိုက်မယ်ပေါ့။ အဲတော့ အဓိပ္ပါယ်က input type button ကို click လုပ်ရင် ဒီဟာကို ဖျောက်ပစ်မယ် လို့ အဓိပ္ပါယ်ရပါတယ်။ ဒီဟာဆိုတာ ဘယ်ကောင်ဖြစ်မလဲ click အနှိပ်ခံရတဲ့ ကောင်ပါပဲ။ ဒီလောက်ဆို နားလည်လောက်ပါပြီ။ .hide() နေရာမှာ .fadeIn(), .fadeOut() စတာတွေကိုလည်း သုံးပြီး စမ်းကြည့်ပါ။ အားလုံးနားလည်ဖို့အတွက် အဓိကထားရေးတာမို့လို့ စာအရေးအသားက ဖတ်ရခက်နေမယ်ဆိုလည်း သည်းခံဖတ်ပါ။ ကျေးဇူးတင်ပါတယ်။

နောက်ဆုံး code က အောက်ပါအတိုင်းဖြစ်ပါတယ်။ မတူတာရှိရင် သေချာ စစ်ဆေးပြီးတော့ လိုက်ရေးကြည့်ပါ။ ပြီးရင် index.html ကို browser မှာ ဖွင့်ပြီးတော့ ခလုတ်လေးကို နှိပ်ကြည့်ကြပါ။

One thought on “jQuery ဖြင့် ဖျောက်နည်း – jQuery .hide() function

Leave a Reply

Your email address will not be published. Required fields are marked *