နည်းပညာ

Website ရေးနည်း video သင်ခန်းစာ အပိုင်း ၂ (by using HTML5 and CSS3)

Full Playlists

Youtube မှာ နောက်ထပ် video tutorial တွေတင်ဖို့ရှိသေးတာမို့လို့ Youtube channel ကို subscribe လုပ်ထားပါဦး …



အရင် တစ်ခေါက်က HTML5 နဲ့ CSS3 ကို အသုံးပြုပြီးတော့ Website ရေးနည်း (အပိုင်း ၁) ကို ကြည့်ဖြစ်ကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက် သင်ခန်းစာမှာတော့ main menu ရေးပုံကို သင်ပြပေးထားပါတယ်။ Singapore Web Design (web-designer.sg) ဆိုက်ကို နမူနာ ထားပြီးတော့ ရေးနည်း သင်ပေးထားတာပါ။ အခက်အခဲရှိရင်တော့ comment ရေးခဲ့ပါ။

အရင်တစ်ခေါက်က video ကြည့်ပြီး တစ်ချို့လည်း feed back လေးတွေပေးကြတယ်၊ အသံက သိပ်မရှင်းဘူးတို့၊ code တွေကို သိပ်မမြင်ရဘူးတို့ပေါ့ဗျာ၊ ပြီးတော့ စကားပြောတာ ပြောချင်သလိုမပြောချင်သလို ဖြစ်နေတယ်တဲ့ 😀
အဲဒါတွေအားလုံးက video ကို download လုပ်ရင် မကြာအောင်လို့ အတတ်နိုင်ဆုံးအချိန်ကို ချုံ့တဲ့ သဘောပါ၊ video minutes တွေ မကြာအောင်၊ မများအောင်၊ စကားကို မြန်မြန်ပြောရပါတယ်။ အဲဒါကြောင့် စကားက ပြောချင်သလို မပြောချင်သလို ဖြစ်နေနိုင်ပါတယ်။ နားမလည်လိုက်ရင် ပြန်ရစ်ပြီး နားထောင်ပေးပါ။
အသံသိပ်မရှင်းလိုက်တာမျိုးဆိုရင် ပြန်ပြန်ရစ်ပြီး နားထောင်ပါ၊ နားလည်သွားပါလိမ့်မယ်။ code တွေကို သေချာမမြင်ရတာမျိုးဆိုရင်တော့ video ကို full screen ချဲ့ပြီးကြည့်ပါ၊ ဒါဆိုရင် အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်က download လုပ်ပြီးသွားရင်လည်း download လုပ်ရတာ အခက်အခဲရှိတဲ့သူတွေကို မျှဝေပေးပေါ့ဗျာ။ သူများကို ပေးကမ်းတဲ့အလုပ်က မြင့်မြတ်သူတွေမှ လုပ်နိုင်တာတဲ့ဗျ။

Exit mobile version