jQuery if-else သင်ခန်းစာ – jQuery if else applicable tutorial

မင်္ဂလာပါ …
ကျွန်တော် ဒီတစ်ခေါက် ရေးမယ့် နမူနာ ပုံစံကို demo မှာ သွားကြည့်ပါ။ SEO Service website (www.seo.sg) က slider ကို သင်မယ်လို့ ပြောထားပေမယ့် ရုတ်တရက်ကြီး မြင့်တက်သွားမှာစိုးလို့၊ if else လေး အရင် သင်ကြတာပေါ့။ ဒီနေ့တော့ မနေ့က သင်ခန်းစာကို နည်းနည်းလေး ပိုကောင်းသွားအောင်၊ ပိုပြီး သဘာဝကျသွားအောင် ကုဒ်လေး နည်းနည်း ထပ်ဖြည့်ပြပါမယ်။ မနေ့က jQuery slideToggle Tutorial မှာ Button ကိုနှိပ်လိုက်ရင်တော့ box ကတော့ ပေါ်လိုက် ပျောက်လိုက် ဖြစ်ပါပြီ။ ဒါပေမယ့် Button ပေါ်က စာက အသေပဲဖြစ်နေပါတယ်။ အဲဒါကို ကျွန်တော်က ပြောင်းချင်တာပါ။ ဘယ်လိုမျိုးပြောင်းချင်လဲဆိုတော့ –

– box မပေါ်တဲ့ အခြေအနေမှာ button ပေါ်က စာကို Show Box လို့ ဖြစ်စေချင်ပြီးတော့
– box ပေါ်နေတဲ့ အခြေအနေမှာ button ပေါ်က စာကို Hide Box လို့ ဖြစ်စေချင်တာပါ။

if, else ကို အသုံးပြုပြီးတော့ ရေးမှာဖြစ်ပါတယ်။

ဒီတော့ လိုအပ်တဲ့ ပြင်ဆင်ချက်လေး နည်းနည်းလုပ်ပါမယ်။ အရင်သင်ခန်းစာရဲ့ tag ထဲက button ရဲ့ value ကို Show/Hide Box ကနေ Show Box လို့ ပြောင်းလိုက်ပါ။ အရင် သင်ခန်းစာက

ကနေ

ဖြစ်သွားပါလိမ့်မယ်။ Button ကို ကလစ်နှိပ်လိုက်တာနဲ့ jQuery နဲ့ button ရဲ့ value က ဘာလဲဆိုတာ စစ်ပါမယ်။ အဲဒီအချိန်မှာ Button ရဲ့ value က Show Box ဖြစ်နေခဲ့မယ်ဆိုရင် Hide Box လို့ ပြောင်းမယ်၊ Hide Box ဖြစ်နေရင် Show Box လို့ ပြောင်းမှာဖြစ်ပါတယ်။ ရှင်းသွားအောင် လက်တွေ့ရေးပြီးတော့ စမ်းကြည့်လိုက်ပါဦး။ button ရဲ့ value ကိုပြောင်းပြီးပြီဆိုရင်တော့ နောက်ထပ် ထဲမှာ jQuery ကို နည်းနည်းလေးထပ်ပြောင်းရပါမယ်။ အရင်သင်ခန်းစာ

ကနေ

ဖြစ်သွားပါမယ်။ ရှင်းပြပါမယ်။ ကျွန်တော်တို့ button ကို click နှိပ်လိုက်တဲ့အခါမှာ button ရဲ့ value က Show Box ဖြစ်နေမလားဆိုတာကို

if($(this).val()==”Show Box”)

နဲ့ စုံစမ်းလိုက်ပါတယ်၊ Show Box ဖြစ်နေရင် if အောက်က

$(this).val(“Hide Box”);

ကုဒ်နဲ့ Hide Box လို့ ပြောင်းလိုက်ပါတယ်။ သဘောတရားက Show Box ဖြစ်နေရင် Hide Box လို့ပြောင်းလိုက်တာ ဖြစ်ပါတယ်။ Show Box မှမဟုတ်ရင် (Hide Box ဖြစ်နေခဲ့ရင်)

else {
$(this).val(“Show Box”);
}

ကုဒ်နဲ့ Show Box ဖြစ်အောင် ပြန်ပြောင်းလိုက်ပါတယ်။ နားလည်မယ်လို့ မျှော်လင့်ပါတယ်။ နားမလည်ရင် comment ရေးခဲ့နိုင်ပါတယ်။ နောက်ဆုံး source code ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ တိုက်စစ်ကြည့်ပါဦး။

3 thoughts on “jQuery if-else သင်ခန်းစာ – jQuery if else applicable tutorial

  1. Kaung Lay

    HTML က value ဆိုတဲ့ attrib: က jquery မှာ ခေါ်သုံးရင် val လို့ သုံးရတာလား ဟင်…

    အကို့ ကျူတိုရီယယ်တွေက အရမ်းကောင်းပါတယ်။
    နောက်လဲ jquery နဲ့ပတ်သတ်တာတွေ ထပ် တင်ပေးပါနော်….

    1. lukaar

      jQuery က .val() ဆိုတာက html u value attribute ကို လှမ်း select လုပ်လိုက်တာပါ။

  2. Wil Lin Oo

    ကျနော်အစမ်းရေးနေတဲ့ CMS website တစ်ခုရှိပါတယ်
    အဲမှာ blog တစ်ခုထည့်ကြည့်ပါတယ် blog မှာ ထည့်သမျှစာတွေကအကုန်ပေါ်နေလို့ပါ
    ကျနော်က continute reading ထည့်ချင်တာပါ ။
    အခုဒီ post တွေ့လို့ ဒီ post ထဲကလိုစာတွေကို show / hide လုပ်လို့ရပါမလားဆရာ
    ရရင်နည်းလမ်းလေးသိချင်ပါတယ် ။ ကျေးဇူးတင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *