Surfing

Blogger (blogspot) မှာ facebook comment box ထည့်နည်း

facebook comments

Myanmar IT ရဲ့ Analyzing a website (ဝဘ်ဆိုက် တစ်ခုကို ခွဲခြမ်းစိတ်ဖြာခြင်း) ဆိုတဲ့ Post အောက်မှာ စာဖတ်သူတစ်ယောက်က မေးထားတာလေးပါ။

သူမေးထားတာကတော့ Blog မှာ Facebook comment box ဘယ်လိုထည့်ရမလဲလို့ မေးထားတာပါ။ သူဆိုလိုတဲ့ blog ကို Google blogspot လို့ ယူဆပြီး ဖြေပေးလိုက်ပါတယ်။ blogger နဲ့ ပတ်သတ်ပြီး အရင်က ရေးထားဖူးတာတွေရှိပါတယ်။

Facebook comment box  မထည့်ခင်၊ ကိုယ့်ရဲ့ blog သို့မဟုတ် website မှာ Facebook comment box ထည့်ခြင်းအားဖြင့် ဘာအကျိုးကျေးဇူးတွေရနိုင်သလဲဆိုတော့ ကိုယ့် website မှာ တစ်စုံတစ်ယောက်က facebook comment box ကနေ comment ရေးသွားပြီဆိုရင် အပြည့်စုံဖတ်ရန်

facebook အသုံးပြုနည်း

facebook psa like india

်facebook အသုံးပြုနည်း ကတော့ လွယ်ပါတယ်။  င်္Facebook website မှာ ကိုယ့် account နဲ့ login လုပ်၊ ပြီးရင် News feed မှာတွေ့တာ အကုန်လိုက်ဖတ်၊ ဟိုနှိပ်ဒီနှိပ် နှိပ်ကြည့်ရုံပါပဲ။

နည်းနည်းထပ်ပြောရရင် —

Facebook မှာ page တွေကို like လုပ်တယ်ဆိုတာ – အဲဒီ page မှာ အခုကစပြီး အသစ်တင်တဲ့ အကြောင်းအရာတွေကို သိချင်ပါတယ်၊ ကြည့်ချင်ပါတယ်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ၊ အဲဒါကြောင့် ပေ့ဂ်ျတစ်ခုကို လိုက်လုပ်ထားရင် အဲဒီ page က တင်တဲ့ အကြောင်းအရာတွေကို သိရမှာပါ။ Like လုပ်တယ်ဆိုတာ ကြိုက်တယ်လို့ ပြောလိုက်တာဖြစ်တဲ့အတွက် ကိုယ်ကြိုက်တဲ့ page က တင်တာတွေကို ကိုယ့်ဆီလာပြပေးတယ်ဆိုတာ အထူးအဆန်း မဟုတ်ပါဘူး။

post ကို like လုပ်ရင်တော့ အဲဒီ post မှာ တစ်ခြားသူတွေက comment လာရေးရင် ကိုယ့်ဆီမှာ Notification တက်မှာဖြစ်ပါတယ်။ Post ကို like လုပ်ရုံနဲ့ page ကို Like လုပ်ပြီးသား မဖြစ်ပါဘူး။ မတူပါဘူး။

သတိထားရန် – page ကို like လုပ်တဲ့အခါ ကိုယ် like လုပ်လိုက်တာကို  ကိုယ့်အကောင့်ထဲမှာ ရှိတဲ့သူတွေ မြင်ရပါတယ်။ ဒါကြောင့် မဟုတ်မဟတ် စာမျက်နှာတွေကို like လုပ်မိရင်တော့ လူတကာသိပြီး အရှက်ကွဲမှာ ကျိန်းသေပါပဲ။

Share လုပ်တယ်ဆိုတာ –  share လုပ်တယ်ဆိုတာက post ကိုပဲဖြစ်ဖြစ်၊ page ကိုပဲဖြစ်ဖြစ် ကိုယ်က သဘောကျရင် ကိုယ့် friends တွေလည်း သဘောကျမှာပဲဆိုပြီးတော့ ပြန်မျှဝေတာ ဖြစ်ပါတယ်။ Facebook က social network ဖြစ်တဲ့အတွက် ကိုယ့် share လိုက်တဲ့ အကြောင်းအရာကို ကိုယ့်အကောင့်ထဲက လူတွေက မြင်ရမှာဖြစ်ပြီး၊ like တွေ comment တွေ ပေးနိုင်ပါလိမ့်မယ်။

Comment ပေးတယ်ဆိုတာ – comment ဆိုတာ မှတ်ချက်လို့ အဓိပ္ပါယ်ရတဲ့အတွက် သူများတင်တဲ့ post ဖြစ်စေ၊ သူများရှဲတဲ့ ပို့စ်ဖြစ်စေ အဲဒီအပေါ်မှာ ကိုယ်က တစ်ခုခုပြောချင်တယ်ဆိုရင် comment ပေးနိုင်ပါတယ်။ ကွန်မန့် လို့ အသံထွက်ပါတယ်။ ကော်မန့် တို့၊ ကွန်မန်းဒ် တို့ အသံထွက်တာ မှားပါတယ်။ command သို့မဟုတ် commend လို့လည်း စာလုံးမပေါင်းပါဘူး။ comment လို့ စာလုံးပေါင်းပါတယ်။

Message ဖတ်ချင်ရင် – သူငယ်ချင်းတွေ ကိုယ့်ဆီကို ပို့ထားတဲ့ ဖေ့စ်ဘုတ် မက်ဆေ့ဂ်ျ တွေကို ကြည့်ချင်ရင်၊ ကိုယ့်အကောင့်ကို login လုပ်ပြီး https://www.facebook.com/messages/ မှာ ကြည့်နိုင်ပါတယ်။

ဓာတ်ပုံတွေ ကြည့်ချင်ရင် – ကိုယ်တင်ထားသမျှ ဓာတ်ပုံတွေ ကြည့်ချင်ရင်တော့ https://www.facebook.com/photos မှာ ကြည့်နိုင်ပါတယ်။

Like လုပ်ထားတဲ့ page တွေက တင်သမျှကို သီးသန့် ကြည့်ချင်ရင် – အပေါ်မှာ ပြောခဲ့သလိုပဲ Facebook သုံးရင်းနဲ့ ကြိုက်တဲ့ page တွေ like လုပ်သွားရင်းက တဖြည်းဖြည်းနဲ့ like ထားတဲ့ page တွေ များလာတဲ့အခါ page တွေက တင်တာတွေ ကိုယ့်ဆီမှာ သိပ်ပြီး လာမပေါ်တော့ပါဘူး။ အဲဒီအခါမျိုးမှာ https://www.facebook.com/pages/feed ကိုသွားကြည့်ရင် ကိုယ် like ထားတဲ့ page တွေက တင်တဲ့ post တွေကိုပဲ သီးသန့် မြင်ရမှာဖြစ်ပါတယ်။

Facebook အသုံးပြုနည်းလို့ ခေါင်းစဉ်တပ်ထားလို့ အခုလောက်အထိ ပြောလိုက်ရတာပါ။ အမှန်တော့ ဒါတွေက မပြောလည်း တဖြည်းဖြည်း သိသွားမှာပါ။ အဓိက ပြောချင်တာက Facebook က ပြင်ပလက်တွေ့ဘဝကို ဘယ်လောက်အထိ သက်ရောက်ကြောင်းနဲ့ လက်တွေ့ဘဝမှာ facebook ရဲ့ ဆိုးကျိုးတွေ မသက်ရောက်ဘဲ၊ facebook ရဲ့ ကောင်းကျိုးတွေ သက်ရောက်ဖို့ ဘယ်လိုအသုံးပြုရမယ်ဆိုတဲ့ အသုံးပြုနည်းပါ။

ငါ့ wall မှာ ငါတင်တာ၊ မကျေနပ်ရင် unfriend လုပ်သွား

ဒီလိုမျိုး facebook status တွေ မကြာခဏ တွေ့မိကြမယ်ထင်ပါတယ်။ ဒီလို status တွေကြောင့်လည်း အပြင်က သူငယ်ချင်းအရင်းကြီးတွေ Facebook သုံးပြီးခါမှပဲ သူစိမ်းတွေဖြစ်ကုန်ကြပါတယ်။ အဲဒီလိုဖြစ်ရ

တဲ့အကြောင်းက နှစ်ယောက်လုံးက facebook ကို မကျွမ်းကျင်လို့ပါ။ Facebook ကို ကျွမ်းကျင်မယ်ဆိုရင် တင်တဲ့လူကလည်း ကိုတင်ချင်တာ တင်လို့ရမယ်၊ ကြည့်မယ်လူကလည်း ကိုယ့်ဆီမှာ ဘယ်လိုအကြောင်းအရာတွေပဲ လာပေါ်

ရမယ်ဆိုတာ သတ်မှတ်လို့ရတယ်။ ဒီတော့ သူငယ်ချင်းတွေ အချင်းချင်း မိတ်ပျက်စရာမလိုတော့ဘူးပေါ့။

အရင်ဆုံးပြောချင်တာက ကိုယ့်အကောင့်ထဲမှာ လူတွေအများကြီးရှိရဲ့သားနဲ့ ဘာလို့ သူတစ်ယောက်တည်းကပဲ တင်တဲ့ status တွေက ကိုယ့်ဆီမှာ လာပေါ်နေရသလဲဆိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ အပြင်မှာလည်းခင်တဲ့ သူငယ်ချင်းနှစ်ယောက် facebook သုံးတယ်ဆိုပါစို့၊ friend လည်း အဒ်ထားတယ်။ ပထမတော့ ကိုယ့်သူငယ်ချင်းကြီးဆိုပြီး တင်သမျှ အကုန် like၊ comment တွေပေး၊ facebook မှာတွေ့ရင်လည်း chat ပေါ့ဗျာ၊ အဲဒီလို သူ့ post ကို like ထားဖူး၊ comment ပေးထားဖူး၊ chat ထားဖူးရင် facebook က အဲဒီလိုလူနှစ်ယောက်ကို အပြင်မှာရင်းနှီးတယ်လို့၊ ပိုခင်တယ်လို့ ယူဆပြီး သူတင်တဲ့ post ကို ပိုပြပေးတာ။ ဒါပေမယ့် နောက်ကျတော့ ဒီကောင်က နည်းနည်းလွန်လာပြီ၊ ထမင်းစားလည်းတင်၊ အပြင်သွားလဲတင်၊ checkin တွေလည်းဝင်၊ feeling တွေ watching တွေလည်းလုပ်၊ အိပ်ယာထလည်းတင် ဆိုတော့ မျက်စိနောက်လာကော၊ ဒါနဲ့ သူငယ်ချင်းအချင်းချင်းဆိုတော့ unfriend လည်းမလုပ်ချင်တော့ အရိပ်အမြွက်လေးပြောလိုက်တယ်၊

မင်းကွာ .. တစ်နေ့တစ်နေ့ ဘာတွေတင်မှန်းလည်းမသိဘူး၊ ငါ့ဆီမှာ လာပေါ်တာ ရှုပ်နေတာပဲ

ဆိုတော့ သူငယ်ချင်းကလည်း သဘောပေါက်တယ်၊ ဒါပေမယ့် အပြည့်စုံဖတ်ရန်

ဓာတ်ပုံကနေ ဖောင့်ကို ပြန်ရှာကြမယ်။

အကြောင်း အမျိုးမျိုးကြောင့် ပုံထဲမှာပါတဲ့ font ကို လိုအပ်လာတာမျိုးရှိဖူးလား?

ဥပမာ လမ်းသွားရင်း ကြော်ငြာတစ်ခုတွေ့တယ်၊ အဲဒီထဲမှာ သုံးထားတဲ့ font လေးလှလို့ အင်တာနက်ပေါ်က ဒေါင်းလုဒ်လုပ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ?

အရေးအကြီးဆုံးကို ပြောပြမယ်၊ အဲဒါကတော့ လက်စွဲတော်ဖုန်းလေးထုတ်ပြီး အဲဒီကြော်ငြာကို ဓာတ်ပုံရိုက်လာခဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဖောင့်ကို အင်တာနက်မှာ ပြန်ရှာမလို့။

ကြော်ငြာမှာ ဖောင့်နာမည်မှမပါတာ ဘယ်လိုရှာမလဲ? နည်းနည်းလွတ်သွားပြီထင်တယ်လို့ လျှောက်တွေးမနေနဲ့ဦး။ အဲဒီရိုက်လာတဲ့ပုံကို အင်တာနက်မှာတင်ပြီး ပြန်ရှာလို့မလို့။ စိတ်ဝင်စားသွားပြီဆိုရင် ဆက်ပြောပြမယ်။

နည်းပညာတွေ တိုးတက်လာတဲ့နောက် မဖြစ်နိုင်တာဆိုတာ သိပ်မရှိသလောက်ပဲ။ Google Images နဲ့ Tineye တိုမှာဆိုရင် ကိုယ်က ပုံတစ်ပုံကို တင်လိုက်ရင် အဲဒီပုံနဲ့ တူတဲ့ ပုံတွေကို အရွယ်အစားအမျိုးမျိုး၊ resolution အမျိုးမျိုးနဲ့ ပြန်ရှာပေးတယ်။ ဒီလိုပဲ font အတွက်လည်း font ပါတဲ့ပုံလေးတင်ပြီးတော့ font ဖိုင်ကို ဒေါင်းလုဒ်လုပ်လို့ရတယ်။ အဲဒီလိုမျိုး website လေး နည်းနည်းကို ပြောပြပေးလိုက်တယ်။

အကောင်းဆုံးကတော့ What the font ဆိုတဲ့ site ပါပဲ။ သူ့လိပ်စာက အစကတော့ www.whatthefont.com ပါ။ နောက်ပိုင်းမှာတော့ https://www.myfonts.com/WhatTheFont/ ကိုပြောင်းသွားပါတယ်။
ကြိုက်တဲ့ လိပ်စာတစ်ခုခုကို သွားလိုက်ပါ
ပြီးရင် အခုန ကြော်ငြာကို font လေးပဲ ကျန်အောင် ဖြတ်ထုတ်လိုက်ပါ
ပြီးရင် အဲဒီပုံလေးကို တင်လိုက်ပါ
Continue ကိုနှိပ်လိုက်ပါ

ဒါဆိုရင် တင်လိုက်တဲ့ပုံနဲ့ တူတဲ့ font တွေကို ရှာပေးပါလိမ့်မယ်။ တစ်ခါတည်း download လည်းလုပ်နိုင်ပါတယ်။ Free ရတဲ့ font တွေဖြစ်နိုင်သလို ပိုက်ဆံပေးဝယ်ရတဲ့ font တွေလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုမျိုး ပုံကနေ font တွေပြန်ရှာပေးတဲ့ တစ်ခြားဆိုက်တွေလည်း ရှိပါသေးတယ်။ Google မှာ reverse font search လို့ရှာလိုက်ရင် တွေ့နိုင်ပါတယ်။

Page 2 of 2
1 2