Myanmar Web Designer Logo Let's code your dream!

ဝဘ်ဆိုက် ဝန်ဆောင်မှုများ

Face-to-Face (မျက်နှာချင်းဆိုင်) မဟုတ်ပဲ အွန်လိုင်းကနေသာ အချင်းချင်းဆက်သွယ် ဆွေးနွေးကြပြီး customer ရဲ့ လိုအပ်ချက်များကို Myanmar Web Designer Team မှ သေချာစွာ နားလည်ပြီး အချိန်မီ ပြီးစီးတဲ့အပြင် တိကျမှန်ကန်စွာ နဲ့ website ကောင်း များစွာ တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ Website  တွေကတော့ WFH ဖြင့် အွန်လိုင်းကသာ ဆက်သွယ်ဆွေးနွေးပြီး ပြုလုပ်ပေးခဲ့ရတဲ့ website client အချို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် လူကြီးမင်းတို့လုပ်ငန်းများ ထိုင်းနိုင်ငံမှာပါ ချဲ့ထွင်နိုင်စေဖို့၊ ဘန်ကောက်ရှိ နာမည်ကြီး ဝဘ်ဒီဇိုင်း အေဂျင်စီ ဖြစ်သော Digital Agency Bangkok Co., Ltd. နှင့်လည်း လက်တွဲ၍ ပူးပေါင်းဆောင်ရွက်နေပါသည်။

မြန်မာနိုင်ငံမှာ လူသိများတဲ့ ဝက်ဘ်ဒီဇိုင်းကုမ္ပဏီ

"Myanmar Web Designer" ဆိုတဲ့နာမည်အတိုင်း ကျွန်ုပ်တို့ဟာ မြန်မာနိုင်ငံမှာ လူသိများတဲ့ ဝက်ဘ်ဒီဇိုင်းနဲ့ ဝက်ဘ်ဆိုဒ်ရေးဆွဲပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ဝက်ဘ်ဆိုဒ်ဝန်ဆောင်မှုတွေ ပေးနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လူကြီးမင်းတို့လုပ်ငန်းများ ထိုင်းနိုင်ငံမှာပါ ချဲ့ထွင်နိုင်စေဖို့၊ ဘန်ကောက်ရှိ နာမည်ကြီး ဝက်ဘ်ဒီဇိုင်း အေဂျင်စီ ဖြစ်သော Digital Agency Bangkok Co., Ltd. နဲ့လည်း လက်တွဲ၍ ပူးပေါင်းဆောင်ရွက်နေပါတယ်။

မြန်မာနိုင်ငံမှာ ထိပ်ဆုံးရောက်နေတဲ့ ဝက်ဘ်ဆိုက်ကုမ္ပဏီတခု ဖြစ်တာနဲ့အညီ ကျွန်ုပ်တို့ဟာ ဝက်ဘ်ဆိုက်ရေးဆွဲရာမှာ ကိုယ်ပိုင် ထူးခြားတဲ့ နည်းလမ်းကို ဖန်တီးအသုံးပြုပါတယ်။ သုံးစွဲသူတွေရဲ့ အဓိကလိုအပ်ချက်တွေနဲ့ စိုးရိမ်ချက်တွေကို သိရှိပြီး ဖြည့်ဆည်းပေးနိုင်အောင် ကျွန်ုပ်တို့ဟာ ကာစတန်မာတွေဘက်ကနေ အမြဲတမ်း ကြည့်ရှုဂရုစိုက်ပေးပါတယ်။

Website ကောင်းတစ်ခုဆိုတာ

  • Google မှာ အလွယ်တကူရှာဖွေနိုင်ရပါမယ်
  • ပေါ့ပါး၊ မြန်ဆန်ရပါမယ်
  • Visitor တွေကို Customer တွေအဖြစ် ပြောင်းလဲပေးနိုင်ရပါမယ်

Google မှာ အလွယ်တကူရှာဖွေနိုင်ရမယ်

Website လိပ်စာနဲ့ရှာမှ၊ လုပ်ငန်းနာမည်နဲ့ရှာမှ Google မှာရှာတွေ့မယ်ဆိုရင် Customer ရနိုင်မှာမဟုတ်ပါဘူး။ ဘာနဲ့မှရှာလို့မရရင် ပိုတောင်ဆိုးပါသေးတယ်။

Customer များများရဖို့ လူကြီးမင်းပေးတဲ့ဝန်ဆောင်မှုတွေ၊ ရောင်းတဲ့ထုတ်ကုန်တွေရဲ့ နာမည်တွေနဲ့ ရှာလိုက်တဲ့အခါတိုင်းမှာ လူကြီးမင်းရဲ့ website က ပေါ်နေရပါမယ်။

ကျနော်တို့ MWD မှာတော့ Website ပြီးပြီဆိုတာနဲ့ Google မှာ လုပ်ငန်းနာမည်နဲ့ရှာရင် ပေါ်လာဖို့ကို အခမဲ့ လုပ်ဆောင်ပေးပါတယ်။ လုပ်ငန်းနဲ့ပတ်သတ်တဲ့ စကားလုံးတွေနဲ့ တက်ချင်တဲ့အခါမှာတော့ အထူး SEO ဝန်ဆောင်မှု ကို သီးသန့်အနေနဲ့ ဝန်ဆောင်ပေးပါတယ်။

SEO (Search Engine Optimization) ဆိုတာ Google တို့ Microsoft Bing တို့မှာရှာတိုင်း လူကြီးမင်းရဲ့ ဝဘ်ဆိုက်ကို ပေါ်လာစေမယ့် ဝန်ဆောင်မှုဖြစ်ပါတယ်။ Google ကိုပိုက်ဆံပေးပြီးကြော်ငြာရတဲ့ Google ကြော်ငြာ နဲ့ မတူပါဘူး။

googleimg

slow website loading statistics 2

ပေါ့ပါး၊ မြန်ဆန်ရမယ်

visitor ၉၀% ကျော်က နှေးကွေးတဲ့ website တွေကိုစောင့်ဆိုင်းခြင်း မရှိဘဲထွက်သွားလေ့ရှိကြပါတယ်။ စစ်တမ်းတွေအရ 30% ကျော်က ၃ စက္ကန့်ကြာတဲ့ ဝဘ်ဆိုက်တွေဆို မကြည့်ဖြစ်တော့ဘဲ ပိတ်ပြစ်လိုက်ကြပါတယ်။

လူကြီးမင်း ဝဘ်ဆိုက်က ဂူဂဲလ်မှာ ရှာတိုင်းတက်ပေမယ့်၊ ဝဘ်ဆိုက်ပေါ်လာဖို့ ၃ စက္ကန့်ထက်ပိုစောင့်နေရပြီဆို သဲထဲရေသွန်သလို ဖြစ်နေပါပြီ။

ပေါ့ပါး၊ မြန်ဆန်တဲ့ website တစ်ခုကသာ စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်းလို ဝင်လာသမျှ visitor တိုင်််််းကို စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်ပြီး customer ဖြစ်လာစေမှာပါ။

Visitor တွေကို Customer တွေအဖြစ် ပြောင်းလဲပေးနိုင်ရပါမယ်

Google မှာအလွယ်တကူရှာနိုင်လို့ visitors တွေရလာပေမယ့် အဲဒီ visitor တိုင်းကတော့ customer ဖြစ်မလာနိုင်ပါဘူး။

Visitor ကနေ customer ဖြစ်လာနိုင်ခြေ အနည်းအများကလဲ website ရေးဆွဲသူရဲ့ နားလည်တတ်ကျွမ်းမှုနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်း ဝဘ်ဆိုက်ကို တွေ့ရာကုမ္ပဏီနဲ့ မအပ်သင့်ပါဘူး။

ကျနော်တို့ မြန်မာ ဝဘ် ဒီဇိုင်နာ ကုမ္ပဏီက ဝဘ်ဆိုက်ပေါင်း (၁၀၀၀) ကျော်ကို ဝဘ်ဆိုက်အပ်ခဲ့သူများအတွက် ရေးဆွဲပေးပြီးပြီဖြစ်လို့ visitor ကနေ customer ဖြစ်အောင် ဘယ်လိုရေးဆွဲရမယ်ဆိုတာ ကောင်းကောင်း သိထားပါတယ်။

လူကြီးမင်းရဲ့ website မှာ visitor ရှိပြီး inquiry နည်းနေမယ်ဆိုရင်တော့ အခုပဲ ကျနော်တို့နဲ့ အခမဲ့တိုင်ပင်ဆွေးနွေးဖို့ ဆက်သွယ်လိုက်ပါ

funnel e1657465888577

Visitor ကနေ Customer ဖြစ်လာပုံ (Sale Funnel)

မြန်မာ ဝဘ် ဒီဇိုင်နာက ဝဘ်ဆိုက် ဝန်ဆောင်မှုကို ဘယ်လိုပေးလဲ?

ဒါတွေအားလုံးဟာ Website ကတစ်ဆင့် ဝင်ငွေရနိုင်ဖို့ အရေးပါတဲ့အချက် တစ်ချို့သာ ဖြစ်ပါတယ်။

ကျနော်တို့ Myanmar Web Designer မှာ အလုပ်အပ်သူတိုင်း အောင်မြင်စေဖို့၊ (၁၀) နှစ်ကျော် website development နဲ့ အင်တာနက် ကြော်ငြာ အတွေ့အကြုံတို့ကို အသုံးချပြီးတော့ ဒီအချက်တွေကို မဖြစ်မနေပါဝင်အောင် ရေးဆွဲပေးပါတယ်။

website အကြောင်းမသိတောင်မှ website ကောင်းတစ်ခုရဖို့ စိတ်ချထားနိုင်

ကျနော်တို့ မြန်မာ ဝဘ် ဒီဇိုင်နာမှာ အရည်အသွေးနဲ့ ပတ်သတ်ရင် အကဲဆတ်ပါတယ်။

ဒါကြောင့်မို့လို့ အလုပ်အပ်သူက စိတ်တိုင်းကျပြီးတဲ့နောက်

  • Website Quality Control (QC) အချက် ၂၀ ကျော် နဲ့ တိုက်ဆိုင်စစ်ဆေးပြီး website ကောင်းတစ်ခုဖြစ်ဖို့ သေချာအောင် လုပ်ဆောင်ခြင်း၊
  • ဝဘ်ဆိုက် လုံခြုံရေး လုပ်ဆောင်ချက်များ ထည့်သွင်းခြင်း
  • Google မှာ ရှာတွေ့နိုင်စေရန် ပြုလုပ်​ခြင်း

စသည်တို့ကို ဆက်လက် လုပ်ဆောင်ပါတယ်။

ဒါကြောင့်မို့လို့ ကျနော်တို့ မြန်မာ ဝဘ် ဒီဇိုင်နာမှာ website အပ်မယ်ဆိုရင် website အကြောင်းမသိတောင်မှ website ကောင်းတစ်ခုရဖို့ စိတ်ချထားနိုင်ပါတယ်

ဈေးနှုန်းနှင့် ဆက်သွယ်ရန်

လူကြီးမင်း၏ website အသစ်အတွက်သော်လည်းကောင်း၊ လက်ရှိ Website အတွက်သော်လည်းကောင်း အထူးအကြံပေးချက်များ ရယူပြီး၊ လုပ်ငန်းအတွက် တစ်ကယ်အထောက်အကူဖြစ်တဲ့ website တစ်ခုတည်ဆောက်ဖို့ ကျနော်တို့ မြန်မာ ဝဘ် ဒီဇိုင်နာ ကို အခုပဲ ဆက်သွယ်လိုက်ပါ။ ကျနော်တို့ရဲ့ Website ဈေးနှုန်းများ ကိုလည်း လေ့လာနိုင်ပါတယ်။