Myanmar Web Designer Logo Let's code your dream!

This post is also available in: English

အင်တာနက်ကို အခြေခံပြီး ကိုယ့်ရဲ့ service နဲ့ product တွေကို Facebook ပေါ်မှာ စျေးကွက်ချဲ့ထွင်ဖို့အတွက် Facebook Advertising ကို အသုံးလာကြပါတယ်။
ဒါပေမယ့် အခကြေးငွေပေးပြီး ကြော်ငြာတာတောင်မှ Facebook က လက်မခံတဲ့ ကြော်ငြာပုံစံတွေ ရှိတာမို့ ဗဟုသုတရအောင် MWD က sharing လုပ်ပေးလိုက်ပါတယ်။

(၁) စံနှုန်းသတ်မှတ်ချက်

သင်ဟာ Facebook မှာ ကြော်ငြာမယ်ဆိုရင် Facebook App ရဲ့ စည်းမျဉ်းတွေကိုလိုက်နာရပါမယ်။
Instagram မှာကြော်ငြာမယ်ဆိုရင်လည်း အဲ့ဒီ App ရဲ့ စည်းမျဉ်းကို လိုက်နာရမှာပါ။ App က ချမှတ်ထားတဲ့ စည်းမျဉ်း တစ်ခုခုနဲ့ ငြိနေမယ်ဆိုရင်တော့ Boost လို့ရမှာမဟုတ်ပါဘူး။

(၂) တရားမဝင် ထုတ်ကုန်များ(သို့) ဝန်ဆောင်မှုများ

တရားမဝင်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ (သို့) အဖွဲ့အစည်းများ၊ အရွယ်မရောက်သေးသူများကို ပစ်မှတ်ထားသော မသင့်လျော်သော ကြော်ငြာများ၊ အလွန်အမင်း ဖိအားပေးသော ထုတ်ကုန်/ ဝန်ဆောင်မှုများကို ကြော်ငြာခွင့် မပေးပါဘူး။

(၃) ခွဲခြားဆက်ဆံမှုများ

အသက်၊ လိင်အမျိုးအစား၊ နိုင်ငံသား၊ ကိုးကွယ်မှု၊ ဒေသစွဲ၊ မသန်မစွမ်းမှု၊ ဆေးကုသခြင်း စသဖြင့် ခွဲခြားနှိမ့်ချသော အကြောင်းအရာများကို ကြော်ငြာခွင့်မပြုထားပါ။

(၄) မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ

မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချခြင်း (သို့) အသုံးပြုခြင်းကို ကြော်ငြာခွင့်မပေးထားပါ။

(၅) တရားမဝင်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ

တရားမဝင်သော ဆေးညွှန်းများ၊ အပန်းဖြေစေသော မူးယစ်ဆေးဝါးများကို ရောင်းချခြင်း (သို့) အသုံးပြုနေသည့်ပုံစံများကိုလည်း Boost လုပ်ခွင့် မပေးထားပါ။

(၆) စိတ်မချရသော ဖြည့်စွက်ပစ္စည်းများ

ပိန်ဆေး၊ ဝဆေး၊ ကျား/မ အားဖြည့်ဆေး ကဲ့သို့သော စိတ်ချ ယုံကြည်မှု မရှိသော ထုတ်ကုန်များကိုလည်း ကြော်ငြာခွင့်မပေးထားပါ။

(၇) လက်နက်၊ ခဲယမ်းများ နှင့် ပေါက်ကွဲနိုင်သော ပစ္စည်းများ

လက်နက်များ၊ လက်နက်များအတွက် အပိုပစ္စည်းများ၊ ခဲယမ်းမီးကျောက်များ နှင့် ပေါက်ကွဲနိုင်သော ပစ္စည်းများကို ရောင်းချခြင်း၊ အသုံးပြုနေသည့်ပုံစံမျိုးဖြင့် ကြော်ငြာခြင်းကို ခွင့်မပြုထားပါ။

(၈) လိင်ပိုင်းဆိုင်ရာ လူကြီးသုံးထုတ်ကုန်များ

သန္ဓေတားပစ္စည်းများကဲ့သို့သော လူကြီးသုံးထုတ်ကုန်များကို ကြော်ငြာတဲ့အခါမှာ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် ရည်ရွယ်ပြီးသာ ကြော်ငြာရမှာဖြစ်ပြီး လိင်အသားပေးဘက်ကို ဦးစားပေးရေးသားခြင်းမျိုး မလုပ်ရပါဘူး။
၁၈နှစ်အောက်ကလေးကိုလည်း Target လုံးဝ မထားရပါဘူး။

(၉) လိင်အသားပေး အကြောင်းအရာများ

တစ်စုံတစ်ဦးနဲ့ ချိတ်ဆက်ပေးခြင်း စာသားမျိုး၊ လိင်စိတ်နှိုးဆော်သော အရေးအသားများ၊ ရုပ်ပုံများ ကို အသုံးပြု၍ ကြော်ငြာခြင်းမျိုး မလုပ်ရပါ။

(၁၀) Third-Party ချိုးဖောက်ခြင်း

မူပိုင်ခွင့်တင်ထားသော ကုန်အမှတ်တံဆိပ်များ၊ တရားဝင်လုပ်ငန်းများ၊ ထုတ်ကုန်များကို ကူးယူခြင်း၊ ထိပါးခြင်း၊ ချိုးဖောက်ခြင်းပြုလုပ်လျှင်လည်း ကြော်ငြာလို့ ရမည်မဟုတ်ပါ။

ဒါဆို Facebook က လက်မခံတဲ့ ကြော်ငြာပုံစံ (၁၀)ချက်ကို သိရှိနားလည်လောက်ပြီလို့ ထင်ပါတယ်။ နောက်ထပ် အချက်လေးတွေလည်း ဝေမျှဖို့ ရှိသေးတာမို့ MWD Website ထဲ ဝင်ဖတ်ဖို့ မမေ့ပါနဲ့နော်….