Myanmar Web Designer Logo Let's code your dream!

This post is also available in: မြန်မာဘာသာ

Google Analytics ဆိုတာ Website တွေရဲ့ Performance တွေကို စောင့်ကြည့်ပြီး လိုအပ်တာတွေကို ဖြည့်ဖို့ ၊ ကောင်းတာတွေကို ပို Strong အောင်လုပ်ဖို့ အရမ်းကို Powerful ဖြစ်တဲ့ Free Tool တစ်ခုဖြစ်ပါတယ် ။ Website ရှိသူတိုင်းသုံးစွဲသင့်ပြီး Website Traffic ဘယ်လောက်ရှိလဲ ၊ Traffic ဘယ်ကလာလဲ၊ Conversions တွေကောဘယ်လောက်ရနေပြီလဲ ဆိုတာတွေကို အမိုက်စား Data Report တွေအဖြစ် ပြသပေးပါတယ် ။

၁။ Real Time

လက်ရှိ Website မှာ ဖြစ်နေတာတွေကို Live ပြသပေးတာဖြစ်ပါတယ် ။ Active User 2 ယောက်ရှိတယ် ။ Social Media ကနေ ဝင်လာတာ။ Location က မြန်မာပြည်က ။ Website ရဲ့ About Article ကိုဖတ်နေတယ် ။ အခု Gallery ကိုကြည့်နေပြီ စသဖြင့် တပြေးညီ သိရှိနိုင်ပါတယ် ။

၂။ Audience

Users, New Users, Gender, Age , သူတို့ ဘယ်နိုင်ငံတွေကလည်း ၊ Session( ဝင်ကြည့်မှု) , Session Duration ( ဝင်ကြည့်လိုက်တဲ့ အချိန်) , Pageviews( Site အတွင်းက စာမျက်နှာတွေကို ကြည့်သွားတဲ့ အကြိမ်အရေအတွက်) , Pages/Session ( 1 Session အတွင်း ကြည့်သွားတဲ့ Page အရေအတွက် (သို့)Site ကိုအချိန်ပျမ်းမျှ ဘယ်လောက်ကြာကြာကြည့်သွားလဲ ) ဆိုတာတွေကို သိနိုင်ပါတယ် ။

Single Page တစ်ခုတည်းကို ကြည့်ပြီးထွက်သွားတာလား ကို ပြတဲ့ Bounce Rate % အနည်းအများကို ကြည့်ပြီးလည်း စိတ်ဝင်စားစရာမရှိလို့ ထွက်သွားကြောင်း သိနိုင်လို့ အားနည်းချက်တွေကို ပြုပြင်နိုင်ပါတယ်။ Bounce Rate 26 to 40 % ကြားက အကောင်းဆုံးဖြစ်ပြီး ၊ 70 % ရဲ့ အထက်ကို ရောက်နေမယ်ဆိုရင်တော့ Website အောင်မြင်ဖို့အတွက် ထပ်ပြီး ကြိုးစားရမှာဖြစ်ပါတယ် ။

၃။ Acquisition

Traffic Sources အမျိုးမျိုးကို ပြသပေးမှာဖြစ်ပြီး ဘယ်Platform ကနေ သင့်လုပ်ငန်းအကြောင်းရှာဖွေမှုအများဆုံးလည်းဆိုတာကို သိနိုင်လို့ အများဆုံးမှာ ရင်းနှီးမြုတ်နှံခြင်းဖြင့် အကျိုးအမြတ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ် ။

၄။ Behaviors

Behaviors မှာဆိုရင် သင့်Website အတွင်းက Audiences တွေရဲ့ လှုပ်ရှားမှုတွေကို User Flowနဲ့တကွ သိနိုင်ပြီး
အဖတ်အများဆုံး Page တွေ၊ လုံး၀ မဖတ်တဲ့ ကဏ္ဍတွေကိုသိနိုင်လို့ အားနည်းချက်တွေကို ပြုပြင်နိုင်ပြီး အားသာချက်တွေကို ပိုအားကောင်းအောင် ဆောင်ရွက်နိုင်ပါတယ် ။

၅။ Conversions

သင့် Website ရဲ့အခြေအနေကို သိလာစေမယ့် Sensor တွေလို့တောင်ပြောလို့ရပါတယ် ။
Thank You Page ကိုကြည့်တာ ၊ Contact Form ကို ဖြည့်တာ ၊ Customer ကို Educate လုပ်ထားတဲ့ White paper ကို Download လုပ်တာ၊ ဝယ်ယူမှုပြုလုပ်တာ တွေက Conversion တွေ ဖြစ်ကြပါတယ် ။

Conversions မှာ Micro Conversions ဆိုတာ ထပ်ရှိသေးပြီး Content ကို Social Media မှာ Share တာ ၊ Newsletter တွေအတွက် Subscribe လုပ်တာ၊ ဗီဒီယိုကြည့်တာ၊ Game ဆော့တာ ၊ Calculator ကို အသုံးပြုတာ၊ Live Chat တွေကို အသုံးပြုတာ ၊ ဝယ်ယူရန်ရည်ချက်နဲ့ ရှာဖွေမှုတွေကိုပြုလုပ်တာ တွေ ပါဝင်ပါတယ် ။

အရေးတစ်ကြီးသတိပြုရန်မှာ Conversions Report တွေကိုရလာချင်တယ်ဆိုရင် Set Up လုပ်ပေးရမှာဖြစ်ပါတယ် ။
Conversions တွေက Purchase အဆင့်ကို ရောက်ခါနီး အဆင့်ဖြစ်လို့ Conversions တွေများလာပြီဆို သင့် Website ကောင်းစွာအလုပ်လုပ်နေပြီဖြစ်ကြောင်း သိနိုင်ပါတယ် ။

ဒီလောက်ဆိုရင် သင့် Website အတွက် Google Analytics သုံးပြီး လုပ်သင့်လုပ်ထိုက်တာတွေကို အရင်ကထက်ပိုသိသွားမယ်လို့ မျှော်လင့်ပါတယ် ။ Website နဲ့ပတ်သတ်တဲ့ ဗဟုတုတတွေကို အမြဲမျှဝေပေးနေမှာမို့ MWD Website မှာ အချိန်ရတိုင်း ဝင်ဖတ်ဖို့ မမေ့ပါနဲ့နော် ။