SEO Services ဆိုတာဘာလဲ?
ကိုယ့်ဝန်ဆောင်မှု၊ ထုတ်ကုန် နာမည်တွေနဲ့ ရှာလိုက်တဲ့အခါတိုင်းမှာ ကိုယ့်ဝဘ်ဆိုက်က Google မှာ တက်မနေဘဲ၊ ပြိုင်ဖက် website တွေသာ ပေါ်ပေါ်လာတာကို စိတ်အလိုမကျဖြစ်နေပါသလား? ဒါဆိုရင် SEO services က လူကြီးမင်းအတွက်ပါ။
SEO ဆိုတာ Search Engine Optimization ရဲ့ အတိုကောက်ဖြစ်ပြီး၊ ဒီဝန်ဆောင်မှုကို သုံးလိုက်တာနဲ့ လူကြီးမင်းရဲ့ website ကို သတ်မှတ်ထားတဲ့ စကားစုတွေနဲ့ Google မှာ ရှာနိုင်သွားမှာဖြစ်ပါတယ်။
မြန်မာ့ ပထမဆုံး SEO ကုမ္ပဏီ
ဟုတ်ပါတယ်၊ ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး SEO ကုမ္ပဏီ ဖြစ်ပါတယ်။ ၂၀၁၂ တုန်းက ရန်ကုန်မှာတင်မက မြန်မာ တစ်နိုင်ငံလုံးမှာပါ SEO အေဂျင်စီဆိုတာ မရှိသေးပါဘူး။ ကျနော်တို့ကတော့ အဲဒီအချိန် ကတည်းက SEO အလုပ်အပ်သူတွေ ကို ဝန်ဆောင်ပေးနေပြီ ဖြစ်ပါတယ်။
Search engine optimization ဆိုတာက ဒစ်ဂျစ်တယ် ကြော်ငြာ တွေရဲ့ ပင်မ လို့ပြောလို့ရပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ မြန်မာ့ ပထမဆုံး ဒစ်ဂျစ်တယ် ကြော်ငြာ ကုမ္ပဏီ ဆိုရင်လည်း မမှားပါဘူး။
ဒါ့အပြင် ကျနော်တို့ရဲ့ SEO ဝန်ဆောင်မှုများကို ပိုမိုခိုင်မာစေဖို့နဲ့ မြန်မာလူမျိုးများ ထိုင်းနိုင်ငံအထိ လုပ်ငန်းချဲ့ထွင်နိုင်ဖို့အတွက် ကျနော်တို့ကိုယ်တိုင် နာမည်ကြီး ဘန်ကောက် SEO ကုမ္ပဏီ နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ထိုင်းနိုင်ငံကို လုပ်ငန်းချဲ့ထွင်လိုတယ်ဆိုရင် ကျနော်တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။

သင့် ဝဘ်ဆိုက်မှာ SEO လိုရဲ့လား?
လူကြီးမင်း ဝဘ်ဆိုက်လုပ်ရတဲ့ ရည်ရွယ်ချက်က လုပ်ငန်းကို လူများများသိပြီး အလုပ်များများရဖို့လား? ဒါဆိုရင်တော့ SEO လုပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ဝဘ်ဆိုက်လုပ်ထားရုံနဲ့ အလိုလျောက် ရောင်းအား မတက်နိုင်ပါဘူး။ Google မှာ ကိုယ့်လုပ်ငန်းနဲ့ ဆိုင်တဲ့စကားလုံးတွေနဲ့ ရှာတိုင်းတက်မှ ရောင်းအားတက်မှာပါ။
ကျနော်တို့ဟာ မြန်မာ့ ပထမဆုံးနဲ့ အကောင်းဆုံး SEO company ဖြစ်တဲ့အတွက် အချိန်တိုအတွင်း Google search ရဲ့ ပထမ စာမျက်နှာမှာ ပေါ်လာဖို့ အာမခံနဲ့ လုပ်ဆောင်ပေးနေပါတယ်။
ဝက်ဘ်ဆိုဒ်တခု လုပ်ထားတယ်ဆိုတာ ကိုယ့်ရဲ့ လုပ်ငန်းကို ကြည့်ရှုသူတွေ ဝင်ရောက်ကြည့်ရှုနိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်ဘ်ဆိုဒ်တိုင်းက Search Engine Optimization လိုအပ်ပါတယ်။ ကျွန်ုပ်တို့ဟာ မြန်မာနိုင်ငံမှာ နံပါတ် ၁ SEO ကုမ္ပဏီဖြစ်တာနဲ့အညီ လူကြီးမင်းရဲ့ ဝက်ဘ်ဆိုဒ်ကို ဂူးဂဲလ်ရဲ့ စာမျက်နှာ ထိပ်ဆုံးနေရာတွေမှာ ရောက်ရှိပြီး ကြည့်ရှုသူတွေအများကြီး ရရှိစေဖို့နဲ့ ရောင်းအားတက်စေဖို့ အာမခံပါတယ်။
မြန်မာနိုင်ငံရဲ့ SEO နယ်ပယ်ဟာ တနေ့ထက်တနေ့ လိုအပ်သူ များပြားလာတဲ့ နယ်ပယ်ဖြစ်လာပါတယ်။ အခုခေတ်မှာ အင်တာနက်အသုံးပြုသူတွေဟာ ဝက်ဘ်ဆိုဒ်လိပ်စာ (URL လင့်ခ်) တွေကို အတိအကျ မမှတ်မိတတ်ကြပါဘူး။ အကယ်၍ သူတို့က တခုခုကို သိချင်တယ်ဆိုရင် Google, Yahoo, Bing စတဲ့ Search Engine တွေမှာ Keyword တချို့ကို ရိုက်ထည့်ပြီး ရှာလေ့ရှိကြပါတယ်။ ဒါက လူကြီးမင်းရဲ့ဝက်ဘ်ဆိုဒ်ကို Search Engine ရှာဖွေမှုတွေမှာ ထိပ်ဆုံးပိုင်းထဲ ရောက်နေသင့်တဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။
ထိပ်ဆုံးပိုင်းမှာ ရောက်ရှိနေဖို့ဆိုရင် Search Engine Optimization (SEO) ကို ပြုလုပ်ထားသင့်ပါတယ်။ အကယ်၍ လူကြီးမင်းအနေနဲ့ SEO နဲ့ မရင်းနှီးဘူး၊ SEO အကြောင်း မသိဘူးဆိုရင် ကျွန်ုပ်တို့ရဲ့ အခမဲ့ ဝက်ဘ်ဆိုဒ်ဗဟုသုတအပိုင်းမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

မှတ်ချက်။ ။ ကျွန်ုပ်တို့အနေနဲ့ လုပ်ငန်းရှင်တွေကို Standard SEO ဝန်ဆောင်မှု ပြုလုပ်ပေးနေပေမယ့် အကယ်၍ လူကြီးမင်းဆီမှာ ကိုယ်လိုချင်တဲ့ Keywords အတိအကျရှိတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ Basic SEO ဝန်ဆောင်မှုနဲ့ လုံလောက်မှာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ လူကြီးမင်းအနေနဲ့ Advanced SEO ဝန်ဆောင်မှုကို လိုအပ်ပါလိမ့်မယ်။
Search Engine Optimization ဆိုတာ Google, Yahoo, Bing အစရှိတဲ့ Search Engine တွေမှာ ကိုယ့်ရဲ့ ဝက်ဘ်ဆိုဒ်ကို ဝင်ကြည့်သူ ပိုများများရစေဖို့အတွက် ပြုလုပ်ရတဲ့ ဆန်းသစ်မြင့်မားတဲ့ နည်းပညာလုပ်ငန်းစဉ် ဖြစ်ပါတယ်။ SEO ဟာ အဆင့်မြင့်မြင့်မှာ ရပ်တည်နိုင်စေဖို့ စကေးသုံးရတဲ့ အလုပ်တခုပါ။ ကုန်ကျငွေဟာလည်း လူကြီးမင်းတို့ ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ကြည့်ရှုမှုနှူန်းပေါ် မမူတည်ပါဘူး။ ဒါကြောင့် လူကြီးမင်းဆို့ ဝက်ဘ်ဆိုဒ်ဟာ ကြည့်ရှုနှုန်း မြင့်တက်သွားမယ်ဆိုရင်တောင် ကုန်ကျငွေကတော့ တသမတ်တည်း ဖြစ်ပါတယ်။ SEO ဝန်ဆောင်မှု အကြောင်းကို ထပ်မံသိရှိလိုရင် ဒီနေ့ပဲ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
SEO လုပ်ရင် ဘာတွေရမှာလဲ?
မိမိလုပ်ငန်းအကြောင်း ရှာဖွေနေသူစုစုပေါင်းကို သိရှိနိုင်ခြင်း
အခုခေတ်မှာ website တွေများလာတဲ့အတွက် အရင်ခေတ်ကလို website လိပ်စာတွေမှတ်ပြီး ဝင်ကြည့်တဲ့သူ မရှိတော့ပါဘူး။ ဘာပဲလိုလို Search Engine တွေကနေတစ်ဆင့် ရှာကြပါတယ်။ လူကြီးမင်းပေးတဲ့ ဝန်ဆောင်မှု (သို့) ထုတ်ကုန်တွေနဲ့ပတ်သတ်ပြီး လစဉ်ရှာဖွေနေသူ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ ကျနော်တို့ MWD က ပြောပြပေးနိုင်ပါတယ်။
ပုံမှန်ကြော်ငြာနည်းများထက် များစွာထိရောက်ခြင်း
ပုံမှန်ကြော်ငြာနည်းတွေက ကြော်ငြာပြီးတဲ့နောက် ဘာမှပြန်မသိနိုင်ပါဘူး။ SEO ကတော့ ကိုယ်ပေးတဲ့ဝန်ဆောင်မှု (သို့) ထုတ်ကုန်ကို ရှာလိုက်တဲ့အခါတိုင်းမှာ ကိုယ့် website က ပေါ်လာမှာဖြစ်လို့ ထိရောက်မှုအတိုင်းအတာ မြင့်ပါတယ်။ SEO လုပ်ပြီးတဲ့နောက်မှာလည်း လာကြည့်သူတွေရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ မိမိ website ပေါ်မှာ ဘယ်လိုသုံးသွားတာကအစ စောင့်ကြည့်နိုင်ပါတယ်။
လူကြည့်နှုန်းပေါ်လိုက်၍ ဈေးနှုန်းပြောင်းလဲမှု မရှိခြင်း
Facebook နဲ့ Google PPC (Pay Per Click) ကြော်ငြာအမျိုးအစားတွေက နှိပ်ကြည့်သူအနည်းအများပေါ်မူတည်ပြီး ကုန်ကျစရိတ် ပြောင်းလဲနိုင်ပေမယ့် SEO ကတော့ဝင်ကြည့်သူ ဘယ်လောက်များများ ကုန်ကျစရိတ် ထပ်မကုန်ပါဘူး။
ကျွန်ုပ်တို့ရဲ့ SEO အားသာချက်များ
အားသာချက်ဆိုတာ တခြားလုပ်ငန်းတွေနဲ့ မတူညီကွဲပြားတဲ့ ဝန်ဆောင်မှုကောင်းတွေ ရှိတာကို ဆိုလိုတာပါ။ ကျွန်ုပ်တို့မှာ အဲဒီလို အားသာချက်တွေ အများကြီး ရှိပါတယ်။
(၁) ကျွန်ုပ်တို့ဟာ Google တခုတည်းကိုပဲ အာရုံစိုက်တာ မဟုတ်ဘဲ Google, Yahoo, Bing တို့ကို အဓိကအာရုံစိုက်ပါတယ်။
Google ဟာ လူသုံးအများဆုံး Search Engine ဆိုပေမယ့် Yahoo နဲ့ Microsoft ရဲ့ Search engine ဖြစ်တဲ့ Bing တို့ဟာလည်း ယုံကြည်စိတ်ချရတဲ့ Search Engine တွေပါ။ သူတို့ရဲ့ လူသုံးများမှုကတော့ နေရာဒေသအပေါ် မူတည်ပါတယ်။ ဒါကြောင့် လူကြီးမင်းရဲ့ ဝက်ဘ်ဆိုဒ်ကို အဲဒီနေရာဒေသတွေမှာပါ ထိပ်ပိုင်းအဆင့်ထဲ တည်ရှိစေနိုင်ဖို့ အရေးကြီးပါတယ်။ အဆင့်ကောင်းလေလေ ကြည့်ရှုသူ ပိုများလေလေပါပဲ။ ပြီးတော့ ဒီကြည့်ရှုမှုတွေကနေ ရောင်းအားအဖြစ် ပြောင်းလဲနိုင်ပါတယ်။
(၂) ကျွန်ုပ်တို့ရဲ့ ဝက်ဘ်ဆိုဒ် Optimization က အလွန် အားကောင်းပါတယ်။
Google ဟာ မြန်ဆန်တဲ့ ဝက်ဘ်ဆိုဒ်တွေကို Google ကနေရှာလိုက်ရင် ပထမဆုံးစာမျက်နှာ ရဲ့ ထိပ်ဆုံးနေရာပေးတတ်ပါတယ်။ ဘာလို့လဲဆိုရင် Google ဟာ ဒေါင်းလုတ်အရမ်းနှေးတဲ့ ဝက်ဘ်ဆိုဒ်တွေကို မကြိုက်လို့ပါ။ တခြား Search Engine တွေလည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် Google ပထမဆုံးစာမျက်နှာမှာ တက်ဖို့အတွက် ဝက်ဘ်ဆိုဒ် Optimization လုပ်သင့်ပါတယ်။ ကျွန်ုပ်တို့ဟာ လူကြီးမင်းတို့ရဲဘ ဝက်ဘ်ဆိုဒ်တွေကို Google က သတ်မှတ်ထားတဲ့ Page Speed လိုအပ်ချက်တွေ၊ Yahoo ရဲ့ Yslow သတ်မှတ်ချက်တွေကို ကိုက်ညီအောင် ချိန်ညှိ ဆောင်ရွက်ပေးပါတယ်။ ကျွန်ုပ်တို့ရဲ့ ချိန်ညှိမှု လုပ်ငန်းစဉ်ဟာ Google နဲ့ Yahoo တို့ရဲ့ အမြန်နှုန်း စစ်ဆေးမှုတွေမှာ “Grade A” ရဖို့ လုံလောက်တဲ့အထိ အားကောင်းပါတယ်။ ကျွန်ုပ်တို့ ချိန်ညှိမှု ပြုလုပ်ပြီးရင်တော့ လူကြီးမင်းရဲ့ ဝက်ဘ်ဆိုဒ်ဟာ သိသိသာသာ မြန်ဆန်လာမှာပါ။