This post is also available in: English
- 1) SEO Services ဆိုတာဘာလဲ?
- 2) မြန်မာ့ ပထမဆုံး SEO ကုမ္ပဏီ
- 3) သင့် ဝဘ်ဆိုက်မှာ SEO လိုရဲ့လား?
- 4) SEO လုပ်ရင် ဘာတွေရမှာလဲ?
- 5) ကျနော်တို့ SEO ဝန်ဆောင်မှုရဲ့ အားသာချက်များ
- 5.1) Google အပြင် Bing, Yahoo တို့တွင်လည်း ရှာနိုင်စေရန် ပြုလုပ်ပေးခြင်း
- 5.2) SEO အပြင် website အမြန်နှုန်းပါ မြှင့်တင်ပေးခြင်း
- 5.3) Website အတွင်းရှိ စာသားများ လိုအပ်လျှင် ပြင်ဆင်ရေးသားပေးခြင်း
- 5.4) လူကြီးမင်း၏ website အား user များအသုံးပြုပုံကို လစဉ် report ပေးပြီး website အား ပြုပြင်ပြောင်းလဲသင့်သည်များကို အကြံပေးခြင်း၊ ပြောင်းလဲပေးခြင်း။
SEO Services ဆိုတာဘာလဲ?
ကိုယ့်ဝန်ဆောင်မှု၊ ထုတ်ကုန် နာမည်တွေနဲ့ ရှာလိုက်တဲ့အခါတိုင်းမှာ ကိုယ့်ဝဘ်ဆိုက်က Google မှာ တက်မနေဘဲ၊ ပြိုင်ဖက် website တွေသာ ပေါ်ပေါ်လာတာကို စိတ်အလိုမကျဖြစ်နေပါသလား? ဒါဆိုရင် SEO services က လူကြီးမင်းအတွက်ပါ။
SEO ဆိုတာ Search Engine Optimization ရဲ့ အတိုကောက်ဖြစ်ပြီး၊ ဒီဝန်ဆောင်မှုကို သုံးလိုက်တာနဲ့ လူကြီးမင်းရဲ့ website ကို သတ်မှတ်ထားတဲ့ စကားစုတွေနဲ့ Google မှာ ရှာနိုင်သွားမှာဖြစ်ပါတယ်။
မြန်မာ့ ပထမဆုံး SEO ကုမ္ပဏီ
ဟုတ်ပါတယ်၊ ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး SEO ကုမ္ပဏီ ဖြစ်ပါတယ်။ ၂၀၁၂ တုန်းက ရန်ကုန်မှာတင်မက မြန်မာ တစ်နိုင်ငံလုံးမှာပါ SEO အေဂျင်စီဆိုတာ မရှိသေးပါဘူး။ ကျနော်တို့ကတော့ အဲဒီအချိန် ကတည်းက SEO အလုပ်အပ်သူတွေ ကို ဝန်ဆောင်ပေးနေပြီ ဖြစ်ပါတယ်။
Search engine optimization ဆိုတာက ဒစ်ဂျစ်တယ် ကြော်ငြာ တွေရဲ့ ပင်မ လို့ပြောလို့ရပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ မြန်မာ့ ပထမဆုံး ဒစ်ဂျစ်တယ် ကြော်ငြာ ကုမ္ပဏီ ဆိုရင်လည်း မမှားပါဘူး။
သင့် ဝဘ်ဆိုက်မှာ SEO လိုရဲ့လား?
လူကြီးမင်း ဝဘ်ဆိုက်လုပ်ရတဲ့ ရည်ရွယ်ချက်က လုပ်ငန်းကို လူများများသိပြီး အလုပ်များများရဖို့လား? ဒါဆိုရင်တော့ SEO လုပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ဝဘ်ဆိုက်လုပ်ထားရုံနဲ့ အလိုလျောက် ရောင်းအား မတက်နိုင်ပါဘူး။ Google မှာ ကိုယ့်လုပ်ငန်းနဲ့ ဆိုင်တဲ့စကားလုံးတွေနဲ့ ရှာတိုင်းတက်မှ ရောင်းအားတက်မှာပါ။
ကျနော်တို့ဟာ မြန်မာ့ ပထမဆုံးနဲ့ အကောင်းဆုံး SEO company ဖြစ်တဲ့အတွက် အချိန်တိုအတွင်း Google search ရဲ့ ပထမ စာမျက်နှာမှာ ပေါ်လာဖို့ အာမခံနဲ့ လုပ်ဆောင်ပေးနေပါတယ်။
SEO လုပ်ရင် ဘာတွေရမှာလဲ?
မိမိလုပ်ငန်းအကြောင်း ရှာဖွေနေသူစုစုပေါင်းကို သိရှိနိုင်ခြင်း
အခုခေတ်မှာ website တွေများလာတဲ့အတွက် အရင်ခေတ်ကလို website လိပ်စာတွေမှတ်ပြီး ဝင်ကြည့်တဲ့သူ မရှိတော့ပါဘူး။ ဘာပဲလိုလို Search Engine တွေကနေတစ်ဆင့် ရှာကြပါတယ်။ လူကြီးမင်းပေးတဲ့ ဝန်ဆောင်မှု (သို့) ထုတ်ကုန်တွေနဲ့ပတ်သတ်ပြီး လစဉ်ရှာဖွေနေသူ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ ကျနော်တို့ MWD က ပြောပြပေးနိုင်ပါတယ်။
ပုံမှန်ကြော်ငြာနည်းများထက် များစွာထိရောက်ခြင်း
ပုံမှန်ကြော်ငြာနည်းတွေက ကြော်ငြာပြီးတဲ့နောက် ဘာမှပြန်မသိနိုင်ပါဘူး။ SEO ကတော့ ကိုယ်ပေးတဲ့ဝန်ဆောင်မှု (သို့) ထုတ်ကုန်ကို ရှာလိုက်တဲ့အခါတိုင်းမှာ ကိုယ့် website က ပေါ်လာမှာဖြစ်လို့ ထိရောက်မှုအတိုင်းအတာ မြင့်ပါတယ်။ SEO လုပ်ပြီးတဲ့နောက်မှာလည်း လာကြည့်သူတွေရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ မိမိ website ပေါ်မှာ ဘယ်လိုသုံးသွားတာကအစ စောင့်ကြည့်နိုင်ပါတယ်။
လူကြည့်နှုန်းပေါ်လိုက်၍ ဈေးနှုန်းပြောင်းလဲမှု မရှိခြင်း
Facebook နဲ့ Google PPC (Pay Per Click) ကြော်ငြာအမျိုးအစားတွေက နှိပ်ကြည့်သူအနည်းအများပေါ်မူတည်ပြီး ကုန်ကျစရိတ် ပြောင်းလဲနိုင်ပေမယ့် SEO ကတော့ဝင်ကြည့်သူ ဘယ်လောက်များများ ကုန်ကျစရိတ် ထပ်မကုန်ပါဘူး။

ကျနော်တို့ SEO ဝန်ဆောင်မှုရဲ့ အားသာချက်များ
Google အပြင် Bing, Yahoo တို့တွင်လည်း ရှာနိုင်စေရန် ပြုလုပ်ပေးခြင်း
Google သည် လူသုံးအများဆုံး ဖြစ်သော်လည်း နိုင်ငံဒေသအလိုက် Bing နှင့် Yahoo ကိုလည်း သုံးကြပါသည်။ ထို့ကြောင့် ၎င်းတို့မှတစ်ဆင့်လည်း ရှာနိုင်ရန် အရေးကြီးပါတယ်။ MWD မှာတော့ ဒီ Search Engine တွေအားလုံးမှာ ရှာနိုင်အောင် ပြုလုပ်ပေးမှာဖြစ်လို့ အထူးစိတ်ပူစရာ မရှိပါဘူး။
SEO အပြင် website အမြန်နှုန်းပါ မြှင့်တင်ပေးခြင်း
SEO ကြောင့် Google မှာတက်နေပေမယ့် တစ်ကယ်တမ်း website ကိုဝင်ကြည့်တဲ့အခါ website ပေါ်တာနှေးနေမယ်ဆို ဘယ်သူမှ စိတ်ရှည်ရှည် စောင့်နေကြမှာမဟုတ်ပါဘူး။ ဒါဆို SEO လုပ်တာလည်း ထိရောက်မှု မရှိနိုင်တော့ပါဘူး။ ဒါကြောင့် ကျနော်တို့ MWD က SEO လုပ်တာနဲ့ website ကိုလည်းမြန်အောင် ပြုလုပ်ပေးပါတယ်။
စစ်တမ်းတွေအရ ဝဘ်ဆိုက်နှေးလို့ ဖောက်သည်ဆုံးရှုံးရတဲ့ သက်သေတွေ ရှိပါတယ်။
Website အတွင်းရှိ စာသားများ လိုအပ်လျှင် ပြင်ဆင်ရေးသားပေးခြင်း
လူကြီးမင်း၏ website အား user များအသုံးပြုပုံကို လစဉ် report ပေးပြီး website အား ပြုပြင်ပြောင်းလဲသင့်သည်များကို အကြံပေးခြင်း၊ ပြောင်းလဲပေးခြင်း။
