နည်းပညာ လေ့လာနေကြတဲ့လူတိုင်းအတွက် W3schools.com ဆိုရင် မစိမ်းလောက်ပါဘူး။ အဲဒီ website က w3 schools ဆိုတဲ့အတိုင်း အင်တာနက်နဲ့ဆိုင်တဲ့ programming language တွေကို အခမဲ့ သင်ပေးတဲ့ ဆိုက်ပါ။
မြန်မာနိုင်ငံက နည်းပညာလေ့လာချင်တဲ့သူတွေကျတော့ စိတ်အားထက်သန်ပေမယ့် အခက်အခဲအမျိုးမျိုးရှိကြပါတယ်။ အဲဒီထဲမှာ အင်တာနက် အချိန်ပြည့်မသုံးနိုင်တာလဲ ပါတာပေါ့။ အခု ပေးမယ့် zip ဖိုင်ကို download လုပ်ထားလိုက်မယ်ဆိုရင် computer ကနေ အင်တာနက် ရှိရှိ မရှိရှိ w3schools က သင်ခန်းစာတွေကို ဖတ်လို့ရသွားမှာပါ။
ဒီလိုမျိုး အရင်ကလည်း တင်ပေးဖူးပါတယ်။ ဒါပေမယ့် အရင် version က တော်တော်လေးဟောင်းနေပြီမို့လို့ အခုထပ်တင်ပေးလိုက်တာပါ။ အခုတင်ပေးတာက 2018 version ပါ။ Facebook လျှော့ပွတ်ပြီး နည်းပညာများများ လေ့လာနိုင်ကြပါစေဗျာ။