နည်းပညာ လေ့လာနည်း

the-best-way-to-learn-it

နည်းပညာ လေ့လာတဲ့အခါမှာ လမ်းလွဲ လမ်းမှားတွေ ရောက်တတ်ကြသလို၊ အချိန်ကုန်သွားပြီး ဘာမှမရလိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီ နည်းပညာ လေ့လာနည်း က IT နည်းပညာ ကို အချိန်တိုအတွင်း အကျိုးရှိရှိ အသုံးချနိုင်အောင် ဘယ်လိုလေ့လာရမယ်ဆိုတာကို ပြောပြပေးမှာ ဖြစ်တဲ့အတွက်ကြောင့် computer နည်းပညာ လေ့လာမယ့် လူငယ်လူရွယ်တိုင်း ဂရုတစိုက် ဖတ်ရှုမှတ်သား သင့်ပါတယ်။

အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံက တဖြည်းဖြည်းနဲ့ တိုးတက်နေပါပြီ။ အဲဒီလို အဖက်ဖက်ကနေ တိုးတက်နေတဲ့အချိန်မှာ မီအောင်မလိုက်နိုင်လို့ နောက်ကျ ကျန်ခဲ့ရင် နောင်တစ်ချိန်မှ မီအောင်ပြန်လိုက်နိုင်ဖို့ဆို တော်တော်ကြီးကို ခက်ခဲသွားမှာပါ။ ကျွန်တော်ကတော့ နည်းပညာ သမားဆိုတော့ နည်းပညာ နဲ့ ပတ်သတ်တာကိုပဲ ပြောမှာပါ။ တိုင်းပြည်ကြီးက တိုးတက်လာတဲ့ အတွက်ကြောင့်မို့လို့ IT နည်းပညာ တွေလည်း အဖက်ဖက်က တိုးတက်နေပါတယ်။

ဒီအကြောင်းကို ကျွန်တော် ဥပမာ တစ်ခုနဲ့ ပြောပြချင်ပါတယ်။ ဒီဥပမာကို အရင်တုန်းက ကျွန်တော် သင်တန်းဆရာ လုပ်တုန်းကလည်း သင်တန်းသားတွေကို ပြောပြဖူးပါတယ်။ ကျွန်တော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော် သင်ပေးနေတဲ့ တစ်ချို့တစ်ယောက်ကိုလည်း ဒီဥပမာကို ပြောပြခဲ့ဖူးပါတယ်။

ကျွန်တော်တို့ ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့ သွားမယ်ဆိုပါစို့။ ကျွန်တော်တို့က နည်းနည်းနောက်ကျပြီးမှ ဘူတာကို ရောက်တယ်။ ကျွန်တော် လက်မှတ်ဝယ်ထားတာက ဒုတိယတွဲမှာ။ ကျွန်တော်တို့ ရောက်နေတဲ့အချိန် ရထားက တစ်လိမ့်လိမ့်ထွက်နေတယ်။ ကျွန်တော်တို့ပြေးတာထက် ရထားခုတ်တာက ပိုမြန်နေလို့ ဒုတိယတွဲကို ပြေးလိုက်ဖို့ မမီတော့ဘူး။ ဒီအခြေအနေမှာ အားလုံး ကိုယ့်စိတ်ကူးနဲ့ကိုယ် အတွဲ (၂) ကို ဘယ်လို ရောက်အောင်သွားမလဲဆိုတာ နည်းနည်းစဉ်းစားကြည့်ပါ။ ပြီးမှ ကျွန်တော် ပြောတာကို ဆက်ကြည့်ပါ။ ကျွန်တော့်ရဲ့ စဉ်းစားပုံက နောက်တစ်ပိုဒ်မှာ ရှိပါတယ်။

အဲဒီအခွိနမြှာ ကွှနတြောတြို့ လုပနြိုငတြဲ့ တဈခုတညြးသော နညြးလမြးက၊ မီတဲ့အတှဲကို အရငခြိုတကရြပါမယြ။ အဲဒီလို တကလြိုကပြှီဆိုရငြ ကွှနတြောတြို့ ရောကခြငွတြဲ့အတှဲ (၂) ကို ရထားတှဲတဈခုကနေ တဈခုကို ပုံမှနအြတိုငြး လမြးလွှောကပြှီး သှားရငတြောငြ ခဏနရငြေ ရောကပြါတယြ။ ဒီလိုပါပဲ အိုငတြီ နညြးပညာ ဟာလညြး အခုအခွိနမြှာတောတြောကြှီး တိုးတကနြပှေီး ဖှဈပါတယြ။ ပုံမှနအြတိုငြးသာ ပှေးလိုကရြငတြော့ လိုကလြေ ဝေးလဖှဈေပှီး နောငတြဈခွိနမြှာ အိုငတြီပညာကို လုံးဝစိတကြုနသြှားမှာသခွောပါတယြ။ ဒါကှောင့ြ အခုဘယလြောကြ တိုးတကြ တိုးတကြ၊ မိမိနားမှာ ရှိတဲ့၊ မိမိနဲ့ နီးစပတြဲ့ နညြးပညာမှနသြမွှကို လေ့လာပါ။ တဈခွို့လူတှရှေိတယြ ဘာပဲ လုပလြုပအြခှခေံ ကကွလွုပလြေ့ရှိတယြ။ အဲလိုလုပတြာ နရောတိုငြးတော့မကောငြးဘူးပေါ့။ ဟာသအနနေဲ့ ပှောရရငြ ရတှငြေးတူးရငြ အခှခေံကကွဆွိုပှီး အောကဆြုံးကနေ တူးလို့မှ မဖှဈတာ။အဲဒီလိုလူတှကေ သငတြနြးကို အရမြးအားကိုးတယြ၊ သငတြနြးတကမြှ အခှခေံကကွတွတမြယလြို့ ခံယူထားတယြ။ အဲဒီ ခံယူခကွကြှောင့ပြဲ ကိုယတြိုငြ အားစိုကဖြို့ မေ့နတတေကြှတယြ။သငတြနြးမတကဖြို့ ပှောနတော မဟုတပြါဘူး။ တဈကယ့လြကတြှေ့မှာ ဘယသြငတြနြး ဘယလြောကကြောငြးကောငြး ကိုယတြိုငြ အားမစိုကရြငြ မတတပြါဘူး။ Computer နညြးပညာ မှာအဲလိုခံယူခကွတြှရှေိနရငြေ တိုးတကဖြို့ ခဲယဉြးပါတယြ။ အိုငတြီ နညြးပညာေ တှအားလုံးက ကိုယပြိုငြ စိတကြူးတှနေဲ့ ဖနတြီးရတဲ့ နညြးပညာ တှပေါပဲ။

တစ်ချို့တွေရှိတယ် design ဆွဲတဲ့ သင်တန်း တစ်ခုခု သွားတက်လိုက်တယ်။ သင်တန်းပြီးလို့ certificate ရပြီဆို သူတို့ကိုယ်သူတို့ designer တစ်ယောက်လို့ သတ်မှတ်လိုက်တယ်။ Programming language တစ်ခုခုကို သင်တန်းမှာ သွားတက်လိုက်တယ်။ သင်တန်းဆင်းလို့ လက်မှတ်ရပြီဆို သူတို့ကိုယ်သူတို့ programmer လို့ သတ်မှတ်လိုက်တယ်။ ကိုယ်ပိုင် စိတ်ကူးမကောင်းသရွေ့ ဘယ်တော့မှ designer, programmer ဖြစ်ဖို့ မလွယ်ကူပါဘူး။

အခုခေတ်မှာ လူငယ်တွေသိတဲ့ အိုင်တီ သမား ဆိုတာ software တွေတင်၊ crack တွေရှာတင်ပေး။ ဒီလောက်ဆိုရင် လူတော်တော်များများက IT သမားလို့ ထင်နေကြပါတယ်။ သူတစ်ပါးကို ပုတ်ခတ်တာ မဟုတ်ပါဘူး။ IT နည်းပညာ ဆိုတာ ကျယ်ပြန်ကြောင်း သိစေချင်တာပါ။ ဒီလောက်နဲ့ ကျေနပ်နေကြမယ်ဆိုရင် နောက်ပိုင်းမှာ နောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ software crack ရှာတတ်၊ software တွေ သုံးတတ်ရုံနဲ့ IT မဖြစ်ပါဘူး။ IT ဆိုတာ အရမ်းကျယ်ပြန့်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ နည်းပညာပိုင်းမှာ နောက်ကျမကျန်ခဲ့အောင် ဘယ်လိုလေ့လာရမယ်ဆိုတာ ပြောမှာဖြစ်ပါတယ်။

၁။ ကိုယ့် professional လမ်းကြောင်း ရွေးပါ။
၂။ ပတ်သတ်ရာ သင်တန်း တစ်ခုခုတက်ပါ။
၃။ ကိုယ်ရွေးထားတဲ့ လမ်းကြောင်းနဲ့ အလုပ်ဝင်လုပ်ပါ။
၄။ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပါ။
၅။ ကိုယ်ပိုင်များများတွေးပါ၊ သူများတွေရဲ့ အတွေးကို လေ့လာပါ။

အားလုံးကို အသေးစိတ် ရှင်းပြပါမယ်။

၁။ ကိုယ့် professional လမ်းကြောင်း ရွေးပါ။
အပေါ်မှာ ပြောခဲ့သလိုပဲ IT ဆိုတာ အရမ်း ကျယ်ပြန့်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်းနဲ့တော့ အားလုံး တတ်ချင်နေလို့ မဖြစ်ပါဘူး။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကို ဘာစိတ်ဝင်စားလဲဆိုတာ ပြန်မေးပါ။ design (graphic design, architect design, web design), programming or development (desktop development, mobile development, web development), Hardware and Network, … စသဖြင့် ရှိတဲ့အထဲမှာ ကိုယ်တစ်ကယ် စိတ်ဝင်စားတဲ့ အပိုင်းကို ရွေးချယ်ပါ။ စိတ်ဝင်စားတယ်ဆိုတဲ့နေရာမှာ ကိုယ်စိတ်ဝင်စားမှု အတိုင်းအတာက ပိုက်ဆံဘယ်လောက်ရလဲဆိုတာအပေါ် မမူတည်ရပါဘူး။ ကိုယ်တိုင်တစ်ကယ် စိတ်ဝင်စားရင် အာရုံစိုက်ပြီး လုပ်နိုင်တဲ့အတွက် product ကောင်းကောင်းတွေ ဖန်တီးနိုင်ပါတယ်။ ကိုယ်ဖန်တီးတဲ့ products တွေသာ ကောင်းနေမယ်ဆိုရင် ပိုက်ဆံက အလိုလို ရလာပါလိမ့်မယ်။ ဒါကြောင့် တစ်ကယ်စိတ်ဝင်စားတာကို ရွေးပါ။ products တိုင်းကို ကောင်းအောင်လုပ်ပါ။

၂။ ပတ်သတ်ရာ သင်တန်း တစ်ခုခုတက်ပါ။
ကျွန်တော် အပေါ်မှာလည်း သင်တန်းတွေကို အရမ်းအားမကိုးဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သင်တန်းမတက်ခိုင်းတာတော့ မဟုတ်ပါဘူး။ ကိုယ့်လမ်းကြောင်း ကိုယ်ရွေးပြီးပြီဆို ကိုယ့်ရည်ရွယ်ချက်ကို မြန်မြန်ဆန်ဆန် ရောက်အောင် သင်တန်းကိုတော့ အကူအညီအဖြစ်နဲ့ ယူရပါမယ်။ သင်တန်းတက်နေတဲ့အချိန်မှာလဲ သင်တန်းက သင်တာထက်ကို ကိုယ်တိုင်က များများတွေးခေါ်ပြီး သင်တန်းဆရာနဲ့ အမြဲတမ်း ဆွေးနွေးနေရပါမယ်။ ဒါမှသာ သင်တန်းတက်ပြီးရင် ကိုယ်ပိုင်အတွေးအခေါ်တွေ အများကြီး ရင့်ကျက်လာမှာ ဖြစ်ပါတယ်။

၃။ ကိုယ်ရွေးထားတဲ့ လမ်းကြောင်းနဲ့ အလုပ်ဝင်လုပ်ပါ။
သင်တန်းပြီးသွားပြီဆိုရင်တော့ “တတ်ပြီးပညာ မလေ့လာ၊ မကြာမရှည် ပျောက်တတ်သည်” ဆိုတာမျိုး မဖြစ်ရအောင်လို့၊ တက်ထားတဲ့ သင်တန်းတဲ့ လိုက်ဖက်မယ့် အလုပ်ကို ရှာလုပ်ပါ။ အခုမှ သင်တန်းတက်ပြီး အလုပ်ရှာနေတာမို့လို့ လစာကို ချေး(ဂျီး)မများပါနဲ့၊ ဒါပေမယ့် company ကိုတော့ ရွေးပါ။ company တွေက အလုပ်သမား ရွေးသလိုမျိုး ကိုယ်တိုင်ကလည်း company ရွေးချယ်ခွင့် ရှိပါတယ်။ တစ်ချို့ company တွေက အစမှာ လစာမကောင်းပေမယ့် ကိုယ့်အရည်အချင်းကို သိပြီးတဲ့နောက်မှာ လစာကောင်းကောင်း ပေးတတ်ပါတယ်။ တစ်ချို့ကလည်း အစပိုင်းမှာ ကောင်းသယောင်ယောင်ရှိပေမယ့် နောက်ပိုင်းမှာ လစာက မတိုးတော့တာမျိုး ရှိတတ်ပါတယ်။ ဒါက လစာကို ဥပမာအနေနဲ့ ပြောပြတာပါ။ company ရွေးတဲ့အခါမှာ အခြား စဉ်းစားရမယ့်အချက်တွေ အများကြီး ရှိပါတယ်။ အလားအလာရှိပြီး ရေရှည်မှာ ကိုယ့်အတွက်ကောင်းမယ့် company ကိုရွေးပါ။

၄။ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပါ။
ကိုယ်တစ်ယောက်တည်းဆိုရင် ကိုယ့် idea တစ်ခုတည်းပဲ ထွက်ပါမယ်။ အဲဒီအခါကျရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ့် idea က ပုံသေဖြစ်လာမယ်ဆိုရင် အကောင်းဆုံးလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပြီး သူတို့နဲ့ အမြဲတမ်း ဆွေးနွေးနေပါ။ သူငယ်ချင်းလို့ပြောတဲ့ထဲမှာ လူမှ မဟုတ်ပါဘူး ဆွေးနွေးနိုင်မယ့် ဘယ်အရာမဆို အကြုံးဝင်ပါတယ် (ဥပမာ၊ ၊ online forum)။ မိတ်ဖွဲ့ခိုင်းရတဲ့ အဓိက ရည်ရွယ်ချက်က မိမိ idea တွေ အမြဲတမ်း ဆန်းသစ်နေဖို့ပါ။ ဒါကြောင့် တစ်ခြား လေ့လာမှုတွေလည်း ပါရပါမယ်။

၅။ ကိုယ်ပိုင်များများတွေးပါ၊ သူများတွေရဲ့ အတွေးကို လေ့လာပါ။
ဒီနေရာမှာ လူတိုင်းမှားတတ်ကြတာက ကိုယ်တိုင်များများမတွေးဘဲ။ သူများဆီက ကူးချတာက များနေပါတယ်။ သူများဆီက idea ကူးချနေရုံနဲ့တော့ ဘယ်တော့မှ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်ပါဘူး။ အစပိုင်းမှာ ပိုက်ဆံများများရမယ့် လမ်းကြောင်း ရွေးထားတယ်၊ အလွယ်လိုက်ပြီး သူများ idea တွေကိုပဲ အသုံးပြုပြီး အလုပ်လုပ်နေမယ်ဆိုရင် အချိန်ဘယ်လောက်ကြာကြာ ကိုယ့်ရဲ့ဝင်ငွေက တိုးဖို့ မရှိတော့ပါဘူး၊ တိုးလည်း နည်းနည်းပါပဲ။ ကိုယ်ပိုင် idea ကို အသုံးပြုပြီး အလုပ်လုပ်မယ်ဆိုရင်တော့ ဘယ်လောက် လစာ မကောင်းတဲ့ company မှာ ဝင်လုပ်နေပါစေ။ ကိုယ့်ရဲ့ လက်ရာတွေက ပိုက်ဆံများများပေးမယ့် company တွေကို ဖိတ်ခေါ်နေပါလိမ့်မယ်။ ဆိုလိုတာက ကိုယ့်ရဲ့ လက်ရာတွေသာ ကောင်းနေမယ်ဆိုရင် ဘယ် company မှာ သွားလျှောက်လျှောက် အလုပ်ရဖို့ ရာခိုင်နှုန်း များပါတယ်၊ တစ်ဆင့်ထက် တစ်ဆင့် မြင့်တဲ့ အခွင့်အလမ်းတွေ ပေါ်လာမှာပါ။ ဒါပေမယ့် ကိုယ့် idea တစ်ခုတည်းနဲ့လည်း မဖြစ်ပါဘူး။ သူများ idea တွေကိုလည်း လေ့လာပါ။ ဒါပေမယ့် ကိုယ်ပိုင် idea သုံးတဲ့ ရာခိုင်နှုန်းက ပိုများရပါမယ်။ ကိုယ်ပိုင် အတွေးအခေါ်က ၈၀%၊ တစ်ခြား အတွေးအခေါ်က ၂၀% လောက်ဖြစ်နေရပါမယ်။ အဲဒီ ၂၀% တောင် တစ်ခြား လူ ၁၀ ယောက်လောက်ဆီက ယူရမှာဖြစ်ပါတယ်။ ဒါမှ ကိုယ့် လက်ရာ (products) တွေမှာ သူများရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးမနေမှာ ဖြစ်ပါတယ်။ ကိုယ့်ဦးနှောက်ကို သုံးရတာ အစပိုင်းမှာ တော်တော်ခက်သလို၊ products ကောင်းကောင်းတွေလည်း ထွက်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် လွယ်လွယ် အညံ့ခံပြီးတော့ ကူးချဖို့ပဲ စိတ်မစောနေပါနဲ့။ အခုအချိန်မှာ အချိန်ပေးထားလိုက်ရင် နောင်တစ်ချိန်မှာ products ကောင်းကောင်းတွေ ရရှိလားမှာပါ။ စု၊ တု၊ ပြု ပဲရှိပါတယ်။ စု၊ ကူး၊ ပြု ဆိုတာ မရှိပါဘူး။ အားလုံးပဲ ခေတ်ရေစီးကြောင်းနဲ့ အမီ လိုက်နိုင်ကြပါစေ။

Blog မှာ blog မှာ facebook like and share button ထည့်နည်း

like-and-share

 

Blog မှာ Facebook like and share button ထည့်လို့မရလို့  အီးမေးလ်ထဲမှာ မေးလာတာလေးပါ။ အရင်က တင်ဖူးတဲ့ Blog မှာ Facebook comment box ထည့်နည်း ကို ဖတ်ထားဖူးရင်တော့ တစ်ဝက်လောက် လုပ်တတ်နေလောက်ပါပြီ။

အခုပြောပြမယ့်နည်းကတော့ Facebook က တရားဝင် သတ်မှတ်ထားတဲ့၊ တရားဝင်ပေးထားတဲ့ code တွေနဲ့ ထည့်ပြပေးမှာဖြစ်ပြီးတော့ HTML5 နဲ့ ထည့်ပြမှာဖြစ်ပါတယ်။ Google Blog တင်မဟုတ်ပါဘူး၊ WordPress blog မှာလည်း ဒီနည်းအတိုင်း ထည့်လို့ရပါတယ်။ Code ထည့်ရမယ့်နေရာတော့ ကွာပါတယ်။ မေးလာသူက Google blogspot နဲ့မေးလာတာမို့လို့ blogspot နဲ့ လုပ်ပုံလုပ်နည်းကိုပဲ တင်ပေးလိုက်ပါတယ်။

အရင်ဆုံးလုပ်ရမှာက Back up ပါ။ မိမိ blog ကို ဘာပဲပြင်ပြင် back up လုပ်ထားဖို့ အရေးကြီးပါတယ်။ Back up လုပ်ပြီးရင်လည်း နောက်ဆုံး ပြင်တာဆင်တာ အားလုံးအဆင်ပြေပြီဆိုပြီး ဖျက်ပစ်လိုက်ရမှာမဟုတ်ပါဘူး။ သူ့ဟာနဲ့သူ အဓိပ္ပါယ်ရှိတဲ့ နာမည်ပေးပြီး သိမ်းထားတာကောင်းပါတယ်။ ကဲစပါမယ်။

အပြည့်စုံဖတ်ရန်

အင်တာနက် speed (၃၀၀%) ဆ မြန်အောင်လုပ်နည်း

အင္တာနက္

အင်တာနက် ဆိုတာဘာလဲ ဆိုတော့ International Network ကို အတိုကောက် Inter Net လို့ ခေါ်ရာကနေ အင်တာနက်ဆိုပြီး ဖြစ်လာတာပါ။ အင်တာနက် speed မြန်တာ နှေးတာကတော့ website server နဲ့ ကိုယ့်ရဲ့ကြား အကွာအဝေး၊ သုံးထားတဲ့ စက်ပစ္စည်းနဲ့ ကြိုးတွေရဲ့ အရည်အသွေး၊ နည်းပညာ ကျွမ်းကျင်မှု စသဖြင့်ပေါ့ အဓိက သက်ဆိုင်ပါတယ်။ ဒါက ဗဟုသုတပါ။

အင်တာနက် speed မြန်ဖို့ ဘာလုပ်ရမလဲ?

အင်တာနက် speed မြန်ဖို့အတွက် ကိုယ့်ဘက်က လုပ်နိုင်တာတွေကတော့ ကိုယ့်ရဲ့ window system ကို tweak လုပ်တာတွေ၊ browser ကို tweak လုပ်တဲ့နည်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အခုပြောမယ့်နည်းကတော့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်မှာပါ။ နည်းလမ်းဆိုပေမယ့် လှည့်ကွက်လို့ ပြောရင်လည်း ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သုံးနေတာကြာပါပြီ။ အထူးသဖြင့် အင်တာနက်ပေါ်မှာ သတင်းဖတ်တဲ့သူတွေအတွက် အထူးအသုံးဝင်မယ့် နည်းလေးပါ။ website တွေ blog တွေကို မြန်အောင် လုပ်တာဖြစ်တဲ့အတွက်ကြောင့် အင်တာနက် မြန်အောင် လုပ်တဲ့နည်းဆိုလည်း မမှားပါဘူး။

တစ်ကယ်ရော မြန်မှာလား

တစ်ကယ်မြန်ပါတယ်။ ဘယ်လောက်ထိ မြန်မလဲဆိုရင် ကိုယ်ရနေတဲ့ connection ရဲ့ အမြန်နှုန်းရဲ့ သုံးပုံနှစ်ပုံလောက် ပိုမြန်ပါတယ်။ ဥပမာ website တစ်ခုကို ဖတ်ဖို့စောင့်ရတာ အရင်က ၁၅ စက္ကန့်လောက် ကြာမယ်ဆိုရင် ဒီနည်းလမ်းသုံးလိုက်ရင် ၅ စက္ကန့်လောက်ပဲ ကြာတော့မှာ ဖြစ်ပါတယ်။

high speed internet myanmar
High speed internet
အပြည့်စုံဖတ်ရန်

Gmail password ပေါက်ကြားတာနဲ့ ပတ်သတ်လို့ ဘာဆက်လုပ်သင့်လဲ

gmail

ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ Gmail အကောင့် ငါးသန်းနီးပါးရဲ့ password တွေ russia website တစ်ခုမှာ ပထမဦးဆုံး Gmail accounts တွေနဲ့အတူ password တွေပါတဲ့ .txt file တစ်ခုတက်လာပါတယ်။ အခုတော့ password တွေကို ဖျက်လိုက်ပါပြီး Google accounts တွေကတော့ ဆက်လက် ပျံနှံနေတုန်းပါပဲ။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ပထမဦးဆုံး လုပ်ရမယ့်အလုပ်ကတော့ leak ဖြစ်တဲ့အထဲမှာ ကိုယ့်အကောင့် ပါ/မပါ စစ်ဆေးဖို့ပါတယ်။ အဲဒီလို စစ်ဆေးဖို့အတွက် https://isleaked.com/en ကိုသွားပြီးတော့ ကိုယ့်ရဲ့ gmail အကောင့်ကို ရိုက်ထည့်ပြီး စစ်ဆေးနိုင်ပါတယ်။ ဒီလိုအချိန်မှာ အခွင့်ကောင်းယူပြီးတော့ email တွေ စုဆောင်းတဲ့သူတွေလည်း ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် အခုပေးလိုက်တဲ့ website ကတော့ email အပြည့်အစုံမထည့်ရင်လည်း စစ်ဆေးနိုင်ပါတယ်။ ကိုယ့် gmail အကောင့်ထဲက အက္ခရာသုံးလုံးကို ခရေပွင့်လေးတွေနဲ့ အစားထိုးပြီး စစ်နိုင်ပါတယ်။ ဥပမာ [email protected] ကို စစ်မယ်ဆိုပါစို့ [email protected] လို့ အပြည့်အစုံ မရိုက်ထည့်ဘဲ mgm***@gmail.com လို့ ရိုက်ထည့်ပြီးတော့လည်း စစ်နိုင်ပါတယ်။

အပြည့်အစုံမရိုက်ထဲ့ဘဲ အရင်စစ်ကြည့်လိုက်ပါ။ ကိုယ့်အကောင့် ပါတယ်လို့ပြောရင် အပြည့်အစုံ ရိုက်ထည့်ပြီး စစ်ကြည့်လိုက်ပါ။ အပြည့်အစုံရိုက်ထည့်ပြီး စစ်ရင် ကိုယ့်အကောင့် password ရဲ့ ထိပ်ဆုံး နှစ်လုံးကို ပြပေးပါတယ်။

gmail password leak

ကိုယ်တိုင် download လုပ်ပြီး စစ်ချင်တယ်ဆိုရင်တော့ ဒီမှာနှိပ်ပြီး download လုပ်ပါ။ ဖိုင်အရွယ်အစားကတော့ 36MB ရှိပါတယ်။

————————————————————————————

အဲဒီစာရင်းထဲမှာ ကိုယ့်အကောင့်ပါခဲ့ရင် စိတ်မပူပါနဲ့၊ စိတ်မပူရမယ့် အချက်နှစ်ချက်ရှိပါတယ်။

အပြည့်စုံဖတ်ရန်

Blogger (blogspot) မှာ facebook comment box ထည့်နည်း

facebook comments

Myanmar IT ရဲ့ Analyzing a website (ဝဘ်ဆိုက် တစ်ခုကို ခွဲခြမ်းစိတ်ဖြာခြင်း) ဆိုတဲ့ Post အောက်မှာ စာဖတ်သူတစ်ယောက်က မေးထားတာလေးပါ။

သူမေးထားတာကတော့ Blog မှာ Facebook comment box ဘယ်လိုထည့်ရမလဲလို့ မေးထားတာပါ။ သူဆိုလိုတဲ့ blog ကို Google blogspot လို့ ယူဆပြီး ဖြေပေးလိုက်ပါတယ်။ blogger နဲ့ ပတ်သတ်ပြီး အရင်က ရေးထားဖူးတာတွေရှိပါတယ်။

Facebook comment box  မထည့်ခင်၊ ကိုယ့်ရဲ့ blog သို့မဟုတ် website မှာ Facebook comment box ထည့်ခြင်းအားဖြင့် ဘာအကျိုးကျေးဇူးတွေရနိုင်သလဲဆိုတော့ ကိုယ့် website မှာ တစ်စုံတစ်ယောက်က facebook comment box ကနေ comment ရေးသွားပြီဆိုရင် အပြည့်စုံဖတ်ရန်

Page 3 of 11
1 2 3 4 5 11