နည်းပညာ

ကွန်ပျူတာ နည်းပညာများ, နည်းပညာ software နှင့် နည်းပညာ blog

လက်ရွေးစင် သင်ခန်းစာများ ကြည့်ရန်။

Login form tutorial (HTML,CSS, jQuery) part II

မင်္ဂလာပါ …

ဒီသင်ခန်းစာ မဖတ်ခင် ကျွန်တော် အရင်တစ်ခေါက်က ရေးခဲ့တဲ့ Login form tutorial (HTML, CSS, jQuery) Part I ကို ဖတ်ဖူးရပါမယ်။ ဒီသင်ခန်းစာကတော့ အဲဒီ သင်ခန်းစာရဲ့ အဆက် အပိုင်း ၂ ပါ။ CSS ရေးနည်း သင်ပေးမယ့် သင်ခန်းစာဆိုလည်း မမှားဘူးပေါ့။

CSS ဆိုတာ Cascading Style Sheet ရဲ့ အတိုကောက် ဖြစ်ပါတယ်။ CSS ရေးနည်း သုံးနည်းရှိပါတယ်။

– tag တွေထဲမှာ attribute အနေနဲ့ ဝင်ရေးတဲ့ inline CSS ရေးနည်း။ (ဥပမာ။ ။ <html style=””>)
ဒီ ဥပမာမှာ <html> ဆိုတာက tag ဖြစ်ပါတယ်။ အရင်သင်ခန်းစာမှာလည်း ဖော်ပြခဲ့ပါတယ်။ style=”” ဆိုတာကတော့ attribute လို့ ခေါ်ပါတယ်။

– <head> tag ထဲမှာ ဝင်ရေးတဲ့ embeded CSS ရေးနည်း။ (ဥပမာ။ ။<head>…………</head>)
ဒီ ဥပမာမှာ …………….. တွေနေရာမှာ CSS code တွေ ရေးရမှာဖြစ်ပါတယ်။

– နောက်ဆုံးနဲ့ အကောင်းဆုံးနည်းကတော့ external CSS လို့ခေါ်တဲ့ CSS ကို html နဲ့ မရောပဲ file တစ်ခုအနေနဲ့ သီးသန့်ခွဲရေးပြီးမှ html နဲ့ ချိတ်ဆက်ပြီး အသုံးပြုနည်းတို့ ဖြစ်ပါတယ်။ အကောင်းဆုံးလို့ ပြောရတာက အကြောင်းရှိပါတယ်။ CSS code တွေကို html ထဲမှာ ရောပြီး မြင်မနေရတဲ့အတွက် code ရှင်းရှင်းလင်းလင်းရှိခြင်း၊ html file size လျှော့နည်းခြင်းကြောင့် site အတက်မြန်ခြင်း၊ သီးသန့် ထုတ်ထားတဲ့ CSS file ကို ဘယ် html ဖိုင်ကမဆို ချိတ်ဆက်လိုက်ယုံနဲ့ အဲဒီ html ဖိုင်မှာ style သက်ရောက်မှု ရှိခြင်း၊ html တွင် css များ ရောမနေခြင်းကြောင့် google မှ crawl လုပ်ရလွယ်ခြင်း၊ ထို့ကြောင့် SEO အတွက်ကောင်းမွန်ခြင်း။ ဆက်ရေးရင် ရှိပါဦးမယ်။

ဒီနေ့တော့ CSS ရေးနည်း သုံးနည်းရှိတဲ့ အထဲမှာ အကောင်းဆုံး CSS ရေးနည်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ notepad++ ကို ဖွင့်ပြီး new ခေါ်လိုက်ပါ။

[Crayon lang=”css”]* {
margin: 0;
padding: 0;
}[/Crayon]

လို့ ရိုက်ပြီး အရင်တစ်ခေါက်က သင်တဲ့ login html နဲ့ folder တစ်ခုတည်းမှာ style.css ဆိုတဲ့နာမည်နဲ့ save လုပ်လိုက်ပါ။ ဒါဆိုရင် css ဖိုင် တစ်ဖိုင် သိမ်းပြီးသွားပါပြီ။ သိမ်းပြီးပေမယ့် အခုရေးလိုက်တဲ့ code ကို နားလည်ဖို့ လိုပါသေးတယ်။ browser (google chrome, firefox, IE, opera, safari, …) တွေမှာ သူရဲ့ default margin တွေ padding တွေရှိပါတယ်။ margin ဆိုတာကတော့ ကျွန်တော်တို့ ကျောင်းသုံး ဗလာစာအုပ်တွေမှာ ဘေးမျဉ်းတားသလိုပဲ။ web page တွေမှာလဲ ဘေးဘယ်က ဘယ်လောက် ခွာမယ်။ အပေါ်က ဘယ်လောက်။ အောက်က ဘယ်လောက်ဆိုပြီးတော့ ထားကြပါတယ်။ padding ဆိုတာကလည်း အဲဒီ သဘောတရားပါပဲ။ နောက်မှ အကျယ်ရှင်းပြပါမယ်။ ဒါပေမယ့် browser တစ်ခုနဲ့ တစ်ခု သတ်မှတ်ထားတဲ့ margin, padding နှုန်းထားတွေ မတူကြပါဘူး။ Web Designer တစ်ယောက်ဟာ ကိုယ့် design ကို browser အားလုံးမှာ အဆင်ပြေအောင် ရေးဆွဲပေးရပါတယ်။ အဲလို browser တစ်ခုနဲ့ တစ်ခု margin, padding နှုန်းထားမတူတော့ ညှိရတာ အဆင်မပြေလို့ အရင်ဆုံး သူတို့ထားပေးထားတဲ့ margin တွေ padding တွေ အားလုံးကို 0 ထားလိုက်တာပါ။ ဒီ code ရဲ့ သဘောတရားက ဒါပါပဲ။ ဒါဆို css ဖိုင် ရပြီဆိုရင် html ဘက်မှာ အခု css ကို link ချိတ်ပေးရပါမယ်။ အရင်တစ်ခေါက်က ရေးထားဖူးတဲ့ html file ကို notepad++ နဲ့ ဖွင့်လိုက်ပါ။ <head> နဲ့ </head> ကြား ဘယ်နေရာမှာမဆို အောက်က code ကို ထည့်လိုက်ပါ။

[Crayon lang=”html”][/Crayon]

css ကို link ချိတ်မှာမို့လို့ <link> tag ကို အသုံးပြရပါတယ်။ href မှာတော့ အခုန သိမ်းထားတဲ့ css လမ်းကြောင်းကို ပေးရမှာဖြစ်ပါတယ်။ လမ်းကြောင်းပေးပုံကိုတော့ အရင်က video သင်ခန်းစာ တွမှာ သေချာရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ rel ဆိုတာကတော့ relationship ရဲ့အတိုဖြစ်ပါတယ်။ အခု ချိတ်မယ့် css နဲ့ အချိတ်ခံရမယ့် html ဖိုင်တို့ရဲ့ ဆက်နွယ်မှုဖြစ်ပါတယ်။ အဲဒါမပါရင် css file အလုပ်မလုပ်တာမျိုး ဖြစ်တတ်ပါတယ်။ type=”text/css” ဆိုတာကတော့ အမျိုးအစားက css တွေရေးထားတဲ့ text ဖိုင်ဖြစ်တယ်လို့ ပြောလိုက်တာပါ။

ပြီးရင် css file ကို ပြန်သွားပါ။ အခုန margin:0; နဲ့ padding: 0; အောက်မှာ ဆက်ရေးရပါမယ်။ အောက်က ကုဒ်ကို ဆက်ရေးပါ။ နောက်ခံအရောင်ပေးတဲ့ code ဖြစ်ပါတယ်။

[Crayon lang=”css”]body {
background: #e2eeff;
}[/Crayon]

ပြီးရင် အောက်က ကုဒ်တွေကို ထပ်ရေးလိုက်ပါဦး။

[Crayon lang=”css”]#form {
width: 220px;
display: block;
padding: 30px 100px;
background: #f4f4f4;
border: 1px solid #ccc;
border-radius: 10px;
text-align: left;
position: absolute;
left: 35%;
top: 30%;
box-shadow: 0 0 10px #bbb;
}[/Crayon]

#form ဆိုတာက ဟိုဘက် html မှာရေးထားတဲ့ <div id=”form”> ဆိုတာက လှမ်းပြီး ရွေးချယ်လိုက်တာဖြစ်ပါတယ်။ အဲလို ရွေးချယ်ပြီးမှ ကိုယ်ပြောင်းချင်တဲ့ ပုံစံတွေ ပြောင်းလို့ရပါမယ်။ ဒီကောင့်ကို selector လို့ခေါ်ပါတယ်။ အကောင်းဆုံးကတော့ အရင်ဆုံးကတော့ css တစ်ကြောင်းရိုက်ထည့်ပြီးတိုင်း browser မှာ refresh တစ်ခါလုပ်ပြီး ဘာတွေပြောင်းသွားလဲဆိုတာ လေ့လာပါ။ ဒါဆို ကျွန်တော်ဘာမှ ပြောဖို့မလိုပဲ code တွေ အကုန်လုံး နားလည်သွားပါလိမ့်မယ်။

ပြီးရင် အောက်မှာ ဆက်ရိုက်ပါ။

[Crayon lang=”css”]#form h1 {
text-align: center;
color: #00f;
}

#form input {
padding: 10px;
border-radius: 5px;
border: 1px solid #ddd;
margin: 20px 0 0 0;
-moz-transition: box-shadow 0.5s;
-webkit-transition: box-shadow 0.5s;
-o-transition: box-shadow 0.5s;
transition: box-shadow 0.5s;
}[/Crayon]

ဒီ code တွေမှာ #form h1 ဆိုတာ html ဘက်က <div id=”form”> အောက်က <h1> ကို လှမ်း select လုပ်တာဖြစ်ပြီးတော့ #form input ဆိုတာကတော့ html ဘက်က <div id=”form”> အောက်က <input> တွေအကုန်လုံးကို လှမ်း select ပေးလိုက်တာဖြစ်ပါတယ်။ select ပေးပြီးမှ ကျွန်တော်တို့ ပြောင်းချင်တာ ပြောင်းဖို့အတွက် css code တွေ ရေးပါတယ်။ ပြီးရင် အောက်ကအတိုင်း ထပ်ရေးပါ။

[Crayon lang=”css”]#form input[type=”submit”] {
padding: 10px 20px;
background: #00f;
color: #fff;
border: 1px solid #fff;
box-shadow: 0 0 2px #00f;
}[/Crayon]

ဒီ code မှာတော့ type=”submit” ဆိုတာ တစ်ခုပိုလာပါတယ်။ input နောက်မှာ ကွင်းစ ကွင်းပိတ်နဲ့ ရေးတာမို့လို့ input ရဲ့ type က submit type ဖြစ်ခဲ့မယ်ဆိုရင် ဒီ CSS code တွေ apply လုပ်မယ်လို့ ပြောလိုက်တာပါ။ ကျွန်တော်တို့ html ဘက်မှာဆိုရင်တော့ Login button လေးက submit type button ပါပဲ။ အဲဒါကြောင့် ဒီ code ထည့်လိုက်ရင် login button လေးက style ပြောင်းသွားတာဖြစ်ပါတယ်။

[Crayon lang=”css”]#form input[type=”submit”]:hover {
box-shadow: 0 0 10px #000 inset;
}

#form input:focus {
box-shadow: 0 0 5px #00f;
}[/Crayon]

ဒီအထက်က code မှာတော့ :focus နဲ့ :hover တို့ ပိုပါလာပါတယ်။ သူတို့တွေက psudo code (ဆူဒို ကုဒ်) တွေဖြစ်တဲ့အတွက် အစက်နှစ်စက် (colon) ပါရပါတယ်။ hover ဆိုတာကတော့ mouse တင်လိုက်တဲ့အချိန်ကို ဖမ်းပြီးတော့ css ပေးလိုက်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ login button ပေါ်ကို mouse တင်လိုက်တာနဲ့ button လေးက ဖောင်းကြွဖြစ်နေရာက ချိုင့်ဝင်သွားတာဖြစ်ပါတယ်။ focus ဆိုတာကတော့ click ဖိထားတဲ့အချိန် သို့မဟုတ် cursor ရှိနေတဲ့အချိန်ကို ဖမ်းပြီးတော့ css ပေးတာပါ။ ဒါကြောင့်မို့လို့ username နဲ့ password box တွေကို ကလစ်နှိပ်လိုက်တာနဲ့ box တွေနောက်က အပြာရောင်လေးတွေ ထွက်လာတာဖြစ်ပါတယ်။ style ပြောင်းတာကို နှေးချင်လို့

[Crayon lang=”css”]-moz-transition: box-shadow 0.5s;
-webkit-transition: box-shadow 0.5s;
-o-transition: box-shadow 0.5s;
transition: box-shadow 0.5s;[/Crayon]

တွေနဲ့ ထိမ်းလိုက်တာဖြစ်ပါတယ်။ ဒီ code လေးကြောင်းက ပါပြီးသားပါ။ ထပ်ရေးစရာမလိုပါဘူး။ ဒါဆိုရင်တော့ login form လှလှပပ တစ်ခုကို ရပါပြီ။ တစ်ခုခု အမှားရှိရင် တိုက်ကြည့်ပါဦး။

html ဖိုင်

[Crayon lang=”html”]


Form tutorial by www.myanmarwebdesigner.com

Login form



[/Crayon]

css ဖိုင်

[Crayon lang=”css”]* {
margin: 0;
padding: 0;
}

body {
background: #e2eeff;
}

#form {
width: 220px;
display: block;
padding: 30px 100px;
background: #f4f4f4;
border: 1px solid #ccc;
border-radius: 10px;
text-align: left;
position: absolute;
left: 35%;
top: 30%;
box-shadow: 0 0 10px #bbb;
}

#form h1 {
text-align: center;
color: #00f;
}

#form input {
padding: 10px;
border-radius: 5px;
border: 1px solid #ddd;
margin: 20px 0 0 0;
-moz-transition: box-shadow 0.5s;
-webkit-transition: box-shadow 0.5s;
-o-transition: box-shadow 0.5s;
transition: box-shadow 0.5s;
}

#form input[type=”submit”] {
padding: 10px 20px;
background: #00f;
color: #fff;
border: 1px solid #fff;
box-shadow: 0 0 2px #00f;
}

#form input[type=”submit”]:hover {
box-shadow: 0 0 10px #000 inset;
}

#form input:focus {
box-shadow: 0 0 5px #00f;
}[/Crayon]

နောက်တစ်ခေါက် သင်ခန်းစာမှာတော့ အခုရေးလိုက်တဲ့ form ကို jQuery နဲ့ validate လုပ်တာကို ပြောပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *