Myanmar Web Designer Logo Let's code your dream!

Myanmar Web Designer (MWD) Co., Ltd.

Web Design, Digital Marketing, Mobile App & Graphic Design

This post is also available in: မြန်မာဘာသာ

Facebook က လက်မခံတဲ့အရာကို ထပ်ခါထပ်ခါ တင်ပြီး ကြော်ငြာမြဲ ကြော်ငြာနေမယ်ဆိုရင်တော့ သင့်ရဲ့ ကြော်ငြာအကောင့်ပါ Disabled ဖြစ်သွားတာမျိုး၊ Credit Card ကိုပါ Burn သွားမျိုး ဖြစ်ပြီး နောက်ထပ် ကြော်ငြာလို့ မရနိုင်တာမျိုးဖြစ်နိုင်လို့ အခု နောက်ထပ် ဝေမျှမယ့် အချက်လေးတွေကိုလည်း ထပ်ပြီး ဖတ်ရှုပေးပါဦးနော်..

(၁) ထိပ်လန့်ဖွယ် အကြောင်းအရာများ
စိတ်ထိခိုက်စရာများ၊ အထိတ်တလန့်ဖြစ်ဖွယ်များ၊ အကြမ်းဖက်ခြင်းမျိုး၊ အစုအရုံးဖြစ်စေနိုင်သော အကြောင်းအရာတို့ကို Facebook က ကြော်ငြာခွင့်မပေးထားပါ။
(၂) ပုဂ္ဂိုလ်ရေးဆိုင်ရာများ
ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့်ပတ်သက်သော အချက်အလက်များ၊ ဘာသာရေး၊ ယုံကြည်မှု၊ အသက်၊ လိင်၊ မှတ်ပုံတင်၊ မသန်မစွမ်းမှု၊ ဆေးစစ်တမ်းများ စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကြော်ငြာခြင်းမျိုး ခွင့်မပြုထားပါ။
(၃) သတင်းမှား
မှားယွင်းသည်ဟု ယူဆရသော သတင်းအချက်အလက်များကို ထပ်တလဲလဲ တင်၍ ကြော်ငြာခြင်း၊ ပစ္စည်းအတုများ၊ လိမ်လည် ရောင်းချခြင်းများကို Facebook က ပိတ်ပင်ထားပါတယ်။
(၄) အငြင်းပွားဖွယ်အကြောင်းအရာ
စီးပွားရေး၊ လူမှုရေးနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများကို ခုတုံးလုပ်ကာ မိမိအကျိုးအတွက် ကြော်ငြာခြင်းမျိုးကိုလည်း တားမြစ်ထားပါတယ်။
(၅) အသုံးမဝင်သော Page များ
ပျက်နေသော page များ၊ ပြုပြင်ဆဲ page များ၊ ကြော်ငြာထားသည့်အကြောင်းအရာနှင့် မသက်ဆိုင်သည့် page များ၊ တစ်ခြား နေရာများ (group များ၊ link များ) သို့ ဝင်ရောက်ရန် ညွှန်းဆိုထားသည်များကိုလည်း ကြော်ငြာခွင့် မပြုထားပါ။
(၆) လိမ်လည် လှည့်ဖျားသယောက် ထုတ်ကုန်များ
သူလျှိုကင်မရာများ၊ ခြေရာခံစက်ပစ္စည်းများ စသဖြင့် တစ်ခြားသူများကို လှည့်ဖြားရန် ပြုလုပ်ထားတဲ့ ဘယ်လိုလျှို့ဝှက်ပစ္စည်းမျိုးမဆို ကြော်ငြာရန် ခွင့်မပြုထားပါ။
(၇) Grammar မှားယွင်း အသုံးပြုထားမှုများ
ကြော်ငြာတွင် လူထုကို အနှောင့်အယှက်ဖြစ်စေသော ညစ်ညမ်းသောစကားများ၊ မကောင်းသော သဒ္ဒါများ၊ စာလုံးပေါင်း အမှားများ၊ ဆဲဆိုသည့် စကားများ မပါဝင်ရပါ။
(၈) အစစ်အမှန်မဟုတ်သော လုပ်ဆောင်ချက်များ
ကြော်ငြာမှာ တကယ်မတည်ရှိတဲ့ လုပ်ဆောင်များကို မထည့်သွင်းရပါဘူး။
ဥပမာ – ရုပ်ပုံပေါ်တွင် တကယ့် button အစစ်လို ပြုလုပ်ထားတဲ့ “play” ဆိုသည့် ခလုတ်အတုများ၊ video လိုပုံစံတူပြုလုပ်ထားသော ရုပ်ပုံများ၊ စသဖြင့် လိမ်လည်လှည့်ဖြားထားသည်များကို Facebook မှ လက်သင့်မခံပါ။
(၉) တစ်ကိုယ်ရည်ကျန်းမာရေး
ကြော်ငြာတွင် “before” and “after” ပုံများ၊ ခွဲစိတ်ပြုပြင်ခြင်းဆိုင်ရာပုံများ စသည့်အကြောင်းအရာများကို ထုတ်ဖော်ကြော်ငြာလို့ မရပါဘူး။
(၁၀) ချေးငွေများ၊ ကြိုတင်ငွေများနှင့် အာမခံငွေချေးစာချုပ်များ
ချေးငွေများ၊ လစာကြိုင်ထုတ်ပေးငွေများ၊ အာမခံစာချုပ်များ (သို့) တစ်စုံတစ်ဦးရဲ့ ကုန်ကျစရိတ်များကို နောက်လများထိ ကာရန်ဆိုပြီး ကာလတိုချေးငွေထုတ်ပေးခြင်းမျိုးကို ကြော်ငြာဖို့ ခွင့်မပြုထားပါ။
ဒါဆိုရင် နောက်ထပ် Facebook က လက်မခံတဲ့ ကြော်ငြာပုံစံ (၁၀)ချက်ကို သိရှိနားလည်လောက်ပြီလို့ ထင်ပါတယ်။ နောက်ထပ် အချက်လေးတွေလည်း ဝေမျှဖို့ ရှိသေးတာမို့ MWD Website ကို အမြဲဝင်ဖတ်ဖို့ မမေ့ပါနဲ့နော်….