jQuery ဆုိတာဘာလဲ – What is jQuery? Explained detail.

jQuery ဆိုတာဘာလဲလို့ မေးလာခဲ့ရင် jQuery ဆိုတာ JavaScript framework တစ်ခုပဲလို့ ပြန်ဖြေရမှာ ဖြစ်ပါတယ်။ အဲဒီမှာ မေးစရာ ထပ်ရှိလာပါတယ်။ JavaScript ဆိုတာဘာလဲ? framework ဆိုတာဘာလဲ? ပေါ့

JavaScript

JavaScript ဆိုတာ website တွေမှာသုံးတဲ့ programming language တစ်ခုဖြစ်ပါတယ်။ JavaScript နဲ့လုပ်လို့ရတာတွေကတော့ အများကြီးပါပဲ။ Form validate လုပ်လို့ရမယ်။ Slider တွေ ရေးလို့ရမယ်။ သေးသေးကွေးကွေးကနေစပြီး အကြီးကြီးအထိ JavaScript နဲ့ ရေးလို့ရပါတယ်။

From valide ဆိုတာ မသိလို့ စမ်းကြည့်ချင်တယ်ဆိုရင်တော့

Myanmar Web Designer Contact Form စာမျက်နှာကို သွားပါ။ ကွက်လပ်တွေထဲမှာ ဘာမှမဖြည့်ပဲ Send ကို နှိပ်လိုက်ပါ။ အဲဒီမှာ လိုအပ်တဲ့နေရာတွေ ဖြည့်ဖို့ ကျန်နေသေးကြောင်း alter box (သတိပေး box) လေး တက်လာပါမယ်။ အဲလို စစ်ဆေးတာကို form validate လုပ်တာလို့ ခေါ်ပါတယ်။
Slider ဆိုတာ မသိရင်တော့ Singapore SEO Service ကို သွားကြည့်ပါ။ အဲဒီမှာ ပုံတွေ တစ်ပုံပြီးတစ်ပုံ မှိန်ပြီးပျောက်သွားလိုက် ပြန်ပေါ်လာလိုက် ဖြစ်နေတာ image slider ပါပဲ၊ Myanmar Web Designer မှာလည်း ကြည့်လို့ရပါတယ်။ သူကတော့ တစ်ပုံပြီးတစ်ပုံ ဘေးဘက်ကို ဝင်ဝင်သွားတာ တွေ့ရမှာပါ၊ slider တစ်ခုနဲ့ တစ်ခုတော့ effect ချင်းမတူပါဘူး။
– နောက်ပိုင်းမှာ JavaScript ကို လူသုံးများလာပါတယ်၊ သုံးတဲ့လူတွေကလည်း အချိန်ကုန် သက်သာအောင် သူတို့ရေးဖူးတဲ့ code တွေကို ထပ်ခါထပ်ခါ အသုံးပြုကြပါတယ်။ အဲဒီမှာ programmer တွေရဲ့ code ရေးရတဲ့အချိန် လျှော့ချချင်တဲ့ လိုအပ်ချက်တစ်ခု ထွက်ပေါ်လာပါတယ်။ ဒါကြောင့်မို့လို့ လူအများ အဆင်သင့် သုံးနိုင်မယ့် coding တွေကို စုပေါင်းရေးထားတဲ့ framework ဆိုတာကြီး ဖြစ်ပေါ်လာပါတယ်။ jQuery လိုပဲ အခြားသော JavaScript Framework (Mootool, Protytype, Dojo, YUI, ..) တွေလည်း အများကြီး ပေါ်ပေါက်လာတဲ့အထဲမှာ jQuery ကတော့ နာမည်အကြီးဆုံးပါပဲ၊ Google အပါအဝင် ခြားသော နာမည်ကြီး comapny တွေက သူတို့ရဲ့ website တွေမှာ ချောမွေ့တဲ့ effect တွေ ကောင်းမွန်၊ လှပတဲ့ effect တွေနဲ့ user တွေ သူတို့ website ကို အသုံးပြုရ လွယ်ကူ မြန်ဆန်စေရန် jQuery ကို သုံးကြပါတယ်။ jQuery framework လိုပဲ အခြားသော programming langauge တွေအတွက် framework တွေလည်းရှိပါတယ်။ ဒါဆို framework ဆိုတာကိုလည်း သဘောပေါက်လောက်ပါပြီ။

Advantages using jQuery

jQuery ကို အသုံးပြုခြင်းအားဖြင့်
– coding ရေးရတဲ့အချိန် လျော့နည်း သက်သာစေခြင်း
– JavaScript နဲ့ အလွယ်တကူ ဖန်တီးလို့ မရတဲ့အရာတွေကို jQuery နဲ့ အလွယ်တကူ ဖန်တီးနိုင်ခြင်း
– jQuery ရဲ့ “Write less, do more” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း နည်းနည်းရေးပြီး များများဖန်တီးနိုင်ခြင်း

Where can I get jQuery?
jQuery ကို အခမဲ့ ရယူနိုင်ပါတယ်။ www.jquery.com ကိုသွားပြီးတော့ download jQuery ကို နှိပ်ပါ။

နောက်တစ်မျက်နှာ ရောက်သွားပါမယ်။ အဲဒီမှာ version (ပုံစံ) နှစ်မျိုးရှိပါတယ်။ တစ်ခုက compress(production) version ပါ၊ ကျွန်တော်တို့ download လုပ်ရမယ့် version ပါ။ နောက်တစ်ခုကတော့ uncompress(development) version ပါ၊

အဲဒီနှစ်ခု ဘာကွာလဲဆိုတော့

– uncompress (development) version ဆိုတာကတော့ ကိုယ်တိုင်ရေးတတ်ရင် သူတို့ရဲ့ jQuery ကို ပြင်ရေးလို့ရအောင် ရှင်းရှင်းလင်းလင်းရေးထားတဲ့ version ပါ။ ကိုယ်တိုင် develop လုပ်လို့ရတဲ့အတွက် development version လို့ခေါ်တာပါ။

ဒါဆို compress (production) version ကိုတော့ အလိုလိုနားလည်သွားလောက်ပါပြီ။ ပြင်လို့မရတဲ့ version၊ jQuery နဲ့ product တွေ ရေးဖို့ကောင်းတဲ့ version မို့လို့ production version လို့ခေါ်ပါတယ်။ compress လုပ် (ချုံ့) ထားတာဖြစ်တဲ့အတွက် development version ထက် file size သေးပါတယ်။ ဒါပေမယ့် ဖွင့်ကြည့်ရင်တော့ ဘာတွေမှန်းသိမှာမဟုတ်ပါဘူး။ compress version က ကုဒ်တွေကိုတော့ နဂိုရေးထားတဲ့လူတွေလည်း နားလည်မှာမဟုတ်ပါဘူး။ browser ကပဲ နားလည်နိုင်ပါတယ်။

2 thoughts on “jQuery ဆုိတာဘာလဲ – What is jQuery? Explained detail.

Leave a Reply

Your email address will not be published. Required fields are marked *