နည်းပညာ

ကွန်ပျူတာ နည်းပညာများ, နည်းပညာ software နှင့် နည်းပညာ blog

လက်ရွေးစင် သင်ခန်းစာများ ကြည့်ရန်။

Login form tutorial (HTML,CSS, jQuery) part I

မင်္ဂလာပါ..

ဒီတစ်ခေါက်တော့ form သင်ခန်းစာလေးတွေ series အလိုက် သင်ပေးသွားမယ်လို့ စိတ်ကူးထားပါတယ်။ ဒီသင်ခန်းစာက web design နဲ့ ဆိုင်တဲ့ သင်ခန်းစာဖြစ်ပါတယ်။ တစ်ကယ်လို့ ခင်ဗျားဟာ web design ကို စိတ်မဝင်စားဘူး။ Website တစ်ခု ဘယ်လိုလုပ်လဲ မသိချင်ဘူးဆိုရင်တော့ ဒီသင်ခန်းစာက ခင်ဗျားနဲ့ မဆိုင်ပါဘူး။ ကျော်သွားပါ။ အဲလိုမှမဟုတ်ဘူး website တွေ ဘယ်လိုရေးရလဲဆိုတာ စိတ်ဝင်စားတယ်၊ web design ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီသင်ခန်းစာက professional web designer တစ်ယောက်ဖြစ်ဖို့အတွက် လုံးဝ အစပါပဲ။ အခုထိ ဖတ်မိနေပြီဆိုတော့ ခင်ဗျားစိတ်ဝင်စားတယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် သင်ခန်းစာ ဆက်လေ့လာကြတာပေါ့။

သာမာန် web designer တစ်ယောက်ဖြစ်ဖို့ html နဲ့ css ကို သိရပါတယ်။ အခု ဒီသင်ခန်းစာမှာ form နဲ့ ပတ်သတ်တဲ့ html ကို သင်ပေးမှာဖြစ်ပါတယ်။ နောက်တစ်ခေါက်မှာတော့ css ကို သင်ပေးပါမယ်။ html မသင်ခင် tag ဆိုတာကို သိရပါမယ်။ tag ဆိုတာက ထောင့်ကွင်းအဖွင့် “<” နဲ့ ထောင့်ကွင်းအပိတ် “>” ထဲ ထည့်ရေးထားတာမှန်သမျှကို tag လို့ ခေါ်ပါတယ်။ tag တွေတိုင်းမှာ အဖွင့်နဲ့ အပိတ်ရှိပါတယ်။ အပိတ် tag မှာ slash လို့ခေါ်တဲ့ မျဉ်းစောင်း “/” လေးပါ ပါတယ်။ ဥပမာ <html> ဆိုတာက အဖွင့် tag ဖြစ်ပြီးတော့ </html> က အပိတ် tag ဖြစ်ပါတယ်။ ကဲဒါဆို notepad++ ကိုဖွင့်လိုက်ပါ။ html စရေးဖို့ အရင်ဆုံး ရေးရမယ့် tag တွေက

ဖြစ်ပါတယ်။ ကျွန်တော်တို့ လူတွေက မြင်ရမယ့်အပိုင်းကိုတော့ body အဖွင့်နဲ့ အပိတ်ထဲမှာ ထည့်ပါတယ်။ <head> အပိုင်းကတော့ search engine (google, yahoo, bing, …) တွေနဲ့ အများဆုံး ဆိုင်ပါတယ်။ အများဆုံး လို့ ကျွန်တော်သုံးတာက လူတွေနဲ့ ဆိုင်တာတွေလဲ ရှိပါတယ်။ ဥပမာ website ခေါင်းစဉ်လိုမျိုးဆိုရင် လူတွေနဲ့ ဆိုင်ပါတယ်။ ဒါကြောင့် <head> အဖွင့်နဲ့ အပိတ် ကြားမှာ အောက်ကအတိုင်း ထည့်ရေးလိုက်ပါ

ပြီးရင် ကျွန်တော်တို့ web designer တွေဟာ အရင်တုန်းကတော့ table တွေနဲ့ design ဆွဲရပါတယ်။ အခုနောက်ပိုင်းတော့ နည်းပညာအသစ်တွေပေါ်လာတော့ div တွေသုံးပြီးတော့ design ဆွဲကြပါတယ်။ ခုနောက်ပိုင်း အမြင့်ဆုံးကတော့ html5 ပါ။ သူကတော့ <section> ဆိုတာတွေသုံးပါတယ်။ div နဲ့ အတူတူပါပဲ div ဆိုတာကတော့ division ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ဒီနေ့ သင်ခန်းစာမှာ ကျွန်တော်က ကျွန်တော်တို့ မြင်ဖူးနေကြ seo service website ရဲ့ slider ဘေးက form လိုမျိုး ခပ်ဆင်ဆင် form တစ်ခုကို ရေးမှာဖြစ်ပါတယ်။ အရင်ဆုံး SEO Service website (www.seo.sg) ကို သွားကြည့်ပါဦး၊ home page က slider ဘေးမှာ form တစ်ခု၊ ဟိုးအောက်ဆုံးနားမှာ form တစ်ခု၊ ပြီးတော့ contact us (www.seo.sg/contact-us.html) စာမျက်နှာမှာ form နောက်တစ်ခု စုစုပေါင်း သုံးခုရှိပါတယ်။ အားလုံးကို မြင်ဖူးတယ်ရှိအောင် လိုက်လေ့လာကြည့်ပါ။ လေ့လာကြည့်ပြီးမှ ရေးတဲ့အပိုင်းကို ဆက်သွားပါ။ လေ့လာပြီးပြီဆိုရင် ကျွန်တော်တို့ ဆက်ရေးပါမယ်။ ကျွန်တော်တို့ ရေးမယ့် form အမျိုးအစားကတော့ website တွေမှာ login ဝင်ရင် သုံးရတဲ့ form အမျိုးအစားဖြစ်ပါတယ်။ အလွယ်ဆုံးထဲက တစ်ခုဆိုလည်း မမှားပါဘူး။ အောက်က ကုဒ်တွေကို <body> အဖွင့်နဲ့ အပိတ်ကြားမှာ ရိုက်ထည့်လိုက်ပါ။ ရိုက်ထည့်ပြီးရင် ရှင်းပြပါမယ်။

အခုန ကျွန်တော်တို့ div တွေ သုံးမယ်လို့ ပြောခဲ့တဲ့အတိုင်း div တစ်ခုသုံးပါတယ်။ division (အပိုင်း၊ အကန့်) တစ်ခု ခွဲလိုက်တာပေါ့ဗျာ။ div မှာ id ပေးလည်းရတယ် မပေးလည်းရပါတယ်။ အခုက ပေးဖို့ လိုလို့ ပေးကို ပေးရပါမယ်။ နောက်ပိုင်း css သင်ရင် လိုပါလိမ့်မယ်။ id ကို form ဆိုတဲ့ နာမည်ပေးလို့ရပါတယ်။ id တွေကို html က ကန့်သတ်ထားတဲ့ နာမည်တစ်ချို့က လွဲလို့ ကိုယ်ကြိုက်တဲ့ နာမည်ပေးလို့ရပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ နားလည်အောင်ထက် သူများတွေ နားလည်အောင်ပေးတာ ပိုကောင်းပါတယ်။ တစ်ကယ့်တစ်ကယ် အလုပ်လုပ်ရတဲ့အခါ အဖွဲ့နဲ့ လုပ်ရမှာပါ။ အဲဒီအခါကျရင် ကိုယ်ရေးတဲ့ code ကို သူများနားမလည်ရင် ကိုယ်ညံ့တာပါ။ ဒါကြောင့် သူများနားလည်အောင် နာမည်တွေပေးရပါတယ်။ အဲဒီလို သူများနားလည်ဖို့အတွက် နောက်က <!– နဲ့ –> ကြားမှာ မှတ်ချက် အဖြစ်နဲ့ စာသား တစ်ခုခုရေးရပါတယ်။ ဥပမာ ဘယ်ဟာရဲ့ အစ၊ ဘယ်ဟာရဲ့အဆုံး စသဖြင့်ပေါ့။ မှတ်ချက်ဆိုတဲ့အတွက်ကြောင့် သူ့ကို comment လို့ခေါ်ပါတယ်။ comment တွေက website မှာ ပေါ်မှာမဟုတ်ပါဘူး။ website ရေးတဲ့လူတွေက ရှုပ်ယှက်ခတ်နေတဲ့ coding တွေကြားမှာ အမှတ်အသား အဖြစ်နဲ့ ရေးကြတာပါ။ ဒါမှ နောက်တစ်လ၊ တစ်နှစ်လောက်ကြာလို့ code ကို ပြန်ပြင်ရတော့မယ်ဆိုရင် ဘယ်နားဘာရှိတယ်ဆိုတာ ပြန်မှတ်မိနိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ h1 tag ဖြစ်ပါတယ်။ h1 ကနေ h6 အထိ သုံးလို့ရပါတယ်။ h1 ကတော့ font size အကြီးဆုံးဖြစ်ပါတယ်။ heading တွေကို ရေးတဲ့အခါမှာ သုံးပါတယ်။

နောက်တစ်ခုက input, input မှာ အမျိုးအစား အမျိုးမျိုးရှိပါတယ်။ အခု ဒီသင်ခန်းစာမှာ ဖော်ပြပေးလိုက်တာကတော့ type=”text” နဲ့ type=”password” နှစ်ခု နဲ့ type=”submit” ဖြစ်ပါတယ်။ သာမာန်စာရိုက်ဖို့အတွက် text input type ကို သုံးပြီးတော့ password ရိုက်ဖို့နေရာအတွက် password input type ကိုသုံးပါတယ်။ placeholder ဆိုတာကတော့ name တို့ password တို့ရိုက်တဲ့အကွက်ထဲမှာ ကိုယ်က စာတစ်ခုခု မရိုက်ခင်အထိ ပေါ်နေမယ့် လမ်းညွှန်စာသားလေးဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ submit input type ဖြစ်ပါတယ်။ submit ဆိုတဲ့ သဘောတရားက form တိုင်းမှာ ပါပါတယ်။ google မှာ စာရိုက်ပြီး search ကိုနှိပ်လိုက်တာကလည်း search ဆိုတာ submit လုပ်လိုက်တာပါပဲ။ ဒါကြောင့် submit ဆိုတဲ့သဘောတရားက form ထဲမှာ “ဖြည့်စရာရှိတာ အကုန်ဖြည့်ပြီးပြီ၊ ရပြီ မင်းဆက်လုပ်တော့” လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ submit ကိုနှိပ်မှ form တွေက ကျန်တဲ့ သူတို့ လုပ်စရာရှိတဲ့အပိုင်းကို ဆက်လုပ်မှာဖြစ်ပါတယ်။ value မှာတော့ website မှာ ပေါ်စေချင်တဲ့ စာသားကို ထည့်ရေးပေးရပါတယ်။

ကိုယ်ရေးတဲ့ code ကို အမှားပါနေတယ်လို့ သံသယရှိသူတွေအတွက် ပြန်တိုက်စစ်ဖို့ code အပြည့်အစုံက အောက်ကအတိုင်းပါပဲ။

ကဲ … ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်တစ်ခေါက် သင်ခန်းစာမှာ အခုရေးလိုက်တဲ့ form ကို css နဲ့ ချိတ်ပြီးတော့ လှလှပပ ဖြစ်အောင် ပြင်ဆင်မယ့်အပိုင်းပါ။

One thought on “Login form tutorial (HTML,CSS, jQuery) part I

Leave a Reply

Your email address will not be published. Required fields are marked *