Download W3schools Tutorials Offline Version (2016 & 2018)

w3schools e1531167630522

နည်းပညာ လေ့လာနေကြတဲ့လူတိုင်းအတွက် W3schools.com ဆိုရင် မစိမ်းလောက်ပါဘူး။ အဲဒီ website က w3 schools ဆိုတဲ့အတိုင်း အင်တာနက်နဲ့ဆိုင်တဲ့ programming language တွေကို အခမဲ့ သင်ပေးတဲ့ ဆိုက်ပါ။

မြန်မာနိုင်ငံက နည်းပညာလေ့လာချင်တဲ့သူတွေကျတော့ စိတ်အားထက်သန်ပေမယ့် အခက်အခဲအမျိုးမျိုးရှိကြပါတယ်။ အဲဒီထဲမှာ အင်တာနက် အချိန်ပြည့်မသုံးနိုင်တာလဲ ပါတာပေါ့။ အခု ပေးမယ့် zip ဖိုင်ကို download လုပ်ထားလိုက်မယ်ဆိုရင် computer ကနေ အင်တာနက် ရှိရှိ မရှိရှိ w3schools က သင်ခန်းစာတွေကို ဖတ်လို့ရသွားမှာပါ။

ဒီလိုမျိုး အရင်ကလည်း တင်ပေးဖူးပါတယ်။ ဒါပေမယ့် အရင် version က တော်တော်လေးဟောင်းနေပြီမို့လို့ အခုထပ်တင်ပေးလိုက်တာပါ။ အခုတင်ပေးတာက 2018 version ပါ။ Facebook လျှော့ပွတ်ပြီး နည်းပညာများများ လေ့လာနိုင်ကြပါစေဗျာ။

2018 Version Download (460MB)

2016 Version Download (39MB)

25 thoughts on “Download W3schools Tutorials Offline Version (2016 & 2018)

  1. Ram Gyawali

    This version is just a 2016 version.In 2017 version it includes new functionality like ‘Learn Graphics’, ‘Learn How to’, ‘Learn Graphics’ and many more…In 2018 version include more like Bootstrap 4, Node.js, w3.js,Python, Resperry Pi and much more..You are just saying without even testing..LOL

    1. ဘယ်လိုမရတာလဲဗျ .. အသေးစိတ်ပြောမှပြန်ရှင်းပြလို့ရမယ်။ ဒီအတိုင်း မရဘူးဆိုတော့ ဘာဆက်ပြောရမှန်းမသိတော့ဘူး။ ကျနော်စမ်းကြည့်တာတော့ ရနေတယ်။

  2. zinminhtun

    ဆရာကျွန်တော်နာမည် ဇင်မင်းထွန်း ပါ။ ကျွန်တော် ထိုင်းမှာနေပါသည်။
    ကျောင်းကတော့ Children Development Centre CDC မှာတက်ပါသည်။ ကျွန်တော် programming language တွေကိုယ်တိုင်ရေးချင်တယ်ဒါပေမဲ့ အခြေခံကနေသင်ပေးကမဲ့သူမရှိဘူးဆရာ။ ဆရာတို့ ကျောင်းသားလက်ခံတာရှိလား ကျွန်တော်လာတက်ချုင်တယ်။။
    အခု WEBSITE တွေကနေလေ့လာနေတာ တစ်ဝက်တစ်ပျက်ဖြစ်နေတယ်။ ကျွန်တော် Hardware ပိုင်းတော့ပိုင်ပြီဆရာ။ အခုလက်ရှိသုံးနေတဲ့ computer ကလဲကျွန်တော်ကိုယ်တိုင်ဆင်ထားတဲ့ pc ပဲ။ ဒါပေမဲ့ ကျွန်တော် hareware ပိုင်းကိုသိပ်စိတ်မ၀င်စားဘူးဖြစ်နေတယ်ဆရာ။ ဆရာတို့ ကျွန်တော်ကို အခြေခံကနေ သင်ပေးလို့ရလား ကျွန်တော်တောင်းဆိုပါတယ်။
    ကျေးဇူးပြု ပြီးကျွန်တော်ကိုဆက်သွယ်ပေးပါ။
    From zinminhtun
    in thailand ……

    1. သင်တန်းတော့မရှိသေးပါဘူး။ web development ပိုင်းစိတ်ဝင်စားတယ်ဆို youtube video တွေကနေ လေ့လာလို့ရပါတယ်။ အင်္ဂလိပ်လိုနည်းနည်းတော့ နားလည်ဖို့လိုတာပေါ့။ တဝက်တပျက်ဖြစ်နေလည်း စိတ်ဓာတ်မကျပါနဲ့၊ လေ့လာတာ ကြာလာရင် အဲဒီအပိုင်းအစတွေကို ပေါင်းစပ်သုံးတတ်သွားမှာပါ။ လေ့လာနေဖို့ပဲလိုတာပါ။

  3. soearker

    downloadဆွဲတာ
    binဖိုင်ဖြစ်နေတယ် ဆရာ
    ဘယ်လိုလုပ်ရမလဲ ဆရာ

    1. ကျနော်စမ်းကြည့်တာ အဆင်ပြေပါတယ်ဗျ။ ခဏစောင့်ပြီး ပြန်စမ်းကြည့်ရမယ်ထင်တယ်။

  4. ခင်မောင်ကျော်

    ဒေါင်းလုပ်တော့ဆွဲပြီးသွားပြီ ဆရာရေ…။ စမ်းကြည့်လိုက်ဦးမယ်နော်။ ကျေးဇူးအထူးပါပဲ ခင်ဗျား …။

  5. Tay Zar Oo

    ကျေးဇူးတင်ပါတယ်ဆရာ…
    Programming languageကို ဝါသနာလည်း ပါပါတယ်။ကိုယ်ပိုင် website pageလေး
    တစ်ခုလောက် ရေးချင်ပါတယ်။

    1. ဒီ site မှာပဲ website ရေးနည်းသင်ခန်းစာတွေ တင်ထားတာရှိပါတယ်။ လေ့ကျင့်လို့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *