Website Basic Knowledge

Best Myanmar Font Converters (Pyidaungsu, Unicode, Zawgyi, Win & Myanmar 3)

မြန်မာဖောင့်တွေထဲမှာ Unicode standard နဲ့ မကိုက်တဲ့ font တွေက များတဲ့အတွက်။ Font converter တွေကိုလည်း တဖြည်းဖြည်းရေးပြီး online မှာ တင်ပေးလာကြပါတယ်။ အထူးသဖြင့် အပြောင်းရဆုံးကတော့ Zawgyi to Unicode သို့မဟုတ် Unicode to Zawgyi ပဲဖြစ်ပါတယ်။

မြန်မာစာအတွက် Unicode font ကိုသုံးဖို့ campaign တွေလုပ်လာကြတဲ့အခါ လူတွေက Unicode ကိုလည်း သုံးတော့ သုံးလာပါတယ်။ ဒါပေမယ့် Zawgyi font ကိုတော့ စွန့်လွှတ်ဖို့ မလွယ်သေးဘူး ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ သူတို့နှစ်ခုကြား font convert လုပ်တာ ပိုများမယ်လို့ ခန့်မှန်းရပါတယ်။ Desktop user တွေအတွက်တော့ Desktop မှာ ယူနီကုဒ် ပြောင်းပြီး Zawgyi ကော၊ Unicode ပါ ဆက်သုံးနည်း ကိုလည်း ရေးထားတာရှိသေးတယ်။

အစိုးရဝန်ထမ်းတွေကတော့ ခုနောက်ပိုင်းစာရိုက်ရာမှာ Myanmar2, Myanmar3 စတဲ့ font တွေသုံးလာပါပြီ။ ဒါပေမယ့် အရင်က Win font တွေကို သုံးခဲ့တဲ့အတွက်ကြောင့် Win font to Unicode converter ကိုသုံးဖို့ လိုအပ်လာပါတယ်။

font-conversion
အပြည့်စုံဖတ်ရန်

အင်တာနက် speed (၃၀၀%) ဆ မြန်အောင်လုပ်နည်း

အင္တာနက္

အင်တာနက် ဆိုတာဘာလဲ ဆိုတော့ International Network ကို အတိုကောက် Inter Net လို့ ခေါ်ရာကနေ အင်တာနက်ဆိုပြီး ဖြစ်လာတာပါ။ အင်တာနက် speed မြန်တာ နှေးတာကတော့ website server နဲ့ ကိုယ့်ရဲ့ကြား အကွာအဝေး၊ သုံးထားတဲ့ စက်ပစ္စည်းနဲ့ ကြိုးတွေရဲ့ အရည်အသွေး၊ နည်းပညာ ကျွမ်းကျင်မှု စသဖြင့်ပေါ့ အဓိက သက်ဆိုင်ပါတယ်။ ဒါက ဗဟုသုတပါ။

အင်တာနက် speed မြန်ဖို့ ဘာလုပ်ရမလဲ?

အင်တာနက် speed မြန်ဖို့အတွက် ကိုယ့်ဘက်က လုပ်နိုင်တာတွေကတော့ ကိုယ့်ရဲ့ window system ကို tweak လုပ်တာတွေ၊ browser ကို tweak လုပ်တဲ့နည်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အခုပြောမယ့်နည်းကတော့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်မှာပါ။ နည်းလမ်းဆိုပေမယ့် လှည့်ကွက်လို့ ပြောရင်လည်း ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သုံးနေတာကြာပါပြီ။ အထူးသဖြင့် အင်တာနက်ပေါ်မှာ သတင်းဖတ်တဲ့သူတွေအတွက် အထူးအသုံးဝင်မယ့် နည်းလေးပါ။ website တွေ blog တွေကို မြန်အောင် လုပ်တာဖြစ်တဲ့အတွက်ကြောင့် အင်တာနက် မြန်အောင် လုပ်တဲ့နည်းဆိုလည်း မမှားပါဘူး။

တစ်ကယ်ရော မြန်မှာလား

တစ်ကယ်မြန်ပါတယ်။ ဘယ်လောက်ထိ မြန်မလဲဆိုရင် ကိုယ်ရနေတဲ့ connection ရဲ့ အမြန်နှုန်းရဲ့ သုံးပုံနှစ်ပုံလောက် ပိုမြန်ပါတယ်။ ဥပမာ website တစ်ခုကို ဖတ်ဖို့စောင့်ရတာ အရင်က ၁၅ စက္ကန့်လောက် ကြာမယ်ဆိုရင် ဒီနည်းလမ်းသုံးလိုက်ရင် ၅ စက္ကန့်လောက်ပဲ ကြာတော့မှာ ဖြစ်ပါတယ်။

high speed internet myanmar
High speed internet
အပြည့်စုံဖတ်ရန်

ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို Online နည်းပညာတွေသုံးပြီး ဝင်ငွေတိုးအောင် ပြုလုပ်နည်း

လွန်ခဲ့တဲ့တစ်ပတ် ဗုဒ္ဓဟူးနေ့ (၁၉၊ ၂၊ ၂၀၁၄) တုန်းက ကုန်သည်ကြီးများ ဟိုတယ်မှာ မြန်မာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ဦးစီးပြီးတော့ Myanmar Travel & Trade Show 2014 ကို ကျင်းပခဲ့ပါတယ်။ ဒီပွဲကို Singapore နိုင်ငံအခြေစိုက် Sphere Conference ကနေပြီးတော့ စီမံခန့်ခွဲတာဖြစ်ပါတယ်။ ဒီပွဲကို တက်ရောက်ခဲ့ကြတာကတော့ မြန်မာနိုင်ငံက Travels & Tours Company ပိုင်ရှင်တွေဖြစ်ပါတယ်။

ကျွန်တော်ကတော့ Boost your business with online technologies ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်ရောက် ပြောခဲ့ပါတယ်။ ဟောပြောပွဲမှာ Web Design ကောင်းကောင်းရှိဖို့နဲ့ Google မှာ ရှာရင်တွေ့နိုင်ဖို့အတွက် SEO လုပ်ဖို့အကြောင်းတွေ သေချာရှင်းပြခဲ့ပါတယ်။ SEO လုပ်ဖို့ စိတ်ဝင်စားမယ်ဆိုရင်တော့ Myanmar Web Designer က SEO Service အကြောင်းကို အသေးစိတ်ဖတ်ပြီး ဆက်သွယ်နိုင်ပါတယ်။

ဒီ Presentation ကို ကြည့်ချင်းအားဖြင့်

၁။ ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဘယ် အိုင်တီနည်းပညာတွေက ကိုယ့်ရဲ့လုပ်ငန်းကို အထောက်အကူပြု ဝင်ငွေတိုးစေနိုင်သလဲ

၂။ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါ ဘာတွေ ရှောင်ရှားရမလဲ

၃။ Website ကောင်းတစ်ခုဆိုတာ ဘယ်လိုအရည်အချင်းတွေရှိရမလဲ

၄။ Online Marketing နည်းပညာတစ်ခုဖြစ်တဲ့ SEO ဆိုတာ ဘာလဲ၊ ဘာတွေပါဝင်လဲ

စတာတွေကို နားလည်သဘောပေါက်ပြီး ၎င်းတို့နဲ့ပတ်သတ်တဲ့ ဗဟုသုတတွေလည်း ရမှာ ဖြစ်ပါတယ်။

ကိုယ့်စက်ထဲမှာ သိမ်းထားချင်သူများ တစ်ခြားအသိမိတ်ဆွေများထံ ပေးပို့လိုသူများကတော့

Powerpoint 2007 အတွက်ဆိုရင် (https://dl.dropboxusercontent.com/u/39954175/boost-businesses-with-IT-embed.pptx) မှာ ဒေါင်းနိုင်ပြီးတော့

Powerpoint 97 ကနေ 2003 အတွက်ဆိုရင် (https://dl.dropboxusercontent.com/u/39954175/boost-businesses-with-IT-embed.ppt) မှာ download ရယူနိုင်ပါတယ်။

အောက်မှာကတော့ presentation ဖိုင်ကို ဒီ website မှာပဲ တိုက်ရိုက်ကြည့်နိုင်အောင် တင်ထားပေးတာပါ။ တိုက်ရိုက်ကြည့်မယ့်သူများအတွက်တော့ တစ်ချို့ဖောင့်တွေက slideshare က ပြောင်းလိုက်တဲ့အတွက် ဖတ်ရတာ အခက်အခဲဖြစ်ရင် အားနာပါတယ်။

နည်းပညာ website များ | The best of Myanmar IT website

နည်းပညာ website များ များစွာရှိတဲ့အထဲကမှ အမှန်တကယ် အသုံးဝင်တဲ့ Myanmar Website တစ်ချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

Mystery Zillion

Mystery (မသိခြင်းများ) Zillion (မြောက်များစွာ) ဆိုတဲ့အတိုင်း မသိတာမှန်သမျှ အကုန်မေးလို့ရတယ်၊ အဲဒီဆိုက်မှာလဲ သူများတွေ မေးထားကြတာ တစ်ကယ့် Zillion ပါပဲ၊ တစ်ခုတော့ရှိတယ် သူများဖိုရမ်ဝင်တော့မယ်ဆို သူ့စည်းကမ်းတော့ အရင်ဖတ်။ သူလည်း update တော့ သိပ်မဖြစ်ပေမယ့် သူများမေးထားတာတွေနဲ့တင် ခင်ဗျားလေ့လာလို့ မကုန်ဘူး။

အပြည့်စုံဖတ်ရန်

ဘလော့ဂါ ဘလော့ရဲ့ အားသာချက်များ – blogger (blogspot) strong points

ဒီနေ့ ကျွန်တော် ပြောပြချင်တာက google blogspot ရဲ့ အားသာချက်တွေဖြစ်ပါတယ်။ အရင်တစ်ခေါက်က How to make a blogger website မှာ google blogspot ကို အသုံးပြုပြီးတော့ website တစ်ခု ပြုလုပ်ပုံနဲ့ google blogger ရဲ့ အားသာချက်၊ ကောင်းချက် တွေကို အကျဉ်းချုပ် ဖော်ပြခဲ့ပါတယ်။ ယခု post က အဲဒီ အကျဉ်းချုပ်တွေကို ပြန်ရှင်းလင်းတဲ့ သင်ခန်းစာလို့လည်း သတ်မှတ်လို့ရပါတယ်။ အရင် သင်ခန်းစာကို မဖတ်ရသေးသူများ အထက်ပါ link မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Blogger ရဲ့ အားသာချက်တွေက –
– Google hosting မှာ run ခွင့်ရတဲ့အတွက် အမြန်နှုန်း စိတ်မပူရခြင်း
– SEO ကောင်းမွန်အောင် အလွယ်တကူ ပြုလုပ်နိုင်ခြင်း
– Google Plus social network နဲ့ ချိတ်ဆက်ပြီး မိမိ website လူဝင်များအောင် ပြုလုပ်နိုင်ခြင်း
– ပုံတင်တဲ့အခါမှာ Google Picasa ကို ရောက်သွားတဲ့အတွက် ပုံတွေ တစ်စုတစ်စည်းထဲ ပြန်ကြည့်နိုင်ခြင်း။
– Video တင်တဲ့အခါမှာ youtube နဲ့ ချိတ်ဆက်ထားတာကြောင့် youtube မှ ကြည့်မယ့်သူများအတွက်လည်း အဆင်ပြေခြင်း
– Interface ကောင်းမွန်ခြင်း
– adsense နဲ့ ချိတ်ဆက်ကာ မိမိ blog မှာ ကြောငြာထည့်သွင်းပြီး ငွေရှာနိုင်ခြင်း။
– Widgets များကောင်းမွန်ခြင်း။

ဒါတွေအားလုံးကို အသေးစိတ် ပြန်ရှင်းပါမယ်။

အပြည့်စုံဖတ်ရန်

Page 1 of 2
1 2