Myanmar Web Designer Logo Let's code your dream!

အလုပ်အကိုင်

အလုပ်ခေါ်ယူခြင်း (Job Vacancy)

Customer Service Representative – Full Time (Work From Home)

အလုပ်လုပ်ရမည့်နေရာ: အိမ်မှအလုပ်လုပ်နိုင်သည် (100% Work From Home)
အလုပ်ချိန်: တနင်္လာနေ့မှ သောကြာနေ့အထိ
အလုပ်ချိန်: မနက် ၉:၀၀ မှ ညနေ ၆:၀၀ အထိ
အလုပ်ပိတ်ရက်: Saturday , Sunday and Public Holidays

အလုပ်တာဝန်များ (Job Responsibilities)

  • Customer များ၏ မေးမြန်းမှုများကို ဖုန်း၊ Viber, Facebook Messenger, Email စသည့် Online Channel များမှတစ်ဆင့် ပြန်လည်ဖြေကြားပေးရန်။
  • ကုမ္ပဏီ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အချက်အလက်များကို Customer များအား ရှင်းလင်းပြောပြပေးရန်။
  • Customer များထံ Follow-up ပြုလုပ်ပြီး လိုအပ်ချက်များကို အဆင်ပြေစွာ ဖြေရှင်းပေးရန်။
  • လိုအပ်ပါက သက်ဆိုင်ရာ Team များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်။
  • Customer အချက်အလက်များနှင့် လုပ်ငန်းဆိုင်ရာ မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းရန်။
  • နေ့စဉ် လုပ်ငန်းဆောင်ရွက်မှုများကို Report ပြုလုပ်ရန်။

လိုအပ်သော အရည်အချင်းများ (Qualifications)

  • ဆက်ဆံရေးကောင်းမွန်ပြီး Customer များနှင့် စိတ်ရှည်စွာ ပြောဆိုဆက်ဆံနိုင်သူ။
  • Computer နှင့် Internet အသုံးပြုနိုင်သူ။
  • Gmail နှင့် Online Communication Tools များကို အခြေခံအသုံးပြုနိုင်သူ။
  • အနီးကပ်ကြီးကြပ်မှုမလိုဘဲ ကိုယ်တိုင်တာဝန်ယူပြီး အလုပ်လုပ်နိုင်သူ။
  • တာဝန်ယူမှုရှိပြီး အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်သူ။
  • Customer Service အတွေ့အကြုံရှိသူ ဦးစားပေးမည်။ အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်သည်။
  • အတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်၍ လစာညှိနှိုင်းပေးမည်။

Full Time Work from home ဖြစ်တဲ့အတွက် ကိုယ်ပိုင် laptop ရှိပြီး အင်တာနက် အဆင်ပြေ သူဖြစ်ရမှာ ဖြစ်ပြီး ရုံးချိန်အတွင်း response မြန်နိုင်တဲ့သူဖြစ်ဖို့ လိုပါတယ်။

လျှောက်ထားရန် (How to Apply)

စိတ်ဝင်စားသူများသည် မိမိ၏ CV / Resume နှင့် မျှော်မှန်းလစာကို ဖော်ပြ၍ အောက်ပါ Email မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

Email = [email protected]

+၉၅ ၉ ၉၇၂ ၅၀၀ ၃၅၃