This post is also available in: English
Website ဆိုတာ ဝန်ထမ်းမလိုဘဲ ဝင်ငွေရနိုင်တဲ့ ဆိုင်ခွဲတစ်ခုပါ
မှန်ပါတယ်! Website ဆိုတာ အင်တာနက်ပေါ်က ဆိုင်ခွဲတစ်ခုပါ။ သူ့ရဲ့ ထူးခြားချက်ကတော့ ဝန်ထမ်းတွေခန့်စရာမလိုဘဲ ဝင်ငွေရှာလို့ရတာဖြစ်ပါတယ်။
ဒါပေမယ့် Website တိုင်းတော့ မရှာနိုင်ပါဘူး။ အောက်ပါအချက်တွေနဲ့ ပြည့်စုံတဲ့ Website ကောင်း တွေကသာ ရှာနိုင်တာဖြစ်ပါတယ်။
Website ကောင်းတစ်ခုဆိုတာ
- Google မှာ အလွယ်တကူရှာဖွေနိုင်ရပါမယ်
- ပေါ့ပါး၊ မြန်ဆန်ရပါမယ်
- Visitor တွေကို Customer တွေအဖြစ် ပြောင်းလဲပေးနိုင်ရပါမယ်
Google မှာ အလွယ်တကူရှာဖွေနိုင်ရမယ်
Website လိပ်စာနဲ့ရှာမှ၊ လုပ်ငန်းနာမည်နဲ့ရှာမှ Google မှာရှာတွေ့မယ်ဆိုရင် Customer ရနိုင်မှာမဟုတ်ပါဘူး။ ဘာနဲ့မှရှာလို့မရရင် ပိုတောင်ဆိုးပါသေးတယ်။
Customer များများရဖို့ လူကြီးမင်းပေးတဲ့ဝန်ဆောင်မှုတွေ၊ ရောင်းတဲ့ထုတ်ကုန်တွေရဲ့ နာမည်တွေနဲ့ ရှာလိုက်တဲ့အခါတိုင်းမှာ လူကြီးမင်းရဲ့ website က ပေါ်နေရပါမယ်။
ကျနော်တို့ MWD မှာတော့ Website ပြီးပြီဆိုတာနဲ့ Google မှာ လုပ်ငန်းနာမည်နဲ့ရှာရင် ပေါ်လာဖို့ကို အခမဲ့ လုပ်ဆောင်ပေးပါတယ်။ လုပ်ငန်းနဲ့ပတ်သတ်တဲ့ စကားလုံးတွေနဲ့ တက်ချင်တဲ့အခါမှာတော့ အထူး SEO ဝန်ဆောင်မှု ကို သီးသန့်အနေနဲ့ ဝန်ဆောင်ပေးပါတယ်။
SEO (Search Engine Optimization) ဆိုတာ Google တို့ Microsoft Bing တို့မှာရှာတိုင်း လူကြီးမင်းရဲ့ ဝဘ်ဆိုက်ကို ပေါ်လာစေမယ့် ဝန်ဆောင်မှုဖြစ်ပါတယ်။ Google ကိုပိုက်ဆံပေးပြီးကြော်ငြာရတဲ့ Google ကြော်ငြာ နဲ့ မတူပါဘူး။
ပေါ့ပါး၊ မြန်ဆန်ရမယ်
visitor ၉၀% ကျော်က နှေးကွေးတဲ့ website တွေကိုစောင့်ဆိုင်းခြင်း မရှိဘဲထွက်သွားလေ့ရှိကြပါတယ်။ စစ်တမ်းတွေအရ 30% ကျော်က ၃ စက္ကန့်ကြာတဲ့ ဝဘ်ဆိုက်တွေဆို မကြည့်ဖြစ်တော့ဘဲ ပိတ်ပြစ်လိုက်ကြပါတယ်။
လူကြီးမင်း ဝဘ်ဆိုက်က ဂူဂဲလ်မှာ ရှာတိုင်းတက်ပေမယ့်၊ ဝဘ်ဆိုက်ပေါ်လာဖို့ ၃ စက္ကန့်ထက်ပိုစောင့်နေရပြီဆို သဲထဲရေသွန်သလို ဖြစ်နေပါပြီ။
ပေါ့ပါး၊ မြန်ဆန်တဲ့ website တစ်ခုကသာ စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်းလို ဝင်လာသမျှ visitor တိုင်််််းကို စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်ပြီး customer ဖြစ်လာစေမှာပါ။
Visitor တွေကို Customer တွေအဖြစ် ပြောင်းလဲပေးနိုင်ရပါမယ်
Google မှာအလွယ်တကူရှာနိုင်လို့ visitors တွေရလာပေမယ့် အဲဒီ visitor တိုင်းကတော့ customer ဖြစ်မလာနိုင်ပါဘူး။

Visitor ကနေ Customer ဖြစ်လာပုံ (Sale Funnel)
Visitor ကနေ customer ဖြစ်လာနိုင်ခြေ အနည်းအများကလဲ website ရေးဆွဲသူရဲ့ နားလည်တတ်ကျွမ်းမှုနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်း ဝဘ်ဆိုက်ကို တွေ့ရာကုမ္ပဏီနဲ့ မအပ်သင့်ပါဘူး။
ကျနော်တို့ မြန်မာ ဝဘ် ဒီဇိုင်နာ ကုမ္ပဏီက ဝဘ်ဆိုက်ပေါင်း (၁၀၀၀) ကျော်ကို ဝဘ်ဆိုက်အပ်ခဲ့သူများအတွက် ရေးဆွဲပေးပြီးပြီဖြစ်လို့ visitor ကနေ customer ဖြစ်အောင် ဘယ်လိုရေးဆွဲရမယ်ဆိုတာ ကောင်းကောင်း သိထားပါတယ်။
လူကြီးမင်းရဲ့ website မှာ visitor ရှိပြီး inquiry နည်းနေမယ်ဆိုရင်တော့ အခုပဲ ကျနော်တို့နဲ့ အခမဲ့တိုင်ပင်ဆွေးနွေးဖို့ ဆက်သွယ်လိုက်ပါ။
မြန်မာ ဝဘ် ဒီဇိုင်နာက ဝဘ်ဆိုက် ဝန်ဆောင်မှုကို ဘယ်လိုပေးလဲ?
ဒါတွေအားလုံးဟာ Website ကတစ်ဆင့် ဝင်ငွေရနိုင်ဖို့ အရေးပါတဲ့အချက် တစ်ချို့သာ ဖြစ်ပါတယ်။
ကျနော်တို့ Myanmar Web Designer မှာ အလုပ်အပ်သူတိုင်း အောင်မြင်စေဖို့၊ (၁၀) နှစ်ကျော် website development နဲ့ အင်တာနက် ကြော်ငြာ အတွေ့အကြုံတို့ကို အသုံးချပြီးတော့ ဒီအချက်တွေကို မဖြစ်မနေပါဝင်အောင် ရေးဆွဲပေးပါတယ်။
website အကြောင်းမသိတောင်မှ website ကောင်းတစ်ခုရဖို့ စိတ်ချထားနိုင်
ကျနော်တို့ မြန်မာ ဝဘ် ဒီဇိုင်နာမှာ အရည်အသွေးနဲ့ ပတ်သတ်ရင် အကဲဆတ်ပါတယ်။
ဒါကြောင့်မို့လို့ အလုပ်အပ်သူက စိတ်တိုင်းကျပြီးတဲ့နောက်
- Website Quality Control (QC) အချက် ၂၀ ကျော် နဲ့ တိုက်ဆိုင်စစ်ဆေးပြီး website ကောင်းတစ်ခုဖြစ်ဖို့ သေချာအောင် လုပ်ဆောင်ခြင်း၊
- ဝဘ်ဆိုက် လုံခြုံရေး လုပ်ဆောင်ချက်များ ထည့်သွင်းခြင်း
- Google မှာ ရှာတွေ့နိုင်စေရန် ပြုလုပ်ခြင်း
စသည်တို့ကို ဆက်လက် လုပ်ဆောင်ပါတယ်။
ဒါကြောင့်မို့လို့ ကျနော်တို့ မြန်မာ ဝဘ် ဒီဇိုင်နာမှာ website အပ်မယ်ဆိုရင် website အကြောင်းမသိတောင်မှ website ကောင်းတစ်ခုရဖို့ စိတ်ချထားနိုင်ပါတယ်။
ဈေးနှုန်းနှင့် ဆက်သွယ်ရန်
လူကြီးမင်း၏ website အသစ်အတွက်သော်လည်းကောင်း၊ လက်ရှိ Website အတွက်သော်လည်းကောင်း အထူးအကြံပေးချက်များ ရယူပြီး၊ လုပ်ငန်းအတွက် တစ်ကယ်အထောက်အကူဖြစ်တဲ့ website တစ်ခုတည်ဆောက်ဖို့ ကျနော်တို့ မြန်မာ ဝဘ် ဒီဇိုင်နာ ကို အခုပဲ ဆက်သွယ်လိုက်ပါ။ ကျနော်တို့ရဲ့ Website ဈေးနှုန်းများ ကိုလည်း လေ့လာနိုင်ပါတယ်။