Myanmar Currency Exchange Rates WordPress Plugin by MWD

Myanmar Currency Exchange Rates by MWD
Myanmar Currency Exchange Rates WordPress Plugin by MWD

ကျနော်တို့ Myanmar Web Designer ကုမ္ပဏီရဲ့ website service team က လူကြီးမင်းတို့ရဲ့ website မှာ နေ့စဉ်ငွေလဲနှုန်းတွေ ဖော်ပြနိုင်ဖို့အတွက် WordPress plugin တစ်ခုကို ရေးသားလွှင့်တင်ထားပါတယ်။

ဒီ Myanmar Exchange Rates WordPress Plugin ကို အသုံးပြုခြင်းဖြင့် လူကြီးမင်းတို့ Website အတွင်းမှာ မြန်မာကျပ်ငွေရဲ့ နိုင်ငံခြားငွေ ၃၈ အထိတို့ရဲ့ နေ့စဉ် update ငွေလဲလှယ်နှုန်းတွေကို ဗဟိုဘဏ်ကထုတ်ပြန်တဲ့ နှုန်းထားအတိုင်း ဖော်ပြနိုင်မှာဖြစ်ပါတယ်။

Video Tutorial for installing and using Myanmar FX rates WordPress plugin

ငွေလဲနှုန်းတွေကို ဖော်ပြဖို့လိုအပ်တဲ့ သတင်း Website တွေ ၊ Online Shop တွေ၊ Ecommerce လုပ်ငန်းတွေနဲ့ Tourism နယ်ပယ်က Website တွေအားလုံးအတွက်တော့ သတင်းကောင်းပါပဲ။

အသုံးပြုချင်သူများအနေနဲ့ WordPress Dashboard, Google တို့ကနေ ရှာဖွေနိုင်မှာဖြစ်သလို အောက်ပါ Link ကနေလည်း download လုပ်နိုင်ပါတယ်။?

https://wordpress.org/plugins/myanmar-currency-exchange-rates/

Open Source ဖြစ်တဲ့အတွက် GitHub မှာလည်း ဝင်ရောက်ပြင်ဆင် ရေးသားနိုင်ပါတယ်။ ?

https://github.com/myanmarwebdesigner/myanmar-currency-exchange-rates

Desktop မှာ ယူနီကုဒ် ပြောင်းပြီး Zawgyi ကော၊ Unicode ပါ ဆက်သုံးနည်း

73311892 2624998397557501 667131063859937280 o

ဇော်ဂျီကနေ ယူနီကုဒ်ပြောင်းဖို့ ကြိုးစားခဲ့တာ ဆယ်စုနှစ်တစ်ခုလောက်ကြာခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို အကြိမ်ကြိမ်ပြောင်းဖို့ ကြိုးစားခဲ့တာ ဒီတစ်ခေါက်ကတော့ အောင်မြင်မှု အရှိဆုံးပါပဲ။

ဒီလိုအောင်မြင်ခဲ့တာ Facebook က Facebook app မှာ Zawgyi, Uni နှစ်မျိုးလုံးဖတ်နိုင်အောင်လုပ်ပေးလို့ အခက်အခဲမရှိ ပြောင်းနိုင်ကြတာရယ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တိုက်တွန်းစကားကြောင့်ရယ်လို့ ဆိုရင် မမှားပါဘူး။

Facebook မှာတော့ ယူနီကုဒ်ပြောင်းနည်းတွေက ဖုန်းတွေအတွက်တော့ ပေါပေါများများပါပဲ၊ ဒါပေမယ့် Desktop အတွက် ပြောင်းဖို့နည်းလမ်းကိုတော့ မတွေ့မိသေးပါဘူး။ ဒါကြောင့် ရုံးတွေ၊ ရုံးတွေမှာ ယူနီကုဒ်ပြောင်းဖို့ အခက်တွေ့နေကြမှာစိုးလို့ ဒီနည်းလမ်းလေးကို မြန်မာ ဝဘ် ဒီဇိုင်နာ ကုမ္ပဏီ က မျှဝေလိုက်ရတာပါ။

သင့်အနေနဲ့ Desktop level မှာပြောင်းချင်တာမဟုတ်ဘဲဲဲ font တစ်မျိုးကနေ တစ်မျိုးကိုပြောင်းချင်တာဆိုရင်တော့ Zawgyi Unicode Converter တွေရှိပါတယ်။ ဝင်ကြည့်လိုက်ပါ။

အပြည့်စုံဖတ်ရန်

Download W3schools Tutorials Offline Version (2016 & 2018)

w3schools e1531167630522

နည်းပညာ လေ့လာနေကြတဲ့လူတိုင်းအတွက် W3schools.com ဆိုရင် မစိမ်းလောက်ပါဘူး။ အဲဒီ website က w3 schools ဆိုတဲ့အတိုင်း အင်တာနက်နဲ့ဆိုင်တဲ့ programming language တွေကို အခမဲ့ သင်ပေးတဲ့ ဆိုက်ပါ။

မြန်မာနိုင်ငံက နည်းပညာလေ့လာချင်တဲ့သူတွေကျတော့ စိတ်အားထက်သန်ပေမယ့် အခက်အခဲအမျိုးမျိုးရှိကြပါတယ်။ အဲဒီထဲမှာ အင်တာနက် အချိန်ပြည့်မသုံးနိုင်တာလဲ ပါတာပေါ့။ အခု ပေးမယ့် zip ဖိုင်ကို download လုပ်ထားလိုက်မယ်ဆိုရင် computer ကနေ အင်တာနက် ရှိရှိ မရှိရှိ w3schools က သင်ခန်းစာတွေကို ဖတ်လို့ရသွားမှာပါ။

ဒီလိုမျိုး အရင်ကလည်း တင်ပေးဖူးပါတယ်။ ဒါပေမယ့် အရင် version က တော်တော်လေးဟောင်းနေပြီမို့လို့ အခုထပ်တင်ပေးလိုက်တာပါ။ အခုတင်ပေးတာက 2018 version ပါ။ Facebook လျှော့ပွတ်ပြီး နည်းပညာများများ လေ့လာနိုင်ကြပါစေဗျာ။

2018 Version Download (460MB)

2016 Version Download (39MB)

MWD မှ အထူးပရိုမိုးရှင်း *** Website + All service 10% off ***

Website 10% discount

Myanmar Web Designer (MWD) Co., Ltd. မှ “မြန်မာနိုင်ငံရှိ လုပ်ငန်းများအားလုံး အင်တာနက်ပေါ်တွင် *** အောင်မြင်စွာ *** လုပ်ငန်းချဲ့ထွင်တည်ဆောက်နိုင်ရန်” ဟူသော လက်စွဲဆောင်ပုဒ်နှင့်အညီ၊ MWD ၏ အရည်အသွေးမြင့် ဝန်ဆောင်မှုများဖြစ်သော

  1. Website ရေးဆွဲ၊ လွှင့်တင်ခြင်း
  2. Facebook sponsor ကြော်ငြာခြင်း
  3. Social Media Maintenance ဝန်ဆောင်မှု
  4. Website Maintenance ဝန်ဆောင်မှု
  5. Logo ဒီဇိုင်းဝန်ဆောင်မှု
  6. Graphic Design ဝန်ဆောင်မှု (Visiting Card, Letter Head, Company Profile, Pamphlet, Flyer, Brochure, Booklet, …)
  7. Google SEO ဝန်ဆောင်မှု

စသည့်ဝန်ဆောင်မှုများအားလုံးကို ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ ၁၀% လျှော့ဈေးဖြင့် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ အရည်အသွေး လျော့ကျခြင်း လုံးဝ (လုံးဝ) မရှိစေရပါ။ ၎င်းဈေးနှုန်းများပေါ်တွင် ၁၀% လျှော့ပေးမှာ ဖြစ်ပါတယ်။ ဤ promotion အား Myanmar Web Designer (MWD) Co., Ltd. ၏ အခြား promotion များနှင့် တွဲယူ၍မရပါ။

အပြည့်စုံဖတ်ရန်

Windows 32 bit နဲ့ 64 bit ကွာခြားချက်

32-bit-vs-64-bit


Windows, Macintosh, Linux စတဲ့ Computer OS (operating system) တွေမှာ 32 bit နဲ့ 64 bit ဆိုပြီး အမျိုးအစား နှစ်မျိုး ရှိပါတယ်။ တစ်ကယ်တော့ 32 bit တို့ 64 bit တို့ဆိုတာ computer ရဲ့ CPU (central processing unit) က အချက်အလက်တွေကို ဘယ်လို ကိုင်တွယ်သလဲဆိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ 64 bit OS တွေက RAM (Random Access Memory) များများကို ကိုင်တွယ် ဖြေရှင်းနိုင်ပြီးတော့ 32 bit ထက်ပို စွမ်းဆောင်ရည် မြင့်ပါတယ်။

အပြည့်စုံဖတ်ရန်
Page 1 of 11
1 2 3 11