Myanmar Web Designer Logo Let's code your dream!

Facebook ကြော်ငြာ

Facebook ကြော်ငြာဝန်ဆောင်မှု

Facebook page ကတော့ ကိုယ့်လုပ်ငန်းကို လူအများတွေနဲ့ ချိတ်ဆက်မိအောင် လုပ်ဆောင်ပေးပြီး Facebook ကြော်ငြာကတော့ မိမိထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ရှာနေတဲ့လူတွေကို ကိုယ့်ဆီရောက်အောင် လုပ်ပေးတာပါ။

လုပ်ငန်းသေးသေး ကြီးကြီး Facebook မှတစ်ဆင့် ကြော်ငြာပြီး လူပေါင်းများစွာဆီကို ကိုယ့်လုပ်ငန်း အကြောင်း သိလာအောင် လုပ်လို့ရပါတယ်။

MWD က Facebook နဲ့ပါတ်သတ်ပြီး ဘယ်လိုဝန်ဆောင်မှုပေးနေတာလဲ?

  • MWD မှ အလုပ်အပ်သူတို့ရဲ့ Facebook page ကို အစအဆုံး Manage လုပ်ပေးခြင်း
  • လူကြီးမင်းတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုကို ပိုမို စိတ်ဝင်စားလာအောင် လိုအပ်သော စာများရေးသားပေးပြီး ပုံမှန် Post များတင်ပေးခြင်း
  • ဆွဲဆောင်မှု ရှိသည့် Design ပုံများဆွဲပေးခြင်း
  • Page Like များတိုးလာအောင် လုပ်ပေးခြင်း
  • လူကြီးမင်းတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုကို လူများများဆီသို့ ရောက်အောင် ကြော်ငြာပေးခြင်း
  • Facebook page မှ ရရှိလာသော ကွန်မန့် နှင့် မက်ဆေ့များကို ဖြေကြားပေးခြင်း
  • မလိုအပ်သော ကွန်မန့်များ၊ Spam များကို ဖျက်ပေးခြင်း
  • Instagram မှာကြော်ငြာပေးခြင်း
  • ကြော်ငြာအမျိုးမျိုး Setup and management လုပ်ပေးခြင်း ( Messenger, Video, Post, Carousel, Product ,…)
fb ads

Facebook မှာ ကြော်ငြာဖို့ အင်မတန်လွယ်ကူပါတယ်။ ဒါပေမယ့် ထိရောက်ပြီး ကိုယ်သုံးလိုက်တဲ့ ငွေကြေးပမာဏအတွက် ကြော်ငြာ setup လုပ်တတ်ရုံ နဲ့ အကျိုးအမြတ်ပြန်ရအောင်တော့ လုပ်ဖို့မလွယ်ကူလှပါဘူး။ “Facebook က ပိုက်ဆံတော့ ဖြတ်သွားတယ် ဘာမှမသိလိုက်ဘူး ဘာမှမရလိုက်ဘူး” ဆိုပြီး တစ်ချို့ customer တွေ ပြန်ပြောတာတွေ ကြုံဖူးပါတယ်။

MWD မှာဆိုရင် လူကြီးမင်းတို့ရဲ့ Page ကို ကိုယ်တိုင်ကိုင်တွယ်စရာမလိုပဲ Page အတွက်လိုအပ်သည်များကို သေချာစီစဉ်ပေးပြီး Post တင်ရာတွင်လဲ ကျွမ်းကျင်သော Content Writer နှင့် Graphic Designer မှ Customer စိတ်တိုင်းကျသည်အထိဆောင်ရွက်ပေးခြင်း၊ Message များဖြေရှင်းပေးခြင်း၊ မကောင်းသော Comment များအား ဖျက်ပေးခြင်း၊ စုံစမ်းထားသော Comment များဖြေပေးခြင်း အစရှိသဖြင့် လူကြီးမင်းတို့၏ Page ကို လှည့်ကြည့်စရာမလိုအောင် Maintenance ပြုလုပ်ပေးပါသည်။ လူကြီးမင်းတို့၏ Page ကို Post တင် Comment ဖြေ Message ပို့ဖို့အတွက် ဝန်ထမ်းကို လစာပေးပြီး ခန့်ထားမလား? Page ကိုင်တွယ်ရမှာ ကျွမ်းကျင်ပြီး စနစ်တကျဆောင်ရွက်ပေးတဲ့ MWD မှာပဲ အပ်မလား? MWD မှာပဲ အပ်မယ်ဆိုရင်တော့ လူကြီးမင်းတို့အမြဲ စိတ်ချမ်းသာနေရမှာပါ။ ဒါ့အပြင် MWD မှ Facebook ရဲ့ Guidelines တွေအတိုင်း လုပ်ပေးတာဖြစ်တဲ့အတွက် လူကြီးမင်းတို့ရဲ့ page တစ်ခုခုဖြစ်မှာလဲ စိုးရိမ်စရာမလိုပါဘူး။