Website ရေးနည်း HTML+CSS (အပိုင်း ၆)

Full Playlists

Youtube မှာ နောက်ထပ် video tutorial တွေတင်ဖို့ရှိသေးတာမို့လို့ Youtube channel ကို subscribe လုပ်ထားပါဦး …



မင်္ဂလာပါ …ဒီတစ်ပိုင်းကတော့ website ရေးခြင်းရဲ့ နောက်ဆုံး အပိုင်းဖြစ်ပါတယ်၊ ကျွန်တော် တင်ပေးထားတဲ့ သင်ခန်းစာတွေကို တောက်လျှောက် လိုက်လုပ်တဲ့လူဆိုရင်တော့ အခု သင်ခန်းစာ ပြီးရင် website တစ်ခုကို ရေးတတ်မှာ သေချာပါတယ်။ ဒီ post အခုမှတွေ့တဲ့လူတွေအတွက်လည်း အရင်သင်ခန်းစာတွေကို ပြန်ညွှန်းပေးပါ့မယ်။

အပိုင်း (၁) — Analyzing a website (ဝဘ်ဆိုက် တစ်ခုကို ခွဲခြမ်းစိတ်ဖြာခြင်း)
အပိုင်း (၂) — Coding header of Myanmar Web Designer
အပိုင်း (၃) — Coding main menu of Myanmar Web Designer
အပိုင်း (၄) — Coding footer of Myanmar Web Designer
အပိုင်း (၅) — jQuery slider တစ်ခု ဖန်တီးခြင်း (Create a jQuery slider)

ဒီနေ့ video ကတော့ သုံးပိုင်းရှိပါတယ်၊ သုံးပိုင်း ဆိုလို့ လန့်မသွားပါနဲ့ သုံးခုပေါင်းမှ ၂၇ မိနစ်လောက်ပဲ ရှိတာပါ၊ အဲဒီ video တွေကတော့ –

 

ဗီဒီယို အပိုင်း ၁

 

ဗီဒီယို အပိုင်း ၂

 

ဗီဒီယို အပိုင်း ၃

 

14 thoughts on “Website ရေးနည်း HTML+CSS (အပိုင်း ၆)

  1. Anonymous

    အပိုင်း(၅)ကိုတော့သိပ်နားမလည်ဘူးဗျာ။ ကျွန်တော်ကခုမှစလေ့လာတာဆိုတော့ နဲနဲအခက်အခဲဖြစ်နေတယ်။ ရှေ့ပိုင်းတွေကတော့ တော်တော်လေး အဆင်ပြေပါတယ်။ အကို့ကိုလည်း ခုလိုတင်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်ဗျာ

    1. William Greatman

      အင်း … အပိုင်း (၅) က jQuery အကြောင်း နည်းနည်းသိထားရင်တော့ ပိုနားလည်လွယ်မယ်။ မဟုတ်ရင်တော့ သာမာန်လောက်ပဲ နားလည်မှာ။ စိတ်မပူပါနဲ့ တဖြည်းဖြည်းနဲ့ နားလည်လာမှာပါ။ လေ့လာမှုကိုတော့ မရပ်လိုက်ပါနဲ့။

    2. Anonymous

      ဟုတ်ကဲ့အကို အခုလိုပြန်ပြောပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျနော်လည်း အရမ်းတတ်ချင်ပါတယ်။ ဆက်ပြီးလေ့လာနေပါတယ်ဗျာ။ အခုလိုသင်ပြပေးတဲ့ အကို့စေတနာကိုတော့လေးစားပါတယ်ဗျာ

  2. Anonymous

    ဆက်လက်ပို့ချပေးပါ အကိုရေ။ ကြိုးစားသင်ယူပါ့မယ်။ ကျေးဇူးတင်ပါတယ်။

  3. kyawjone

    အစ်ကိုရေ ကျွန်တော်က အခုမှ ဒီ website Tutorial နဲ့ ပတ်သက်ပြီး စတင်လေ့လာသူပါ။ တင်ခဲ့ကမျှတွေကို step by step လေ့လာချင်ပေမယ့် တစ်ချို့ သင်ခန်းစာတွေက 1၊2၊3 အစဉ်လိုက် ရှာမရဖြစ်နေပါတယ်။ ဒါကြောင့် website link လေးနဲ့ပြန်ပြင်ပေးပါလို့ တောင်းဆိုချင်ပေမယ့် အားနာနေပါတယ်။ ရှေ့ဆက်လည်း ဆက်လက်ပို့ချပေးပါလို့ တောင်းဆိုပါရစေ။ ကျေးဇူးအထူးတင်ပါတယ်။

  4. phyowai

    မင်္ဂလာပါဆရာ…….သင်ခန်းစာတွေအစအဆုံးကျွန်တော်ကြည့်လာတာအခုဆိုရင် ဝဘ်ဆိုဒ် တစ်ခုတော့ရသွားပါပြီဆရာ….နောက်ပြီးအဲ့ဝဘ်ဆိုဒ်ကိုdomain နဲ့ဘယ်လိုအသုံးပြုပြီး download လင့်တွေဘယ်လိုချိတ်ရမလဲဆိုတာာမသိဘူးဆရာ…
    ကျေးဇူးပြု ၍သင်ကြားပေးပါဦးလားဆရာ……..
    .ခင်မင်လေးစားလျက်ပါဆရာ……….

  5. nyinyi

    website တော့ရေးပီးပီဆရာူသငယ်ချင်းက google မှာဘယ်လိုရှာရမှာလဲ
    -readmore နောက်ကစာ ဘယ်လိုရေးရမလဲ
    mainmenu,Oursevice အစရှိသည့် စာနောက် ဘယ်လိုရေးရ

    ပြန်လည်ဖြေပေးပါဆရာ ကျေးဇူးတင်ပါတယ်

  6. nyinyi

    readmore နောက်ကစာဘယ်လိုရေးရ
    website ရေးပီးရင် သူငယ်ချင်းတွေဝင်ကြည့်ရအောင် google ကိုဘယ်လိုတင်ရမှာလဲ

  7. Htal War

    ကျေးဇူးပါဗျာ အကို ဒီထက်ပိုပြီး တတ်သိနားလည် ဝေမျှပေးနိုင်ပါစေ….

  8.ဲJame Khup

    ကျေးဇူးအများကြီးတင်ပါတယ် အကို ဆရာ…အကုန် download လုပ်ပီး သင်ယူတယ်..
    ခုလေ့ကျင့် နေတုန်းပါ… အကို ဆရာ သုံးသလို Codelobster ကို သုံးပါတယ်..အဲမှာ မြန်မာ Font မရဘူးဖြစ်နေတယ် …. အဲဒါလေး ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြလို့ရမလာ ခင်ဗျာ… ပီးတော့ အချိန်ရရင် menu bar
    ထဲက home တို့ contact us .. about us အဲ link တွေ ကို ဘယ်လို ခွဲရေး ပြီး ဘယ်လို
    ချိတ်ဆက်ပီး “#” ထဲကို ထည့်ရလဲ ဆိုတာလေး အကြမ်းဖင်း ထပ်သင်ပေးလို့ ရမလာ ခင်
    ဗျာ… ကျေးဇူးအများကြီးတင်ပါတယ်….

  9. Khin Myat Thu

    မင်္ဂလာပါရှင်​.
    ကို​ယ့်​computerထဲက pdf စာအုပ်​​တွေကိုwebsiteထဲမှာ ဘယ်​လိုထည့်​ရမှန်းမသိလို့ပါ ကူညီး​ပေးပါ
    ဦးလူခါး ရှင့်​ websiteကိုအခုမှစ​ရေးတာပါသမီး တို့ projectပြ ရမှာ မို့ပါ ​ကျေးဇူးအရမ်းတင်​ပါတယ်

    1. ထည့်မယ့် website ပေါ်မူတည်ပါတယ်။ wordpress ဆိုရင်တော့ Media ထဲမှာ Upload လုပ်ပြီး ပြန်ပြချင်တဲ့နေရာမှာ သာမာန်လင့်ချိတ်သလို ချိတ်ရုံပါပဲ။ Static Site ဆိုရင်တော့ file လမ်းကြောင်းအတိုင်း Link ချိတ်ပေးရုံပါပဲ။

Leave a Reply

Your email address will not be published.