Myanmar Web Designer Logo Let's code your dream!
အသေးစိတ်သို့ဝဘ်ဆိုက်ဆိုတာ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေ ပြထားဖို့ ဈေးဆိုင်တစ်ခုလိုပါပဲဒါပေမယ့် စားသုံးသူရဖို့ကတော့ ဂူဂဲလ်မှာရှာတိုင်း တက်နေဖို့လိုပါတယ်ဒါကြောင့် လုပ်ငန်းအောင်မြင်ဖို့ဆို ရှာတိုင်းတက်တဲ့ ဝဘ်ဆိုက်တစ်ခုရှိဖို့ အရေးကြီးပါတယ်
လုပ်ငန်းအောင်မြင်ရန် အကောင်းဆုံး နည်းလမ်း
အမှတ်တံဆိပ်နဲ့ ဒီဇိုင်း ရေးဆွဲခြင်း ဝန်ဆောင်မှု
ဒီဇိုင်းကောင်းရင် လုပ်ငန်းကောင်းတယ်ဒီဇိုင်းကောင်းမှ လူတွေ သတိထားမိမှာပါဒါကြောင့် ဒီဇိုင်းကောင်းတွေသုံးရင် စားသုံးသူရဖို့ ပိုလွယ်ပါတယ်ဒီဇိုင်းကောင်း မသုံးရင်တော့ ရောင်းအားကျမှာ အသေအချာပါပဲအသေးစိတ်သို့
ဝဘ်ဆိုက် အပြီးအစီး ဝန်ဆောင်မှု
ဝဘ်ဆိုက်ဆိုတာ ဝန်ထမ်းမလိုဘဲ ဝင်ငွေရနိုင်တဲ့ ဆိုင်ခွဲတစ်ခုပါ။ဝင်ငွေရတဲ့ ဝဘ်ဆိုက်ကောင်းတစ်ခု ဖြစ်ဖို့ဆိုရင်ဂူဂဲလ်မှာ အလွယ်တကူ ရှာဖွေနိုင်ရပါမယ်ဝင်ကြည့်သူတွေကို စားသုံးအဖြစ် ပြောင်းပေးနိုင်ရပါမယ်ဝဘ်ဆိုက်ပွင့်တာ မြန်ရပါမယ်အသေးစိတ်သို့
အသေးစိတ်သို့ဂူဂဲလ်မှာရှာတိုင်း ကိုယ့်ဝဘ်ဆိုက် တက်လာအောင် ပြုလုပ်ခြင်းဖေ့စ်ဘုတ်ပို့စ်များ ဖန်တီးခြင်းနှင့် ကြော်ငြာခြင်းဂူဂဲလ်နှင့် ယူကျုတွင် ကြော်ငြာခြင်းအချိန်တိုအတွင်း လူသိများပြီး ရောင်းအားတက်ဖို့အတွက် မရှိမဖြစ် ကြော်ငြာနည်းများ
ဒီဂျစ်တယ် ကြော်ငြာ ဝန်ဆောင်မှုများ
မိုဘိုင်းအပ်ပ် ရေးဆွဲခြင်း ဝန်ဆောင်မှု
မိုဘိုင်းအပ်ပ် ရှိခြင်း၏ ကောင်းကျိုးများလုပ်ငန်းပေါ် ယုံကြည်မှုတိုးပြီး အထင်ကြီးစေခြင်းသုံးရလွယ်ခြင်းကြောင့် စားသုံးသူတိုးပြီး ရောင်းအားတက်စေခြင်းပြိုင်ဘက်များနဲ့ ယှဉ်လာတိုင်း ခြေတစ်လှမ်း အမြဲရှေ့ရောက်နေခြင်းGo to Detail

This post is also available in: English


ကျနော်တို့ရဲ့ Web Design, Hosting, နဲ့ Mobile App ဝန်ဆောင်မှုများဖြင့်
လူကြီးမင်းအောင်မြင်စေရန် ကူညီခွင့်ပြုပါ

ဝဘ်ဆိုက် ရေးသားခြင်း

ဝဘ်ဆိုက်ဆိုတာ ဝန်ထမ်းမလိုပဲ ဝင်ငွေရနိုင်တဲ့ ဆိုင်ခွဲတစ်ခုပါ။

ဒါပေမယ့် ဘယ်လိုအချက်တွေက ဝဘ်ဆိုက်ကတစ်ဆင့် ဝင်ငွေရစေနိုင်တယ် ဆိုကတော့ Website Company တိုင်းက မသိနိုင်ပါဘူး။

ဒါကြောင့် ဝဘ်ဆိုက်လုပ်တော့မယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ ကုမ္ပဏီကို ရွေးချယ်ဖို့ အလွန်အရေးကြီးပါတယ်။

ဝဘ်ဆိုက်ကတစ်ဆင့် ဝင်ငွေရနိုင်စေဖို့ ကျနော်တို့ MWD နဲ့ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

အပြည့်အစုံသို့ »

ဟို့စ်တင် / ဆာဗာ

မြန်ဆန်ပြီး လုံခြုံမှုရှိတဲ့ cPanel Hosting များကို MWD တွင် ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ပါတယ်။

ဝဘ်ဆိုက်အတွက်သာမက၊ အီးမေးလ်အတွက်လည်း အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် လိုအပ်သော အကူအညီနဲ့ Hosting အသုံးပြုနည်း Video များကိုလည်း ပေးအပ်သွားမှာပါ။

အပြည့်အစုံသို့ »

ဝဘ်မေးလ် ဝန်ဆောင်မှု

Gmail ဟာ လူတိုင်း အခမဲ့ရယူနိုင်တဲ့အတွက် အလုပ်ကိစ္စတွေကို Gmail နဲ့ ပို့တဲ့အခါ ယုံကြည်မှုမရှိခြင်း၊ စာမပြန်ခြင်းတို့ကို ကြုံရတတ်ပါတယ်။

Webmail ကတော့ @gmail.com အစား @ကိုယ့်လုပ်ငန်းနာမည်.com နဲ့ ဖွင့်လို့ရတဲ့အတွက် ဘယ်လုပ်ငန်းက ပို့ကြောင်း တန်းသိနိုင်ပါတယ်။

လုပ်ငန်းသုံး mail ဖြစ်လို့ လုပ်ငန်းအပေါ် ယုံကြည်မှု မြင့်မားစေတဲ့အပြင် လုပ်ငန်းကို ကြော်ငြာပြီးသားလဲ ဖြစ်စေပါတယ်။

အပြည့်အစုံသို့ »

ဝဘ်ဆိုက်ဈေးနှုန်းများ

ဝဘ်ဆိုက်ဈေးနှုန်း အကျဉ်းချုပ်။ အသေးစိတ် အချက်အလက်များအတွက် ဝဘ်ဆိုက် ဈေးနှုန်း စာမျက်နှာသို့ သွားပါ။

အထုပ်အပိုးစာမျက်နှာဝဘ်မေးလ်CMSSEOဒေတာ ပြင်ဆင်ပေးခြင်း
အခြေခံ၁၀ မျက်နှာအထိ၄ ခုပေါင်းထည့်နိုင်အခြေခံတစ်နှစ် ၄ ကြိမ်
ပေါင်းစပ်၃၀ မျက်နှာအထိ၈ ခုပါဝင်ပြီးအခြေခံတစ်နှစ် ၈ ကြိမ်
အထူးကန့်သတ်မထားပါ၁၂ ခုပါဝင်ပြီးအခြေခံတစ်နှစ် ၁၂ ကြိမ်
ဝင်ငွေရကန့်သတ်မထားပါ၁၂ ခုပါဝင်ပြီးအထူးတစ်နှစ် ၁၂ ကြိမ်
ပါဝင်မှုအားလုံးကြည့်ရန်

ဖေ့စ်ဘွတ်ခ်တွင် ကြော်ငြာခြင်း

ဖေ့စ်ဘွတ်ခ်မှာ ကြော်ငြာခြင်းဟာ မြန်မာနိုင်ငံမှာ အသုံးအများဆုံး ဒစ်ဂျစ်တယ် ကြော်ငြာ နည်းတစ်ခု ဖြစ်ပါတယ်။

နည်းမှန်၊ လမ်းမှန် လုပ်တတ်တဲ့ ဒစ်ဂျစ်တယ် ကြော်ငြာ အေဂျင်စီနဲ့အပ်မယ်ဆို ရောင်းအား သိသိသာသာ တက်စေတဲ့ ကြော်ငြာနည်း တစ်ခုပါပဲ။

MWD မှာတော့ Facebook ကြော်ငြာတစ်ခု စတင်တဲ့ အခါတိုင်းမှာ ကြော်ငြာရှင်ရဲ့ လုပ်ငန်း၊ ပြိုင်ဘက်နဲ့ ပရိတ်သတ်ကို သေချာ လေ့လာသုံးသပ်လို့ ထိရောက်မှု အမြင့်မားဆုံး ရရှိစေပါတယ်။

ဂူဂဲလ်တွင် ကြော်ငြာခြင်း

Google ကို တိုက်ရိုက် ပိုက်ဆံပေးပြီး ကြော်ငြာတဲ့ နည်းလမ်းဖြစ်ပါတယ်။

ကိုယ့်လုပ်ငန်းရဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေကို Google မှာ ရှာနေတဲ့လူတွေကို တိုက်ရိုက်ကြော်ငြာတာထက် ထိရောက်တဲ့နည်းလမ်း မရှိနိုင်တော့ပါဘူး။

အချိန်တိုအတွင်းမှာ Google ရဲ့ ကြော်ငြာကဏ္ဍမှာ ပေါ်နိုင််ပြီး တစ်ကယ်လိုအပ်နေတဲ့လူတွေကို တိုက်ရိုက်ကြော်ငြာနိုင်လို့ လုပ်ငန်းရနိုင်ခြေ အမြင့်ဆုံးနဲ့ အမြန်ဆုံး ကြော်ငြာနည်းဖြစ်ပါတယ်။

အပြည့်အစုံသို့ »

ရှာတိုင်းတက်မယ့် SEO

SEO (Search Engine Optimization) ဆိုတာကတော့ လူကြီးမင်းရဲ့ website ကို Google ပထမဆုံး စာမျက်နှာမှာ ပေါ်လာစေမယ့် ဝန်ဆောင်မှုပါ။

လူကြီးမင်းရဲ့ လုပ်ငန်းနဲ့ ပတ်သတ်တာကို ရှာတဲ့အခါတိုင်း လူကြီးမင်းရဲ့ Website က ထိပ်ဆုံးမှာပေါ်နေတဲ့အခါ လုပ်ငန်းရနိုင်ခြေ မြင့်မားတဲ့အပြင် လုပ်ငန်းအပေါ် ယုံကြည်မှု၊ အထင်ကြီးလေးစားမှု လည်း ရရှိစေပါတယ်။

အပြည့်အစုံသို့ »

လိုဂို (Logo) ဒီဇိုင်း

လိုဂို၊ အမှတ်တံဆိပ်တစ်ခုဟာ လုပ်ငန်းနဲ့ ကုမ္ပဏီတစ်ခုလုံးကို ကိုယ်စားပြုတဲ့အရာပါ။

လိုဂိုဒီဇိုင်း အားနည်းတဲ့အခါ လုပ်ငန်းအပေါ် ယုံကြည်မှု နည်းမှာ အသေအချာပါပဲ။

ကျနော်တို့ ဆွဲပေးခဲ့ပြီးသော လိုဂိုများလို အဓိပ္ပါယ်ပြည့်ဝပြီး ယုံကြည်မှုမြင့်စေမယ့် လိုဂိုဒီဇိုင်းကောင်းတွေနဲ့ လူကြီးမင်းတို့လုပ်ငန်း တိုးတက်အောင်မြင်အောင် ကျနော်တို့ MWD မှ ဝန်ဆောင်ပေးပါရစေ။

ဂရပ်ဖစ် ဒီဇိုင်း

ဒီဇိုင်းတွေ အများကြီးထဲမှာ ဒီဇိုင်းကောင်းတစ်ခုကိုသာ လူတွေ သတိထားမိမှာပါ။

ကျနော်တို့ရဲ့ ဂရပ်ဖစ် ဒီဇိုင်း ဝန်ဆောင်မှုနဲ့သာဆို လူကြီးမင်းရဲ့လုပ်ငန်းကို လူတွေသတိထားမိဖို့ ကုန်ကျစရိတ် အများကြီးမလိုပါဘူး။

ကျနော်တို့ပြောချင်တာ ပိုနားလည်သွားအောင် ဂရပ်ဖစ်ဒီဇိုင်း အပ်သူများ ကိုဝင်ကြည့်လိုက်ပါဦး။

အပြည့်အစုံသို့ »

လိပ်စာကဒ် ဒီဇိုင်း

လိပ်စာကဒ်တစ်ခုဆိုတာ နာမည်၊ ဖုန်းနံပါတ်တွေ တင်ထားတဲ့ ကဒ်တစ်ခုထက်ပိုပါတယ်။

လူကြီးမင်းရဲ့ လိပ်စာကဒ်ဆိုတာ လူကြီးမင်းဘယ်လိုပုဂ္ဂိုလ်ဆိုတာ သက်သေပြုမယ့်ကဒ်ပါ။ ဒါကြောင့် ပေါပေါပဲပဲ မလုပ်မိဖို့ အရေးကြီးပါတယ်။

ဒါကို သိထားတဲ့ ကျနော်တို့ဟာ ထုတ်ပေးရတာနဲ့တင် proud ဖြစ်စေမယ့် လိပ်စာကဒ်မျိုးတွေကို အကောင်းဆုံးဖြစ်အောင် ဆွဲပေးနေပါတယ်။

အခုပဲကျနော်တို့နဲ့ ဆက်သွယ်ပြီး လိပ်စာကဒ်ဒီဇိုင်းတစ်ခုကို ဖန်တီးလိုက်ပါ။

အပြည့်အစုံသို့ »

Myanmar Web Designer Logo Let's code your dream!

မြန်မာ ဝဘ် ဒီဇိုင်နာ ကုမ္ပဏီ အကြောင်း

မြန်မာ ဝဘ် ဒီဇိုင်နာကို ၂၀၁၂ ခုနှစ်တုန်းက ရန်ကုန်မှာ တည်ထောင်ခဲ့ပြီး၊ ယခုလက်ရှိ မြန်မာနိုင်ငံမှာ လူသိများ၊ ကျော်ကြားတဲ့ ထိပ်တန်း IT Company တစ်ခုအဖြစ် ရပ်တည်လျှက်ရှိပါတယ်။

IT ဝန်ဆောင်မှု များအနေနဲ့

တို့ကို အကောင်းဆုံး ဆောင်ရွက်ပေးနေပါတယ်။

ဝန်ဆောင်မှုတိုင်းကို အရည်အသွေးစစ် (QC) ထားရှိတဲ့အပြင် Customer စိတ်ကျေနပ်မှုကို အလေးထား လုပ်ဆောင်ပေးတဲ့အတွက် ယခုလက်ရှိမှာ မြန်မာ ဝဘ် ဒီဇိုင်နာ ကုမ္ပဏီက website ပေါင်း ၁၀၀၀ ကျော် ကို စီမံဆောင်ရွက်ပေးနေပြီး။ ဝန်ဆောင်မှုအားလုံးအတွက် အလုပ်အပ်သူပေါင်း ၁,၅၀၀ ကျော် တို့၏ အားပေးနှစ်ခြိုက်မှုကို ရရှိထားပြီး ဖြစ်ပါတယ်။

အပြည့်အစုံသို့ »

MWD ကို ဘာကြောင့် အလုပ်အပ်သင့်သလဲ

ဈေးနှုန်း သင့်တင့်ခြင်း

MWD မှဈေးနှုန်းများဟာ ဝန်ဆောင်မှုပေါ် အခြေတည်ပြီး တွက်ချက်ထားတဲ့အတွက် overprice ဖြစ်နေတာမျိုးမရှိဘဲ လူကြီးမင်း ကုန်ကျသောစရိတ်ထက် ပိုကောင်းသော၊ ပိုတန်သော ဝန်ဆောင်မှုကိုသာ ရရှိစေမှာပါ။

နှစ်စဉ်ကြေး သက်သာခြင်း

ကျနော်တို့ MWD က နှစ်စဉ်ကြေးကို အနည်းဆုံးထိ လျှော့ထားပေးပြီး website update နဲ့ supporting တွေကိုလည်း အခမဲ့လုပ်ပေးလို့ ရေရှည်လက်တွဲလို့ ကောင်းတဲ့အပြင် လူကြီးမင်းတို့အတွက်လည်း website ရဲ့ နှစ်စဉ်ကုန်ကျစရိတ်က ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်စေပါဘူး။

Website Quality ကောင်းခြင်း

အလုပ်အပ်သူက Website ကို စိတ်ကျေနပ်ပြီးသည့်တိုင် MWD QC (Quality Control) team မှ နည်းပညာ ကျွမ်းကျင်သူများက Website ကောင်းတစ်ခု ဖြစ်စေဖို့၊ Google နှင့်အခြား search engines တွေမှာ အလွယ်တကူ ရှာနိုင်စေဖို့နဲ့ အခြားနည်းပညာဆိုင်ရာ လုပ်ဆောင်ချက်များကို စစ်ဆေး ထည့်သွင်းပေးလို့ Myanmar Web Designer (MWD) Co., Ltd. မှာ website အပ်မယ်ဆို website အကြောင်း မသိရင်တောင်မှ website ကောင်းတစ်ခုရဖို့ စိတ်ချထားနိုင်ပါတယ်။

ဝန်ဆောင်မှု ပေးတဲ့အခါမှာ စိတ်ရှည်ခြင်း

လူကြီးမင်းရဲ့ website ကို လူကြီးမင်းကိုယ်တိုင် စိတ်တိုင်းကျဖို့က အရေးအကြီးဆုံး အချက်တွေထဲက တစ်ခုပါ။ စိတ်တိုင်းကျနိုင်ဖို့ ဆိုတာကလည်း ရှေ့တိုးနောက်ငင် ပြင်ဆင်ချက်တွေ လုပ်ရပါတယ်။ ဒီအချက်ကို ကျနော်တို့ MWD က ကောင်းစွာ နားလည်ထားတဲ့အတွက် ကျနော်တို့ MWD နဲ့ အလုပ်လုပ်တဲ့အခါမှာ စိတ်ရှည်စွာ ဆောင်ရွက်ပေးလို့ လူကြီးမင်းတို့ စိတ်ချမ်းသာမှု ရရှိစေမှာပါ။

Website ကိုအလွယ်တကူ ပြင်ဆင်နိုင်ခြင်း

ကျနော်တို့ MWD က ပြုလုပ်ပေးတဲ့ website တွေဟာ ကိုယ်တိုင်ပြင်ဆင်ဖို့ အင်မတန်မှ လွယ်ကူအောင် ပြုလုပ်ထားပေးပါတယ်။ ပုံနှင့်စာတင်မကဘဲ layout နှင့် background color တွေကိုပါ အလွယ်တကူ ပြင်ဆင်နိုင်လို့ အရေးပေါ်ကိစ္စတွေ၊ ရုံးပိတ်ရက်တွေမှာ မိမိကိုယ်တိုင် အလွယ်တကူ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်တိုင် မပြင်အားတဲ့ သူများအတွက်လည်း website data တွေ အခမဲ့ ပြင်ဆင်ပေးပါတယ်။