လုပ်မယ်ဆိုရင် အခုလုပ်

ဒီ post လေးက ၂၀၁၀ ခုနှစ်၊ ကျွန်တော် ဘာမှ အဖြစ်ရှိရှိ မတတ်သေးခင်တုန်းက Myanmar IT Pro မှာ ရေးခဲ့တဲ့ post လေးပါ။ အခုအချိန်ထိလဲ ဒီ post ထဲကလိုမျိုးလူတွေ ရှိဦးမယ်လို့ ထင်ပါတယ်။ Myanmar IT Pro မှာ တင်ခဲ့တုန်းကလည်း comment ဝေဝေဆာဆာနဲ့ လူကြိုက်များခဲ့ပါတယ်။ ဒါကြောင့် အားလုံးဖတ်ရအောင် ကျွန်တော့် blog မှာ ပြန်တင်ပေးလိုက်ပါတယ်။ အရင်တုန်းက အရေးအသား အပြောအဆိုနဲ့ အခု အရေးအသား အပြောအဆိုကတော့ နည်းနည်းကွာပါတယ်။ ဒါပေမယ့် အရင်ကအတိုင်း ဖတ်စေချင်လို့ ဘာမှမပြင်ပဲ ပြန်တင်ပေးလိုက်ပါတယ်။ အတွေ့အကြုံနုသေးတဲ့ အချိန်က ရေးထားတဲ့စာဖြစ်နေတော့ နည်းနည်း ပြောင်ချော်ချော်ဖြစ်နေရင် သည်းခံပြီး ဖတ်ကြပါ။

**********************************************************************

အပြည့်စုံဖတ်ရန်

jQuery slideshow ပြုလုပ်နည်း – How to make a simple slideshow with jQuery

မင်္ဂလာပါ …

ဒီတစ်ခေါက်တော့ seo service website (www.seo.sg) မှာ လုပ်ထားတဲ့ slide show လိုမျိုး ပုံတွေ တစ်ပုံပြီးတစ်ပုံ မှိန်ပြီး ပျောက်ပျောက်သွားအောင် လုပ်တဲ့ သင်ခန်းစာကို သင်ပါမယ်။ ဒီသင်ခန်းစာကို မဖတ်ခင် အောက်ကလင့်ခ်တွေက post တွေကို ဖတ်ပြီး၊ လိုက်လုပ်ကြည့်ဖူးမှ၊ ဒီသင်ခန်းစာကို နားလည်ပါမယ်။

1. What is jQuery? Explained detail.

2. jQuery .hide() function

3. jQuery .slideToggle() tutorials

4. jQuery if else applicable tutorial

ဒါကြောင့် အရင်ဆုံးလုပ်ရမယ့် အလုပ်က desktop ပေါ်မှာ slideshow ဆိုတဲ့ နာမည်နဲ့ folder တစ်ခုဆောက်လိုက်ပါ။ ပြီးရင် အဲဒီ folder ထဲမှာ images ဆိုတဲ့ folder ကို ထပ်ဆောက်လိုက်ပါ။ သေချာအောင် အောက်က ပုံကိုကြည့်ပါ။

အပြည့်စုံဖတ်ရန်

jQuery if-else သင်ခန်းစာ – jQuery if else applicable tutorial

မင်္ဂလာပါ …
ကျွန်တော် ဒီတစ်ခေါက် ရေးမယ့် နမူနာ ပုံစံကို demo မှာ သွားကြည့်ပါ။ SEO Service website (www.seo.sg) က slider ကို သင်မယ်လို့ ပြောထားပေမယ့် ရုတ်တရက်ကြီး မြင့်တက်သွားမှာစိုးလို့၊ if else လေး အရင် သင်ကြတာပေါ့။ ဒီနေ့တော့ မနေ့က သင်ခန်းစာကို နည်းနည်းလေး ပိုကောင်းသွားအောင်၊ ပိုပြီး သဘာဝကျသွားအောင် ကုဒ်လေး နည်းနည်း ထပ်ဖြည့်ပြပါမယ်။ မနေ့က jQuery slideToggle Tutorial မှာ Button ကိုနှိပ်လိုက်ရင်တော့ box ကတော့ ပေါ်လိုက် ပျောက်လိုက် ဖြစ်ပါပြီ။ ဒါပေမယ့် Button ပေါ်က စာက အသေပဲဖြစ်နေပါတယ်။ အဲဒါကို ကျွန်တော်က ပြောင်းချင်တာပါ။ ဘယ်လိုမျိုးပြောင်းချင်လဲဆိုတော့ –

– box မပေါ်တဲ့ အခြေအနေမှာ button ပေါ်က စာကို Show Box လို့ ဖြစ်စေချင်ပြီးတော့
– box ပေါ်နေတဲ့ အခြေအနေမှာ button ပေါ်က စာကို Hide Box လို့ ဖြစ်စေချင်တာပါ။

if, else ကို အသုံးပြုပြီးတော့ ရေးမှာဖြစ်ပါတယ်။

အပြည့်စုံဖတ်ရန်

jQuery slideToggle သင်ခန်းစာ – jQuery .slideToggle() tutorials

မင်္ဂလာပါ..

ဒီတစ်ခေါက်တော့ နည်းနည်းလေး ပိုခက်တဲ့ သင်ခန်းစာကို ဆက်သွားပါမယ်။ ဒီသင်ခန်းစာမဖတ်ခင် အရင်က ရေးဖူးတဲ့

01. What is jQuery

02. jQuery .hide() function

နှစ်ခုကို ဖတ်ဖူးထားရပါမယ်။

ဒီတစ်ခေါက်သင်ခန်းစာမှာတော့ css လေးလည်း နည်းနည်းပါပါမယ်။ ဒီတော့ ကျွန်တော်တို့ coding စရေးရအောင်ဗျာ။

အပြည့်စုံဖတ်ရန်

jQuery ဖြင့် ဖျောက်နည်း – jQuery .hide() function

မင်္ဂလာပါ..

ဒီနေ့တော့ jQuery သင်ခန်းစာ၊ စသင်ပါတော့မယ်။ အရင် what is jQuery post မှာတော့ jQuery အကြောင်း အသေးစိတ် ရှင်းပြထားပြီးတော့ jQuery ကို download လုပ်ပုံကိုလည်း ရှင်းပြထားပါတယ်။ Download မလုပ်ရသေးတဲ့ လူများ download လုပ်ထားဖို့ လိုပါမယ်။ Download လုပ်လို့ ရလာတဲ့ file ကို jquery.js လို့ နာမည်ပြောင်းပေးလိုက်ပါ။ desktop ပေါ်မှာ test ဆိုတဲ့ folder တစ်ခုဆောက်ပြီးတော့ jquery.js ကို အဲဒီ folder ထဲ ထည့်ထားပါ။ jQuery download လုပ်ပြီးပြီဆိုရင်တော့ ကုဒ် (code) စရေးပါတော့မယ်။ အရင် website building tutorials တွေမှာတုန်းကတော့ ကျွန်တော်သုံးတဲ့ code ရေးတဲ့ software (text editor) ကိုတော့ ပြောပြထားပါတယ်။ ဒီသင်ခန်းစာမှာတော့ notepad++ ကို အသုံးပြုပြီး ရှင်းပြသွားမှာဖြစ်ပါတယ်။ notepad++ ကို ဖွင့်လိုက်ပါ၊ ပြီးရင် file>new ကို ခေါ်လိုက်ပါ။ file အသစ်ထဲမှာ အောက်ပါအတိုင်း သေချာ ရိုက်ထည့်ပါ (ကူးမထည့်ပါနဲ့)

အပြည့်စုံဖတ်ရန်

Page 7 of 11
1 5 6 7 8 9 11