Myanmar Web Designer Logo Let's code your dream!

This post is also available in: မြန်မာဘာသာ

၁။ Blog

Blog တွေကို အွန်လိုင်းဂျာနယ်(သို့) သတင်းအချက်အလက်မျှဝေရာနေရာတွေအဖြစ် မြင်ကြည့်နိုင်ပါတယ် ။Blog ပိုင်ရှင်ရဲ့ စိတ်ခံစားချက် အတွေးအမြင်၊ အသိပညာအတွေ့အကြုံတွေ ကို မျှဝေဖို့ အသုံးပြုကြပြီး Website (၁၂) မျိုးထဲမှာ တည်ဆောက်ရ အလွယ်ကူဆုံးဖြစ်ပါတယ် ။ ခရီးသွား Blogger တွေ၊ Food Blogger တွေ ၊ နိုင်ငံရေး သမားတွေနဲ့ အနုပညာရှင်တွေ လုပ်ကြတဲ့ Personal Website အမျိုးအစားတစ်ခုဖြစ်ပါတယ် ။

Blog အောင်မြင်လာတဲ့အခါ Sponsor Content & Product Reviewsများ ရေးသားခြင်း၊ ကြော်ငြာများလက်ခံခြင်း၊ ကော်မရှင်ယူပြီး ရောင်းချခြင်းတို့မှ ဝင်ငွေကောင်းတဲ့ Blogger ဖြစ်လာရန် အများစုက ရည်ရွယ်ကြပါတယ်။

၂။ Corporate Website

စီးပွားရေးလုပ်ငန်း တစ်ခု ရဲ့ အွန်းလိုင်းတည်ရှိနေမှုကို ပြသနိုင်ဖို့ အဓိက ရည်ရွယ်ပြီး ကိုယ့်ပစ္စည်းဝန်ဆောင်မှုတွေနဲ့ပတ်သတ်ပြီး ဝယ်လာအောင် သွယ်ဝိုက်ပြီးပြောရတဲ့ သတင်းအချက်အလက်ပေးတဲ့ Website အမျိုးအစားတစ်ခုဖြစ်ပါတယ် ။ မိမိလုပ်ငန်းနဲ့ ပတ်သတ်တဲ့ Data တွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း (24/7 )ပြသနိုင်မှာဖြစ်တဲ့အတွက် Client တွေကို ပိုပြီး ယုံကြည်မှု ဖြစ်စေပါတယ် ။

၃။ Ecommerce Website

Corporate Website နဲ့မတူတော့တာက Ecommerce Functionality လို့ပြောလို့ရတဲ့ ကဒ်နဲ့ တိုက်ရိုက်ငွေပေးချေဝယ်ယူလို့ရတဲ့ စနစ် ပါဝင်လာပါတယ် ။
ကိုယ့်လုပ်ငန်းရဲ့ အွန်လိုင်းစတိုးတစ်ခုဖြစ်ပြီး Blog တွေ ၊ Corporate ပုံစံတွေနဲ့လည်း ပေါင်းပြီးလုပ်လို့ရပါတယ် ။ shop.com.mm ဟာ ထင်ရှားတဲ့ Ecommerce Website ကြီးတစ်ခုဖြစ်ပါတယ် ။

၄။ Portfolio Website

ကိုယ်လုပ်ထားသမျှအကောင်းဆုံးလက်ရာတွေကို တစ်စုတစ်ဝေးတည်းပြသနိုင်ဖို့ ရည်ရွယ်ပြီးလုပ်ဆောင်ကြတဲ့ အမျိုးအစားဖြစ်ပါတယ် ။ စကားမများနဲ့ အလုပ်နဲ့ပဲ သက်သေပြဆိုရင် Portfolio က သက်သေပြထားပြီးဖြစ်တဲ့ အလုပ်တွေကို စုစည်းထားတာဖြစ်ပါတယ် ။
ဥပမာ × Architist တစ်ယောက်က သူဖန်တီးပုံဖော်ခဲ့သမျှ အဆောက်အဦဒီဇိုင်းတွေကို Portfolio Website တစ်ခုအတွင်းစုစည်းထားလိုက်ရုံနဲ့ နောက်လုပ်မယ့် အလုပ်ရှင်တွေကို စကားအများကြီးပြောစရာမလိုတော့ပဲ အပ်ချင်လို့ပါ ဆိုပြီးလာကြမယ့် Clients တွေကို ရရှိနိုင်မှာဖြစ်ပါတယ် ။ Portfolio က Freelancer တွေအသုံးများတဲ့ Website တစ်ခုဖြစ်ပါတယ် ။

၅။ Brochure Website

Brochure Website တွေကတော့ လုပ်ငန်းတွေရဲ့ Online Business Card ပုံစံဖြစ်ပါတယ် ။ သင်လုပ်မယ့် လုပ်ငန်းက ဘာလုပ်ငန်းဖြစ်တယ်ဆိုတာနဲ့ သင့်ကိုဆက်သွယ်နိုင်မယ့် လိပ်စာဖုန်းနံပါတ်ပါတယ်ဆိုရင် Brochure Website တစ်ခုရနိုင်ပါပြီ ။ အရိုးရှင်းဆုံးနဲ့ အဓိက အကျဆုံးအချက်အလက်တွေနဲ့ပဲ တည်ဆောက်ထားပြီး Delivery လုပ်တယ် ၊ ရန်ကုန်မြို့တွင်း ဝန်ဆောင်မှုတွေပေးတယ် ၊ လိုအပ်ပါက ဆက်သွယ်ပါ ဆိုတဲ့ကဏ္ဍတွေလောက်ပဲ ပါဝင်ပါတယ် ။

၆။ Crowdfunding Website

Crowdfunding က အဓိက အားဖြင့် ရန်ပုံငွေရှာဖွေရန်ရည်ရွယ်ပါတယ် ။
စီးပွားရေးလုပ်ငန်းတွေအတွက်ဆိုရင် ကုန်ပစ္စည်းတစ်ခုကိုထုတ်လုပ်ဖို့ နည်းပညာနဲ့အိုင်ဒီယာကောင်းရှိတဲ့သူတွေအတွက် လိုအပ်တဲ့ အရင်းအနှီး ရှာဖွေပေးတဲ့ Site ပုံစံဖြစ်ပါတယ် ။

ရန်ပုံငွေထည့်လိုက်သူတွေက ဈေးကွက်ထဲမှာအမှန်တကယ်စရောင်းမယ့်ဈေးထက် သက်သာပြီးရရှိတာမျိုးကဲ့သို့ အကျိုးအမြတ်တစ်စုံတစ်ရာရရှိမှာဖြစ်ပြီး နည်းပညာရှင်ကတော့ လုပ်ငန်းရှင်အဖြစ် ကြီးထွားနိုင်ခွင့်ကို ရရှိမှာဖြစ်ပါတယ် ။

လူမှုရေးဘက်မှာဆိုရင်လည်း ကင်ဆာရောဂါနဲ့ရင်ဆိုင်နေရတဲ့သူတွေ ပညာရေးအခက်အခဲဖြစ်နေသူတွေအတွက် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်ပြီး လူတွေကို ကူညီပေးနိုင်တဲ့ Website အမျိုးအစားတစ်ခုဖြစ်ပါတယ် ။ ဥပမာ – GoFundMe, Indiegogo

၇။ သတင်းမီဒီယာ Website

Journal ရောင်းအားကျဆင်းမှုတွေကြောင့် Digital Platform ပေါ်ကို မဖြစ်မနေပြောင်းလာရတဲ့ သတင်းမီဒီယာလုပ်ငန်းတွေအတွက် Website အမျိုးအစားဖြစ်ပါတယ် ။
BBC News က ထင်ရှားတဲ့ ဥပမာတစ်ခုဖြစ်ပြီး၊ သတင်းမီဒီယာ Website ရဲ့ အဓိက ဝင်ငွေတွေကလည်း ကြော်ငြာနဲ့ Subscribe လုပ်ရာမှ ရတဲ့ငွေများနဲ့ , affiliate linking များအပေါ် အဓိကတည်မှီပါတယ် ။

၈။ Social Media Website

Social Media ရဲ့ Functions တွေပါဝင်တဲ့ Website အမျိုးအစားဖြစ်ပါတယ်။ Social media လိုပဲ သူငယ်ချင်း တွေ သူစိမ်းတွေနဲ့ လွပ်လပ်စွာမျှဝေ ထိတွေ့နိုင်ဖို့ရည်ရွယ်ပါတယ် ။

၉။ Entertainment Website

Movies Industry အတွက် Website အမျိုးစားတွေဖြစ်ပြီး ဖျော်ဖြေမှုပေးစွမ်းနိုင်တဲ့ သတင်းတွေ ၊ ဟာသဗီဒီယိုတွေ၊ အားကစား နဲ့ပတ်သတ်တဲ့ Content တွေရဲ့ Website တွေ စသဖြင့် ပါဝင်ပါတယ် ။
Movie Industry အတွက်ဆို ရင် ‌Netflix‌ လို Website မျိုးတွေဖြစ်ပြီး ကြည့်ရှုခများမှ တစ်ဆင့် ဝင်ငွေရှာဖွေကြပြီး တစ်ခြား Entertainment ကဏ္ဍတွေအတွက်တော့ Site အတွင်းပြသတဲ့ ကြော်ငြာတွေမှတစ်ဆင့် အဓိကဝင်ငွေရယူကြပါတယ် ။

၁၀။ Educational Website

ပညာရေးနဲ့ဆိုင်တဲ့ တက္ကသိုလ်တွေ ကောလိပ်တွေ ကိုယ်ပိုင်ကျောင်းတွေအတွက် Website တွေဖြစ်ပါတယ် ။
MWD ရဲ့ Portfolio ထဲမှာဆိုရင် Canadian International College( cic-myanmar.com )
Au MIT Myanmar University ( www.aumitmyanmar.com ) စသဖြင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

၁၁။ Portal Website

အဖွဲ့အစည်းတွေ ၊ ကျောင်းတွေ၊ Business တွေမှာ ကျောင်းသားတွေ နဲ့ အလုပ်သမားတွေဟာ User Name Password နဲ့အတူ Login ပြုလုပ်ပေးရုံနဲ့ သက်ဆိုင်တဲ့ ဖိုင်တွေအကုန်လုံးကို ရရှိဖို့ ရည်ရွယ်ဆောင်ရွက်ကြတဲ့ Website အမျိုးအစားတစ်ခုဖြစ်ပါတယ် ။ ရှုပ်ထွေးတဲ့ Website အမျိုးအစားတစ်ခုဖြစ်ပြီး အတွေ့အကြုံများပြားတဲ့ Web Agency တွေနဲ့တည်ဆောက်ရပါတယ် ။
ဥပမာ- အစိုးရတစ်ရပ်က E Government တစ်ခုအဖြစ်ပြောင်းလဲချင်ရင် Web Portal လိုအပ်ပြီး အဆိုပါ National Web Portal မှတစ်ဆင့် ပြည်သူတစ်ရပ်လုံးကလိုအပ်တဲ့ စာရွက်စာတမ်းတွေကို Digital Form ဖြင့် ရရှိစေမှာဖြစ်ပါတယ် ။

၁၂။ Wiki Website

Wiki Website တွေထဲမှာ အထင်ရှားဆုံးက တော့ Wikipedia ကိုယ်တိုင်ပဲဖြစ်ပါတယ် ။ User တွေဟာ Online ကနေ ပူးပေါင်းပြီး Content တွေကိုအတူတကွရေးသားနိုင်ပါတယ် ။ Community or Forum တွေ၊ လူတွေအတွက် တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေကို စုပေါင်းဖန်းတီးတဲ့နေရာတွေမှာ Wiki Website တွေကို အသုံးပြုကြပါတယ် ။
ဒီလောက်ဆို ကိုယ့်အတွက် Website ပြုလုပ်တော့မယ်ဆိုရင် ဘယ်လို Website မျိုးကို ပြုလုပ်ရမယ်ဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ် ။
နောက်ထပ်လည်း Websiteနဲ့ပတ်သတ်တဲ့ ဗဟုသုတများစွာကို တင်ပေးဦးမှာဖြစ်လို့ အမြဲဝင်ဖတ်ဖို့ မမေ့ပါနဲ့နော်….