Myanmar Web Designer Logo Let's code your dream!

Hosting ဝန်ဆောင်မှု - စွမ်းဆောင်ရည်မြင့်၊ ဈေးသင့်တဲ့ Myanmar Web Hosting များ

အကယ်၍ လူကြီးမင်းသည် ကျွန်တော်တို့ထံတွင် ဝဘ်ဆိုက် ဝန်ဆောင်မှု အပ်မည်ဆိုပါက သီးသန့် web hosting ဝယ်ယူရန် မလိုအပ်ပါ။ ကျွန်တော်တို့ရောင်းချသော ဝဘ်ဆိုက် အထုပ်အပိုးတိုင်းတွင် hosting နှင့် domain တစ်ပါတည်း ပါရှိပြီး ဖြစ်ပါသည်။ ဝဘ်ဆိုက်ကို ကိုယ်တိုင် (သို့မဟုတ်) အခြား ရေးဆွဲသူနှင့် ပြုလုပ်မည်ဆိုမှသာ hosting သီးသန့် ဝယ်ယူရန် လိုအပ်ပါသည်။

လုပ်ငန်းသုံး အီးမေးလ် အသုံးပြုလိုတယ်ဆိုရင်လည်း ကျနော်တို့ဆီမှာ ဈေးနှုန်းသင့်တင့်စွာနဲ့ အစားစားရှိပါတယ်။ ကျနော်တို့ရဲ့ hosting ဝန်ဆောင်မှုကို အကောင်းဆုံးဖြစ်စေရန်အတွက် မြန်ဆန်၊ လုံခြုံသော ထိုင်း ဝဘ်ဟို့စ်တင် ကုမ္ပဏီ DAB နှင့် ပါတနာ လုပ်ထားပြီး ဆောင်ရွက်ပေးနေပါတယ်။

webhost

ဝဘ် ဟိုစတင်ဆိုသည်မှာ

အင်တာနက်ပေါ်ရှိ ဝဘ်ဆိုက်များသည် ၎င်းဖော်ပြထားသော စာသားများ၊ ပုံများနှင့် အချက်အလက်များကို သိုမှီးရန်အတွက် နေရာတစ်ခု လိုအပ်ပါသည်။ ဝဘ် ဟိုစတင် (web hosting) ဆိုသည်မှာ ၎င်းဝဘ်ဆိုက်များ၏ အချက်အလက်များ သိုလှောင်ရန် အသုံးပြုသော အင်တာနက်ချိတ်ဆက်ထားသော ဟာ့ဒစ် (hard disk) ဖြစ်ပါသည်။

imghosting

ဝဘ်ဟိုစတင်နဲ့ ဝဘ်ဆာဗာ (web server) တူပါသလား

အခြေခံအားဖြင့် အတူတူပဲဖြစ်ပါတယ်။ ဝဘ်ဆိုက်တစ်ခုကို ဖွင့်လိုက်သည့်အခါ ထိုဝဘ်ဆိုက်အတွင်းရှိဖိုင်များအား ဝဘ် ဟိုစတင်မှ ဝန်ဆောင် (serve) ပေးရသည့်အတွက် web server ဟုလည်း ရံဖန်ရံခါ ခေါ်ကြပါသည်။

ကျွန်တော်တို့၏ ဝဘ်ဟိုစတင် ဝန်ဆောင်မှုအား ကျွန်ုပ်တို့ထံ ဆက်သွယ်မှာယူပါ