Myanmar Web Designer Logo Let's code your dream!

This post is also available in: မြန်မာဘာသာ

Content Management System (CMS) ဆိုတာ သင့်လုပ်ငန်းရဲ့ ဓါတ်ပုံ ၊ စာသား၊ အော်ဒီယို၊ Pdf စတဲ့ အချက်အလက်တွေ ကို သိမ်းဆည်းထားပေးပြီး Edit , Publish , Modify ,Delete စတဲ့ functions တွေကို လုပ်ဆောင်ဖို့ အရမ်းအသုံးဝင်တဲ့ Software တစ်ခုဖြစ်ပါတယ် ။ Content တွေကို အမြဲ တင်ပေးနေရတဲ့ အွန်လိုင်းမီဒီယာ Website တွေ ဟာ မဖြစ်မနေ CMS သုံးစွဲရမယ့် Website အမျိုးအစားတွေဖြစ်ကြပြီး MWD က ဘာကြောင့် CMS သုံးသင့်လဲဆိုတဲ့ အချက် (၅) ချက်ကို မျှဝေပေးချင်ပါတယ် ။


၁။ Website ကို Team တစ်ခုဖြင့် Manage လုပ်နိုင်ခြင်း

CMS နဲ့ဆိုရင် သင်ကိုယ်တိုင်ရော Authority ပေးထားတဲ့ Team တစ်ခုက ပါ Content တွေကို အလွယ်တကူ Update လုပ်နိုင်မှာဖြစ်ပါတယ် ။
Team မှာလည်း Administrator , Editor , Author, Contributor, Subscriber စသဖြင့် အဆင့်အလိုက် စီမံခန့်ခွဲနိုင်ပါတယ် ။

၂။ HTML ကို မသိလည်းကိစ္စမရှိ

Microsoft Word ထဲမှာ စာဖိုင်တစ်ခုကို ဖန်တီးတတ်ရုံနဲ့ သင်ကိုယ်တိုင်ရော Authority ပေးထားတဲ့ Team တစ်ခုက ပါ Content တွေကို အလွယ်တကူ Update နိုင်မှာဖြစ်ပါတယ် ။

သင်က Click တစ်ချက်နှိပ်ရုံနဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်အောင် နောက်ကွယ်က CMS က ကူညီပေးပါတယ်။

၃။ Maintenance စရိတ်များသက်သာခြင်း

CMS မသုံးတဲ့ Site တွေမှာ Content တွေကို ကိုင်တွယ်ရတာက web developer တွေကို အပ်ထားရတဲ့ ကိစ္စဖြစ်ပြီး CMS Site တွေမှာတော့ အလွယ်တကူပြုပြင်နိုင်လို့ အဆိုပါ ကုန်ကျစာရိတ်တွေ မရှိတော့ပါဘူး။

၄။ လုပ်ငန်းရဲ့ Internet Marketing Strategy တစ်ခုလုံးကို တစ်နေရာတည်းမှ လုပ်ဆောင်နိုင်ခြင်း

CMS အများစုမှာ SEO , Email Marketing , Social Media Marketing နဲ့ Blogging လုပ်ငန်းစဉ်တွေ အတွက် Tools တွေပါဝင်ပြီး တစ်နေရာထဲကနေအားလုံးကိုထိန်းချုပ်လုပ်ဆောင်နိုင်စေပါတယ် ။

Event Registration Formများပြုလုပ်ခြင်း ၊ Donations Fees များ စုဆောင်းခြင်းနဲ့ Member Information သိမ်းဆည်းခြင်း များကိုလည်း လုပ်ဆောင်နိုင်ပါတယ် ။

၅။ Up To Date အဖြစ်ဆုံး Website ကို ပိုင်ဆိုင်နိုင်ခြင်း

သင်ကိုယ်တိုင် စနစ်တကျညွှန်ကြားပြီး Run နေနိုင်မှာကြောင့် သင့် Website က အမြဲ Up to Date ဖြစ်နေမှာပါ ။ Audience တွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ့် Content တွေကို စဉ်ဆက်မပြတ်ဖန်တီးပြီး လုပ်ငန်းပုံရိပ်နဲ့ Search Engine Ranking တွေလည်းတိုးလာအောင်လည်း လုပ်ဆောင်နိုင်ပါတယ် ။

သစ်လွင်တဲ့ Content တွေဟာ Search Engine Ranking တွေကို တိုးစေပြီး External Contribution တွေကို ဖြစ်စေပါတယ် ။ ‌Content က ဖန်တီးလိုက်တဲ့ ဆွေးနွေးမှုများ ၊Comment များ , Like များဟာ Search Engine Ranking တက်စေဖို့ အဓိက အရေးပါလို့ဖြစ်ပါတယ် ။

ဒါ့အပြင် Cross-selling နည်းဖြစ်တဲ့ User Behaviors တွေကို Track လုပ်ပြီး သူတို့ ဝယ်ယူလိုတဲ့ပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချနိုင်ပါတယ် ။ ( ဥပမာ – Website ကနေ အားကစားဝတ်စုံတစ်ခု ဝယ်မယ်ဆိုရင် နောက်ထပ် ဖိနပ်တွေ၊ ခြေစွပ်တွေအတွက် Recommend ပေးပြီး ရောင်းချတာဖြစ်ပါတယ် ။ )

CMS သုံးသင့်တဲ့ အချက်တွေကိုဖတ်ပြီးသွားပြီဆိုရင်တော့ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လားဆိုတာကို ဆန်းစစ်ဖို့

  1. သင့်လုပ်ငန်းက Content တွေကို မကြာခန Update လုပ်တတ်လား?
  2. လုပ်ငန်း Website မှာ 10 Pages နဲ့အထက် ပါဝင်နေလား?
  3. Website ကို Update လုပ်ရန်အတွက် ငွေကုန်ကြေးကျအရမ်းများနေလား ?

ဆိုတဲ့ မေးခွန်းသုံးခုကို ဖြေကြည့်စေချင်ပြီး သုံးခုလုံး (သို့) သုံးခုထဲက တစ်ခုနဲ့ သေချာပေါက် ငြိနေမယ်ဆိုရင်တော့ သင်က CMS သုံးစွဲရမယ့် Website ပိုင်ရှင်တစ်ယောက်ဖြစ်နေပါပြီ ။