This post is also available in: English
ဝဘ်ဆိုက် ရေးသားခြင်း
ဝဘ်ဆိုက်ဆိုတာ ဝန်ထမ်းမလိုပဲ ဝင်ငွေရနိုင်တဲ့ ဆိုင်ခွဲတစ်ခုပါ။ ဒါပေမယ့် ဘယ်လိုအချက်တွေက ဝဘ်ဆိုက်ကတစ်ဆင့် ဝင်ငွေရစေနိုင်တယ် ဆိုကတော့ Website Company တိုင်းက မသိနိုင်သလို လုပ်ငန်းတစ်ခုနဲ့ တစ်ခုလည်း ရနိုင်တဲ့ အချက်အလက်တွေ မတူနိုင်ပါဘူး။
ဝဘ်ဆိုက်ကတစ်ဆင့် ဝင်ငွေရနိုင်စေဖို့ ကျနော်တို့ MWD နဲ့. ယနေ့ပဲ တိုင်ပင်ဆွေးနွေးပြီး လူကြီးမင်းရဲ့ လုပ်ငန်းကို အင်တာနက်ပေါ်မှာ အသက်သွင်းလိုက်ပါ။
အပြည့်အစုံသို့ »ဟို့စ်တင် / ဆာဗာ
မြန်ဆန်၊ လုံခြုံပြီး Storage နှင့် Bandwidth တို့ အကန့်အသတ်မရှိ ပေးထားသော cPanel Hosting များကို MWD တွင် ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ပါတယ်။
လိုအပ်သော အကူအညီနဲ့ Hosting အသုံးပြုနည်း Video များကိုလည်း ပေးအပ်သွားမှာပါ။
အပြည့်အစုံသို့ »ဝဘ်မေးလ် ဝန်ဆောင်မှု
Gmail ဟာ လူတိုင်း အခမဲ့ရယူနိုင်တဲ့အတွက် အလုပ်ကိစ္စတွေကို Gmail နဲ့ ပို့တဲ့အခါ ယုံကြည်မှုမရှိခြင်း၊ စာမပြန်ခြင်းတို့ကို ကြုံရတတ်ပါတယ်။
Webmail ကတော့ @gmail.com အစား @ကိုယ့်လုပ်ငန်းနာမည်.com နဲ့ ဖွင့်လို့ရတဲ့အတွက် ဘယ်လုပ်ငန်းက ပို့ကြောင်း တန်းသိနိုင်တဲ့အပြင် လုပ်ငန်းသုံး mail ဖြစ်လို့ လုပ်ငန်းအပေါ် ယုံကြည်မှု မြင့်မားစေတဲ့အပြင် လုပ်ငန်းကို ကြော်ငြာပြီးသားလဲ ဖြစ်စေပါတယ်။
အပြည့်အစုံသို့ »ဖေ့စ်ဘွတ်ခ်တွင် ကြော်ငြာခြင်း
MWD ဟာ Facebook ကြော်ငြာတစ်ခု စတင်တဲ့ အခါတိုင်းမှာ ကြော်ငြာရှင်ရဲ့ လုပ်ငန်းကို လေ့လာသုံးသပ်တဲ့အပြင် ဒီဇိုင်းအဆင့်ကစလို့ ကြော်ငြာပြီးသည်အထိ ကြော်ငြာရဲ့ ရည်ရွယ်ချက်ကို အလေးထား ဆောင်ရွက်လို့ ထိရောက်မှု အမြင့်မားဆုံး ရရှိစေပါတယ်။
အပြည့်အစုံသို့ »ဂူဂဲလ်တွင် ကြော်ငြာခြင်း
Google ကို တိုက်ရိုက် ပိုက်ဆံပေးပြီး ကြော်ငြာတဲ့ နည်းလမ်းဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ Google ရဲ့ ကြော်ငြာကဏ္ဍမှာ ပေါ်နိုင်တဲ့အတွက်ကြောင့် ထိရောက်မှုကို ချက်ချင်းသိနိုင်တဲ့အပြင် လုပ်ငန်းတဲ့ဆက်စပ်တဲ့ စကားလုံးတိုင်းအတွက် ကြော်ငြာနိုင်လို့ လုပ်ငန်းရနိုင်ခြေ အမြင့်ဆုံးနဲ့ အမြန်ဆုံး ကြော်ငြာနည်းဖြစ်ပါတယ်။
အပြည့်အစုံသို့ »SEO ဝန်ဆောင်မှု
SEO (Search Engine Optimization) ဆိုသည်မှာ လူကြီးမင်းရဲ့ website ကို Google search ပထမဆုံး စာမျက်နှာပေါ်တွင် ပေါ်လာစေမယ့် ဝန်ဆောင်မှုတစ်ခုပါ။ လူကြီးမင်းရဲ့ လုပ်ငန်းနဲ့ပတ်သတ်တာကို ရှာတဲ့အခါတိုင်း လူကြီးမင်းရဲ့ Website က ထိပ်ဆုံးမှာပေါ်နေတဲ့အခါ လုပ်ငန်းရနိုင်ခြေ မြင့်မားတဲ့အပြင် လုပ်ငန်းအပေါ် ယုံကြည်မှု၊ အထင်ကြီးလေးစားမှု လည်း ရရှိစေပါတယ်။
အပြည့်အစုံသို့ »လုပ်ငန်းတံဆိပ် (လိုဂို) ဒီဇိုင်း
လိုဂို၊ အမှတ်တံဆိပ်တစ်ခုဟာ လုပ်ငန်းနဲ့ ကုမ္ပဏီတစ်ခုလုံးကို ကိုယ်စားပြုတဲ့အရာပါ။ ဒါကြောင့် လိုဂိုဒီဇိုင်း အားနည်းတဲ့အခါ လုပ်ငန်းအပေါ် ယုံကြည်မှု နည်းမှာ အသေအချာပါပဲ။
လှပသေသပ်ပြီး အဓိပ္ပါယ်အပြည့်အဝပါတဲ့ လိုဂိုဒီဇိုင်းကောင်းတွေနဲ့ လူကြီးမင်းတို့လုပ်ငန်း တိုးတက်အောင်မြင်အောင် ကျနော်တို့ MWD မှ ဝန်ဆောင်ပေးပါရစေ။
အပြည့်အစုံသို့ »စာဆောင် / လက်ကမ်းကြော်ငြာ ဒီဇိုင်း
ကြော်ငြာဘုတ် တွင် ကြော်ငြာရန် သို့မဟုတ် မဂ္ဂဇင်း နှင့် စာစောင် များတွင် ကြော်ငြာရန် စသည့် ကြော်ငြာ ဒီဇိုင်းများကို အချိန်တို အတွင်း အရောင်ညီညွတ် လှပပြီး၊ ခင်းကျင်း ပြသမှု ကောင်းမွန်စွာဖြင့် ဖတ်ရ လွယ်ကူအောင် ရေးဆွဲ ပေးသောကြောင့် လူကြီးမင်းတို့၏ ကြော်ငြာကို တစ်ချက် ကြည့်ရုံမျှဖြင့် လူကြီးမင်းတို့၏ ကုမ္ပဏီ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် တို့ကို မှတ်မိစေပါသည်။
အပြည့်အစုံသို့ »လုပ်ငန်းလိပ်စာကဒ် ဒီဇိုင်း
ကျနော်တို့ MWD က ဆွဲပေးတဲ့ လိပ်စာကဒ်တစ်ခုဟာ လိပ်စာနဲ့ ဖုန်းနံပါတ်တွေပါရုံထက် လူတိုင်း သိမ်းထားချင်မယ့် ဒီဇိုင်း၊ ကိုယ်ကိုယ်တိုင်ကလည်းပေးရတာ proud ဖြစ်စေမယ့် လိပ်စာကဒ်မျိုးတွေပါ။ အခုပဲကျနော်တို့နဲ့ ဆက်သွယ်ပြီး လိပ်စာကဒ်ဒီဇိုင်းကို ဖန်တီးလိုက်ပါ။
အပြည့်အစုံသို့ »မြန်မာ ဝဘ် ဒီဇိုင်နာ ကုမ္ပဏီ အကြောင်း
မြန်မာ ဝဘ် ဒီဇိုင်နာကို ၂၀၁၂ ခုနှစ်တုန်းက ရန်ကုန်မှာ တည်ထောင်ခဲ့ပြီး၊ ယခုလက်ရှိ မြန်မာနိုင်ငံမှာ လူသိများ၊ ကျော်ကြားတဲ့ ထိပ်တန်း IT Company တစ်ခုအဖြစ် ရပ်တည်လျှက်ရှိပါတယ်။
IT ဝန်ဆောင်မှု များအနေနဲ့
- ဝဘ်ဆိုက် ဝန်ဆောင်မှုများ (ဝဘ်ဆိုက်၊ လုပ်ငန်းသုံး အီးမေးလ်နဲ့ ဟို့စ်တင် ဝန်ဆောင်မှု)
- ဒစ်ဂျစ်တယ် ကြော်ငြာ (ဖေ့စ်ဘုတ် ကြော်ငြာ၊ ဂူဂဲလ် ကြော်ငြာ၊ ရှာတိုင်းတက်မယ့် SEO)
- ဒီဇိုင်း ဝန်ဆောင်မှုများ (ဂရပ်ဖစ်ဒီဇိုင်း ဝန်ဆောင်မှု၊ လိုဂို ဒီဇိုင်း ဝန်ဆောင်မှု)
- ဆော့ဖ်ဝဲ ရေးသားခြင်း (မိုဘိုင်း အပ်ပလီကေးရှင်း ရေးသားခြင်း)
တို့ကို အကောင်းဆုံး ဆောင်ရွက်ပေးနေပါတယ်။
ဝန်ဆောင်မှုတိုင်းကို အရည်အသွေးစစ် (QC) ထားရှိတဲ့အပြင် Customer စိတ်ကျေနပ်မှုကို အလေးထား လုပ်ဆောင်ပေးတဲ့အတွက် ယခုလက်ရှိမှာ မြန်မာ ဝဘ် ဒီဇိုင်နာ ကုမ္ပဏီက website ပေါင်း ၁၀၀၀ ကျော် ကို စီမံဆောင်ရွက်ပေးနေပြီး။ ဝန်ဆောင်မှုအားလုံးအတွက် အလုပ်အပ်သူပေါင်း ၁,၅၀၀ ကျော် တို့၏ အားပေးနှစ်ခြိုက်မှုကို ရရှိထားပြီး ဖြစ်ပါတယ်။
MWD ကို ဘာကြောင့် အလုပ်အပ်သင့်သလဲ
MWD မှဈေးနှုန်းများဟာ ဝန်ဆောင်မှုပေါ် အခြေတည်ပြီး တွက်ချက်ထားတဲ့အတွက် overprice ဖြစ်နေတာမျိုးမရှိဘဲ လူကြီးမင်း ကုန်ကျသောစရိတ်ထက် ပိုကောင်းသော၊ ပိုတန်သော ဝန်ဆောင်မှုကိုသာ ရရှိစေမှာပါ။
ကျနော်တို့ MWD က နှစ်စဉ်ကြေးကို အနည်းဆုံးထိ လျှော့ထားပေးပြီး website update နဲ့ supporting တွေကိုလည်း အခမဲ့လုပ်ပေးလို့ ရေရှည်လက်တွဲလို့ ကောင်းတဲ့အပြင် လူကြီးမင်းတို့အတွက်လည်း website ရဲ့ နှစ်စဉ်ကုန်ကျစရိတ်က ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်စေပါဘူး။
အလုပ်အပ်သူက Website ကို စိတ်ကျေနပ်ပြီးသည့်တိုင် MWD QC (Quality Control) team မှ နည်းပညာ ကျွမ်းကျင်သူများက Website ကောင်းတစ်ခု ဖြစ်စေဖို့၊ Google နှင့်အခြား search engines တွေမှာ အလွယ်တကူ ရှာနိုင်စေဖို့နဲ့ အခြားနည်းပညာဆိုင်ရာ လုပ်ဆောင်ချက်များကို စစ်ဆေး ထည့်သွင်းပေးလို့ Myanmar Web Designer (MWD) Co., Ltd. မှာ website အပ်မယ်ဆို website အကြောင်း မသိရင်တောင်မှ website ကောင်းတစ်ခုရဖို့ စိတ်ချထားနိုင်ပါတယ်။
လူကြီးမင်းရဲ့ website ကို လူကြီးမင်းကိုယ်တိုင် စိတ်တိုင်းကျဖို့က အရေးအကြီးဆုံး အချက်တွေထဲက တစ်ခုပါ။ စိတ်တိုင်းကျနိုင်ဖို့ ဆိုတာကလည်း ရှေ့တိုးနောက်ငင် ပြင်ဆင်ချက်တွေ လုပ်ရပါတယ်။ ဒီအချက်ကို ကျနော်တို့ MWD က ကောင်းစွာ နားလည်ထားတဲ့အတွက် ကျနော်တို့ MWD နဲ့ အလုပ်လုပ်တဲ့အခါမှာ စိတ်ရှည်စွာ ဆောင်ရွက်ပေးလို့ လူကြီးမင်းတို့ စိတ်ချမ်းသာမှု ရရှိစေမှာပါ။
ကျနော်တို့ MWD က ပြုလုပ်ပေးတဲ့ website တွေဟာ ကိုယ်တိုင်ပြင်ဆင်ဖို့ အင်မတန်မှ လွယ်ကူအောင် ပြုလုပ်ထားပေးပါတယ်။ ပုံနှင့်စာတင်မကဘဲ layout နှင့် background color တွေကိုပါ အလွယ်တကူ ပြင်ဆင်နိုင်လို့ အရေးပေါ်ကိစ္စတွေ၊ ရုံးပိတ်ရက်တွေမှာ မိမိကိုယ်တိုင် အလွယ်တကူ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်တိုင် မပြင်အားတဲ့ သူများအတွက်လည်း website data တွေ အခမဲ့ ပြင်ဆင်ပေးပါတယ်။
ဝဘ်ဆိုက်ဈေးနှုန်းများ
ဝဘ်ဆိုက်ဈေးနှုန်း အကျဉ်းချုပ်။ အသေးစိတ် အချက်အလက်များအတွက် ဝဘ်ဆိုက် ဈေးနှုန်း စာမျက်နှာသို့ သွားပါ။
အထုပ်အပိုး | စာမျက်နှာ | ဝဘ်မေးလ် | CMS | SEO | ဒေတာ ပြင်ဆင်ပေးခြင်း |
---|---|---|---|---|---|
အခြေခံ | ၁၀ မျက်နှာအထိ | ၄ ခု | ပေါင်းထည့်နိုင် | အခြေခံ | တစ်နှစ် ၄ ကြိမ် |
ပေါင်းစပ် | ၃၀ မျက်နှာအထိ | ၈ ခု | ပါဝင်ပြီး | အခြေခံ | တစ်နှစ် ၈ ကြိမ် |
အထူး | ကန့်သတ်မထားပါ | ၁၂ ခု | ပါဝင်ပြီး | အခြေခံ | တစ်နှစ် ၁၂ ကြိမ် |
ဝင်ငွေရ | ကန့်သတ်မထားပါ | ၁၂ ခု | ပါဝင်ပြီး | အထူး | တစ်နှစ် ၁၂ ကြိမ် |