Myanmar Web Designer Logo Let's code your dream!

This post is also available in: English

Full Stack Laravel Developer (400,000 – 600,000)

Full Stack ဆိုတဲ့အတွက် Frontend ကော Backend ပါ ပိုင်နိုင်ရပါမယ်။

• front_end (HTML, CSS, JS, BootStrap, jQuery, Vue.js [, Nuxt.js ]) : min 2 years exp
• back_end (PHP, MySql, Laravel [, CodeIgniter ]) : min 1 year exp
• api (request, response, promise, security) : min 6 months exp

အတိုချုပ်ပြောရရင် Laravel, Vue, BootStrap, API, Git ဒါတွေပိုင်ရမယ်။

❥ ဘာလာလာ အစကပြန်ရေးမယ်ဆိုတာထက် နားလည်အောင်ဖတ်ပြီး ပိုကောင်းအောင်ပြင်နိုင်တဲ့သူ
❥ မြန်မာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုဖြစ်ဖြစ် comment ရေးကျင့်ရှိသူ
❥ Resourceful ဖြစ်တဲ့သူ

အတိုချုပ်ပြောရရင် လိုအပ်တာ၊ မလိုအပ်တာ ကွဲကွဲပြားပြားသိပြီး လိမ္မာပါးနပ်စွာ ဖြေရှင်းနိုင်သူ ဖြစ်ရပါမယ်။

⦿ ဘွဲ့ရ (သို့) ကျောင်းကိစ္စ လုံးဝကင်းရှင်းသူ
⦿ MWD မှာ (၁) နှစ် အနည်းဆုံး လုပ်ကိုင်နိုင်သူ
⦿ Freelance / Side Jobs လုံးဝမလုပ်တဲ့သူ ဖြစ်ရပါမယ်။

အလုပ်လျှောက်မယ်ဆို [email protected] ကို Skills, Experiences, Job Histories အပြည့်အစုံပါတဲ့ CV ကိုပို့လိုက်ပါ။
ဆန်ကာတင် ရွေးချယ်တဲ့လူကိုပဲ အင်တာဗျုး ခေါ်မှာမို့လို့ CV ဖောင်ကို သေချာပြင်ပြီးပို့ပေးဖို့တော့လိုပါမယ်။

ရုံးချိန်
————-
– ရုံးတက်ရက် = (၉:၀၀ – ၁၈:၀၀ ၊ တနင်္လာ – သောကြာ)
– ပိတ်ရက် = စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ

MWD ဆိုတာ စနစ်ကျ၊ တက်ကြွပြီး၊ ဖော်ရွေတဲ့ လူငယ်များနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ အဲဒီလိုပတ်ဝန်းကျင်ကို နှစ်သက်တဲ့သူများအတွက်
အဆင်ပြေပါတယ်။ ဗဟုသုတနဲ့ skill တွေတိုးတက်ဖို့ အခွင့်အလမ်းတွေရှိတဲ့အပြင် အောက်ပါခံစားခွင့်တွေလည်း ရှိပါသေးတယ်။

အခြားခံစားခွင့်များ
——————–
– ရက်မှန်ကြေး
– နောက်ကျခွင့်
– ရှောင်တခင်ခွင့်
– လုပ်သက်ခွင့်

အထွေထွေ ဆက်သွယ်မေးမြန်းရန်အတွက် အောက်ပါအချက်အလက်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဖုန်းနံပါတ် —- 09 431 44962
လိပ်စာ ——- အမှတ် (၃၆၇)၊ (၄) လွှာ၊ အောက်ကြည့်မြင်တိုင် လမ်းမပေါ်၊ ဆင်မင်းစျေးမှတ်တိုင်အနီး ၊ အလုံမြို့နယ်၊
ရန်ကုန်မြို့။

ဒီလိုအခွင့်အရေးကောင်းတစ်ခုကို Share, Mention လုပ်ပြီးတော့ သူငယ်ချင်းတွေကိုလည်း လက်တို့လိုက်ပါဦး။