Myanmar Web Designer Logo Let's code your dream!

This post is also available in: English

 

သင့်လုပ်ငန်းဆီက Customer တွေအလိုချင်ဆုံးက အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်ဆိုတာကို ပြောစရာတောင်မလိုပါဘူး။ ဒါပေမယ့် အဲ့ဒါအပြင် နောက်ထပ် အလိုချင်ဆုံးအရာတွေရှိပါသေးတယ် ။

၁။ Quick Response

သူတို့ရဲ့ စုံစမ်းမေးမြန်းမှုတွေနဲ့ Complaints တွေကို အမြန်ဆုံးဖြေရှင်းဖို့ Customer တွေက အလိုရှိပါတယ် ။ HubSpot ရဲ့ထုတ်ပြန်ချက်အရ ချက်ချင်း အကြောင်းပြန်စေချင်တဲ့ Customer အရည်အတွက်ဟာ 82 % တောင်ရှိပါတယ် ။

၂။ Quick and Safe Delivery

မှာယူထားတဲ့ ပစ္စည်းတွေ ဘေးကင်းလုံခြုံပြီး မြန်မြန်ရောက်လာဖို့ သူတို့အလိုရှိပါတယ်။ Delivery အရမ်းကြာလို့ Customer တွေနဲ့ ပြဿနာတက်တာတွေ ၊ မှာတဲ့ပစ္စည်းက အကောင်းအတိုင်းမရောက်လို့ ပြဿနာတက်တာတွေကို လူတိုင်းကြားဖူးကြပါတယ် ။

၃။ Product နဲ့ ပတ်သတ်ပြီး Channel တိုင်းက ဆက်သွယ်နိုင်ဖို့

Channels အများကြီးကနေ လုပ်ငန်းနဲ့ဆက်သွယ်နိုင်ဖို့ Customer တွေက အလိုရှိပါတယ်။

ဥပမာ× Social Media , Web Live Chat , Messenger ( Chat Bot), Viber, Email စသဖြင့် ပါဝင်ပါတယ် ။

၄။ ၂၄ နာရီ အပြည့် ဝန်ဆောင်မှုတွေပေးဖို့

၂၄ နာရီ ဝန်ဆောင်မှု တွေက Customer တွေကို အရမ်းဂရုစိုက်တယ်လို့ ခံစားရစေတဲ့ ဝန်ဆောင်မှုဖြစ်လို့ ဖြစ်နိုင်မယ်ဆိုရင် Customer တွေက လိုချင်ကြပါတယ် ။

Website ဆိုတာကလည်း Customer တွေကို 24/7 ဝန်ဆောင်မှုပေးနိုင်တဲ့ အမျိုးအစားထဲမှာပါဝင်ပါတယ်။

၅။ Product နဲ့ ပတ်သတ်တဲ့ တန်းဖိုးရှိတဲ့ Content တွေကို အချိန်တိုင်းသိရဖို့

သင့်ဝန်ဆောင်မှုက သူတို့ရဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ သင့်လုပ်ငန်းရဲ့ Content Marketing Process ကို Customer တွေလိုချင်ကြပါတယ် ။ တစ်ချို့ Customer တွေက ပိုစ့်တွေမတင်တာကြာလာတာနဲ့အမျှသင့်လုပ်ငန်းကို မေ့သွားမှာပါ ။

၆။ ပိုပြီး Personalized ဖြစ်တဲ့ ရောင်းချမှုတွေလုပ်ပေးဖို့

ဘယ်သူမဆို ကိုယ့်ကို စိတ်တိုင်းကျဖြစ်အောင်လုပ်ပေးတာမျိုးကို အလိုရှိပါတယ် ။
Personalized ဖြစ်တဲ့ ရောင်းချမှုမျိုးကို မြင်သာအောင် ဥပမာပြရမယ်ဆိုရင် Designer တစ်ယောက်က သူရောင်းတဲ့ ဆိုဒ်နဲ့ Customer တွေ မကိုက်ရင် Fix ဆိုဒ်ရအောင်ပြင်ပေးတာမျိုးဖြစ်ပါတယ် ။

သိပြီးသားအချက်တွေဆိုပေမယ့် လုပ်ငန်းရှင်အများစုလိုက်လုပ်ဖို့ ခက်နေတဲ့ အချက်တွေဖြစ်လို့ ဒီစာလေးဖတ်ပြီးချိန်ကစလို့ လုပ်ကြည့်ကြဖို့ မမေ့ပါနဲ့ နော် ။