နည်းပညာ

ကွန်ပျူတာ နည်းပညာများ, နည်းပညာ software နှင့် နည်းပညာ blog

လက်ရွေးစင် သင်ခန်းစာများ ကြည့်ရန်။

jQuery form သင်ခန်းစာ – jQuery form validation tutorial

မင်္ဂလာပါ …
အရင်ဆုံး အရင်သင်ခန်းစာ နှစ်ခုအပါအဝင် ဒီနေ့ သင်ခန်းစာ ပြီးရင် ရရှိမယ့်ပုံကို ပြပေးချင်ပါတယ်။ Demo မှာဝင်ကြည့်လိုက်ပါ။ ကွက်လပ်တွေမှာ ဘာမှမဖြည့်ပဲ ကလစ်နှိပ်ကြည့်ပါ။ Form ထဲမှာ မဖြည့်ထားကြောင်း သတိပေးစာ ပေါ်လာပါမယ်။ ဒီနေ့ သင်ခန်းစာပြီးရင် အဲဒါတွေ လုပ်တတ်မှာဖြစ်ပါတယ်။ အရင်သင်ခန်းစာ နှစ်ခုကို ဖတ်ချင်တယ်ဆိုရင်တော့

1. Login form tutorial (HTML,CSS, jQuery) part I

2. Login form tutorial (HTML,CSS, jQuery) part II

ဒီနေ့ သင်ခန်းစာကတော့ ကျွန်တော်တို့ login form (html, css, jQuery) သင်ခန်းစာ series တစ်ခုရဲ့ နောက်ဆုံးအပိုင်းဖြစ်ပါတယ်။ နောက်ဆုံးအပိုင်းဖြစ်သလို အခက်ဆုံးလည်း ဖြစ်ပါတယ်။ သင်ခန်းစာ သုံးခုလုံးကို လိုက်လုပ်ကြည့်ရင်တော့ လွယ်မှာပါ။ ဒီနေ့ကတော့ JavaScript or jQuery အပိုင်းဖြစ်ပါတယ်။ ဒီနေ့မှာ html အပိုင်းမှာ ပြင်စရာရှိပါတယ်။ အရင်က ကျွန်တော်တို့ ရေးထားဖူးတဲ့ html ဖိုင်ကို ဖွင့်လိုက်ပါ။

 

ကို

 

ဖြစ်အောင် ပြောင်းလိုက်ပါ။ ပြီးရင်

ကို

ဖြစ်အောင် ပြောင်းလိုက်ပါ။ နောက်ဆုံးက </div> ကိုပဲ ပြောင်းတာဖြစ်ပါတယ်။ အပေါ်တစ်ကြောင်းက ဘယ်နားက </div> လဲဆိုတာ သိအောင်ထည့်ပေးတာဖြစ်ပါတယ်။ အဲလို ပြောင်းပြီးပြီဆိုရင်တော့ <head> အပိုင်းမှာ လိုအပ်တဲ့ဖိုင်တွေ လင့်ခ်ချိတ်ရပါဦးမယ်။ အောက်မှာ ကြည့်လိုက်ပါ။

 

လိုအပ်တဲ့ဖိုင်တွေ လင့်ခ်ချိတ်ပြီးသွားပြီဆိုရင်တော့ jQuery စရေးပါတော့မယ်။ notepad++ ကိုဖွင့်လိုက်ပါ။ ပြီးရင် အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ။

ရိုက်ထည့်ပြီးရင် file>save ကို ရွေးလိုက်ပါ။ အရင်က ရေးထားတဲ့ html ဖိုင်နဲ့ folder တစ်ခုထဲမှာပဲ အတူတူသိမ်းလိုက်ပါ။ နာမည်ကို login.js လို့ပေးပြီး သိမ်းပါ။ folder structure ကို အောက်မှာ ကြည့်လို့ရပါတယ်။ (ပုံကို click နှိပ်ရင် ရှင်းရှင်းလင်းလင်း မြင်ရပါမယ်။)

folder-structure

code ကို ရှင်းပြပါမယ်။ ဒီ အပေါ်က code မှာ $(“#form”) ဆိုတာက html ဘက်က id=”form” ကို လှမ်းခေါ်လိုက်တာဖြစ်ပါတယ်။ .submit ဆိုတာက အဲဒီ form ကို submit လုပ်လိုက်ရင် (login button ကိုနှိပ်လိုက်ရင်) အနောက်က function တွေ ဆက်အလုပ်လုပ်မှာဖြစ်ပါတယ်။ အဲဒီ ဆက်အလုပ်လုပ်မယ့် function ထဲမှာ ကျွန်တော်တို့ စစ်ထားတာက if နဲ့ စစ်ထားပါတယ်။ if($(“input:text”).val()==””) ရဲ့ အဓိပ္ပါယ်က တစ်ကယ်လို့ input အမျိုးအစား text ရဲ့ val ဆိုတာက value ကိုပြောတာပါ။ အဲဒီ value က =”” ဆိုတော့ ဘာမှမရှိဘူးဆိုလျင် (ရှိတယ်ဆို =”???” လို့ စစ်ရမှာဖြစ်ပါတယ်။ ??? တွေနေရာမှာ ရှိနေတဲ့ စာကိုထည့်စစ်ရမှာဖြစ်ပါတယ်။) username ထည့်ပါလို့ alert လုပ်ပါမယ်။ ပြီးတော့ user က တစ်ခါတည်း စာရိုက်လို့ရအောင် cursor ကို username field ထဲမှာပဲ ပြန်ရောက်နေအောင် လုပ်ပေးတဲ့ ကုဒ် က $(“input:text”).focus(); ဖြစ်ပါတယ်။ ပြီးတော့ ဘာမှမထည့်ထားလို့ form ကို ဆက်အလုပ်မလုပ်စေချင်တဲ့အတွက် return false လို့ ရေးပေးရပါတယ်။ အဲလိုမှမဟုတ်ရင် form က ဘာမှမပါပဲလည်း ရောက်သွားပါလိမ့်မယ်။ password field အတွက်ကလည်း စစ်ပုံစစ်နည်းက အတူတူပါပဲ။ နောက်ဆုံး alert(“Logged in!”); ဆိုတာကတော့ username မှာရော password မှာပါ အားလုံးဖြည့်ထားတယ်ဆိုရင် တနည်းအားဖြင့် if နဲ့ စစ်ထားတဲ့ block နှစ်ခုလုံး စစ်တာအောင်သွားရင် Logged in လို့ ပြန်ပြောပေးမယ့် စာကြောင်းဖြစ်ပါတယ်။ တစ်ခု မှတ်ထားရမှာက ဒီသင်ခန်းစာက တစ်ကယ် login function မဟုတ်သေးပါဘူး။ jQuery နဲ့ပဲ user ကို တုံ့ပြန်နိုင်အောင်ရေးတာ ဖြစ်ပါတယ်။ တစ်ကယ့် login ဖြစ်အောင်တော့ php နဲ့ ရေးပြီး database ရှိမှ အဆင်ပြေပါလိမ့်မယ်။ ဒါဆိုရင် အောက်မှာ စာကြောင်းတွေ မှန်၊ မမှန် တိုက်စစ်ကြည့်ပါဦး။

HTML file

jQuery file

Leave a Reply

Your email address will not be published. Required fields are marked *